Friday, March 1

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ (အဖြောင့်သွားပုံ) ဟေတွဋ္ဌအနက် (၂)

အခု မဂ္ဂသစ္စာ၏"ဟေတွဋ္ဌ"..နိဗ္ဗာန်သို့ မကွေ့မကောက်ဖြောင့်ဖြောင့်သွားပုံကို ပြောတော့မယ်၊ ပြောတော့
ဝေဒနာ ၃-ပါးကိုပဲ ပြန်တည်ရမည်၊ ဝေဒနာဟာ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ၃-မျိုးရှိ
တယ်၊ ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဒီဝေဒနာ ၃-ပါးတွင်တစ်ပါးပါးဟာ အမြဲတမ်းဖြစ်ပေါ်နေတာပဲ (၁)နေကောင်း
တဲ့အခါ"သုခဝေဒနာ"ပေါ်တယ်၊ အစားကောင်း၊ အနေကောင်း၊ ဥတုကောင်း၊ အဝတ်ကောင်းနဲ့တွေ ကြုံရတဲ့
အခါ..သုခဝေဒနာပေါ်တယ်၊ ဒီတော့ သုခဝဒနာဟာ ပြုပြင်တဲ့အကြောင်းတရားကြောင့် ပေါ်တာ၊ အလိုလို
ပေါ်တာ မဟုတ်ဘူး၊ (၂) နေမာကောင်းတဲ့အခါ"ဒုက္ခဝဒနာ"ပေါ်တယ်၊ မတည့်တဲ့ အစာ၊ မတည့်တဲ့ ဥတု၊ မ
တည့်တဲ့ ရေတွေကြောင့် ဒုက္ခဝေဒနာပေါ်တယ်၊ ဒီတော့ ဒုက္ခဝေဒနာလဲ ပြုပြင်တဲ့အကြောင်းတရားကြောင့်
ပေါ်တာ၊ အလိုလိုပေါ်တာမဟုတ်ဘူး၊ (၃) နေကောင်းသည်လည်း မဟုတ်၊ မကောင်းသည်လည်းမဟုတ်၊
အသင့်အတင့်ရှိတဲ့အခါမှာ"ဥပေက္ခာဝေဒနာ"ပေါ်တယ်၊ ဥပေက္ခာဝေဒနာဟာ"မျက်စိ၊ နား၊ နှာ၊ လျှာ၊ ဟဒယ
ဝတ္ထု"ဆိုတဲ့ ၅-နေရာမှာပေါ်တယ်၊ ဥပေက္ခဝဒနာလဲ ဟိုကအာရုံနဲ့ပြုပြင်မှပေါ်တာ၊ မပြုပြင်ရင် မပေါ်ဘူး၊
(မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နံကာမတ္တ၊ စားကာမတ္တဖြစ်တဲ့အခါ..ဥပေက္ခာဝေဒနာပေါ်တယ်၊ သားသမီး၊
ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး..ကမ္မဿကာလို့ ထားတဲ့အခါ၊ စိတ်ထဲ..ဝမ်းထဲမှာ ဥပေက္ခာဝေဒနာပေါ်တယ်၊)
"သဗ္ဗေသင်္ခါရာအနိစ္စာ"ဒါဖြင့်ခင်ဗျားတို့ခန္ဓာကိုယ်မှာပေါ်တဲ့ဝေဒနာ ၃-ပါးဟာ အကြောင်းတရား တွေကပြု
ပြင်လို့ အာရုံနဲ့ ဒွါရတိုက်ဆိုင်လို့..ပေါ်လာရတာ ဖြစ်သောကြောင့်၊ ဒီဝေဒနာတွေဟာ သင်္ခါရတရားတွေပဲ၊
ဒီသင်္ခါရတရားတွေဟာ အကြောင်းတိုက်ဆိုင်လို့ပေါ်လာရတာဖြစ်သောကြောင့်၊ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်
ဘူး၊ ခင်ဗျားတို့ပြုပြင်ထားတာ မဟုတ်ဘူး၊ ခင်ဗျားတို့ ပိုင်တာမဟုတ်ဘူး၊ ဒီသင်္ခါရတရားဟာ အကြောင်း
တိုက်ဆိုင်တဲ့အခါမှာပေါ်မယ်၊ အကြောင်း မတိုက်ဆိုင်တဲ့အခါ ကြောင်းတရားတွေတွေ ချုပ်ပျောက်တဲ့အခါ
မှာ..ပျက်မှာပဲ၊ နိဗ္ဗာန်ရောက်မှာပဲ၊ ဒီတော့ သင်္ခါရတရားဟာ အနိစ္စမှာလမ်းဆုံးတယ်၊ ဒါကြောင့် ဘုရားက
"သဗ္ဗေသင်္ခါရာအနိစ္စာ"(သင်္ခါရတရားဟူသမျှဟာအနိစ္စချည်းပဲ) လို့..ဟောတာ။
ခင်ဗျားတို့ ရှုပက္ခန္ဓာ..ခန္ဓာကိုယ်ဟာ ဇရပ်ကြီးနဲ့တူတယ်၊ "ခန္ဓာကိုယ် ဇရပ်ကြီး"ထဲမှာ ဝေဒနာ ၃-ခု တစ်ခုခု
ဟာ သူ့အကြောင်းတိုက်ဆိုင်ရင် လာမှာပဲ၊ လာတော့ ဒီဝေဒနာဟာ ဧည့်သည်ပေါ့၊ ဇရပ်ဆောက်ထားလို့ လူ
နာရောက်လာတယ်၊ လူနာလဲ ရောက်တယ်၊ လူချမ်းသာလဲ ရောက်တယ်၊ အလတ်စားလဲ ရာက်တယ်၊ (ဝေဒ
နာ ၃-ပါး) ခင်ဗျားတို့ရဲ့ ရူပက္ခန္ဓာကိုယ်ဟာ ဇရပ်ကြီးဖြစ်လို့ လူနာတွေ လာကြတော့..ခင်ဗျားတို့က ဪ...
သူ့ဟာသူလာပြီး၊ သူ့ ဟာသူသွားကြတာပဲ၊ ကိုယ်ကလဲ စတုဒီသာ ဇရပ်ကြီးပဲ၊ လူချမ်းသာလဲ သူ့ ဟာသူလာ
ပြီး..သူ့ ဟာသူသွားမှာပဲ၊ လူလတ်လူတန်းစားလဲ သူ့ ဟာသူလာပြီး..သူ့ ဟာသူ သွားမှာပဲ၊ ခင်ဗျားတို့ ဇရပ်
ပိုင်ရှင်နဲ့ ဘာမှမဆိုင်ဘူး၊ ဪ..သူ့အကြောင်းနဲ့သူ တိုက်ဆိုင်လို့ သူလာခဲ့တယ်၊ သူ့ကိစ္စပြီးတော့ သူသွား
မှာပဲ၊ "ဝိပဿနာဆိုတာ" ဒီလို ထိုင်ကြည့်တာကို ဝိပဿနာလို့ခေါ်တယ်၊ ဒီက မဂ္ဂင် ၅-ပါးနဲ့ ထိုင်ကြည့်တာ
ကို ဝိပဿနာလို့ခေါ်တယ်၊ အဖန်ဖန်ရှုတာ ဝိပဿနာဆိုတော့..သူပြန်သွားတာ မရှိတာလဲမြင်တာပဲ၊ ဒီတော့
ဝိပဿနာဆိုတာ မရှိတာကိုသိတာ၊ မရှိတာက ဝေဒနာ ၃-ပါး၊ သိတာက မဂ္ဂင် ၅-ပါး၊ ဒီ မဂ္ဂင် ၅-ပါးဟာ ဟေ
တွဋ္ဌ၊ နိဗ္ဗာန်သို့ အဖြောင့်သွားတဲ့တရားပဲ၊ "နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ"(နိဗ္ဗာန်သို့သွားတတ်သောကြောင့် မဂ်မည်
၏) လို့..ဆိုတော့၊ မဂ္ဂင် ၅-ပါးဟာ မဂ်ပဲ၊ နိဗ္ဗာန်သို့ အဖြောင့်သွားတတ်တဲ့မဂ်ကို ၃၁-ဘုံအတွင်းကွေ့ ကောက်
လှည့်လည်သွားတဲ့ တဏှာက ကန့်ကွက်ချုပ်ချယ်လို့မရဘူး၊ ဝေဒနာဖြစ်ပြီး ပျက်သွားတာကို မြင်လိုက်ပြီဆို
ရင်..ဝေဒနာနောက်ကလိုက်မယ့် တဏှာဟာချုပ်သွားတာပဲ၊ ကောက်ကျစ်တဲ့တဏှာ သေသွားပြီပေါ့၊ ဘာပြု
လို့ တဏှာသေရသတုံးဆိုတော့..တဏှာဖြစ်မယ့် နေရာမှာ မဂ်ပေါ်လို့၊ မဂ်ပေါ်လာတော့..တဏှာလာခွင့် မရ
တော့ဘူး၊ မလာတော့ဘူး၊ ချုပ်ပျောက် သွားတယ်၊ ဒီတော့ ဒီမဂ်ဟာ တဏှာကိုသတ်ပစ်ပြီးတော့၊ နိဗ္ဗာန်သို့
ဖြောင့်ဖြောင့်သွားတတ်တဲ့ သူ့သဘောအတိုင်း အဖြောင့်သွားရုံပဲရှိတော့တယ်၊ ဒီ မဂ်ဟာ တဏှာကိုလဲ
သတ်တယ်၊ နိဗ္ဗာန်ကိုလဲ အဖြောင့်သွားတယ်၊ ဒါကြောင့် မဂ္ဂင်..ဝိပဿနာလုပ်ရင် နိဗ္ဗာန်ကို အဖြောင့်သွား
ပြီလို့ မှတ်။
"ယဒါ ပညာယပဿတိ"ယဒါ..အနိစ္စရောက် ချုပ်ပျောက်သောအခါ၊ ပညာယ..မဂ်ဉာဏ်ဖြင့် (ဝါ) မဂ္ဂင် ၅-ပါး
ဖြင့်၊ ပဿတိ..ရှု၏၊ ရှုပေး၊ ဒီတော့ ဝေဒနာ အနိစ္စရောက်လို့ချုပ်ပျောက်တဲ့အခါမှာ..မဂ္ဂင် ၅-ပါးနဲ့ ရှုပေးရမယ်၊
ဝေဒနာရှုခိုင်းတာ မဟုတ်ဘူး၊ ဝေဒနာဖြစ်ပြီး ပျက်သွားတာကို အရှုခိုင်းတာ၊ ဘုရားက အနိစ္စရှုဆိုပြီ၊ ဘယ်သူ့
အနိစ္စလဲ မေးစရာရှိလို့ ဝေဒနာရဲ့ အနိစ္စရှုဆိုပြီး၊ ဝေဒနာနာမည် တပ်ပေးရတာ၊ တကယ်ရှုရမှာက ဝေဒနာမ
ဟုတ်ဘူး၊ အနိစ္စရှုရမှာ၊ ဒါကြောင့်"သဗ္ဗေသင်္ခါရအနိစ္စာ၊ ယဒါပညာယ ပဿတိ"ဆိုတဲ့ ပါဠိတော် ၂-ရပ်ကို
စပ်ယူလိုက်ရင်၊ အနိစ္စရောက်သွား ချုပ်ပျောက်သွားတဲ့ ဝေဒနာဆိုတဲ့ သင်္ခါရတရားကို အရှုခိုင်းတာ ရှုရမှာ
ဆိုတာ ရှင်းနေပါတယ်။ ခင်ဗျားတို့ခန္ဓာကိုယ်မှာ ဝေဒနာ ၃-ပါးဟာ လှည့်ပေါ်နေမှာပဲ၊ ပေါ်ပြီး ချုပ်ပျောက်
သွားမှာပဲ၊ ဒီတော့ဘယ် ဝေဒနာပေါ်ပြီးချုပ်သွားသွား..နောက်က မဂ္ဂင် ၅-ပါးနဲ့လိုက်ပြီး ရှုပေးရမယ်၊ ဝိပဿ
နာဉာဏ်နဲ့ ရှုပေးရမယ်၊ ဝေဒနာကတော့ သူ့နိယာမသဘောအတိုင်းခဏခဏပေါ်ပြီး ခဏခဏချုပ်ပျောက်
နေမှာပဲ၊ ဒီလိုဝေဒနာ ချုပ်သွားတိုင်း ချုပ်သွားတိုင်း..နောက်က ဝိပဿနာဉာဏ်နဲ့ လိုက်ပြီး ရှု..ရှုပေးသွားရ
မယ်၊ ဟိုက အအနိစ္စရောက်တဲ့အချိန်မှာကြည့်၊ ဝေဒနာကိုမကြည်နဲ့၊ အနိစ္စရောက်တဲ့အချိန်မှာ မဂ္ဂင်..ဝိပဿ
နာပညာနဲ့ရှုရမှာ၊ အနိစ္စရောက်တိုင်း ရောက်တိုင်း..နောက်က ချက်ချင်းပညာနဲ့ လိုက်ရှုပေးရမယ်၊ အဲဒီတော့
ခင်ဗျားတို့ နိဗ္ဗာန်မရောက်တာဟာ..ဝေဒနာက အနိစ္စမရောက်လို့လား ပညာမရောက်လို့လားဆိုတော့ ပညာ
မရောက်လို့ပဲ၊ ဝေဒနာကတော့ ခဏခဏပေါ်ပြီး ခဏခဏ အနိစ္စရောက်တာပြနေတာပဲ၊ အဲဒီ အနိစ္စဖြစ်တိုင်း
ဖြစ်တိုင်း..ခင်ဗျားတို့က ပညာနဲ့ ရှု..ရှုမပေးလို့ နိဗ္ဗာန်မရောက်တာ၊ ၃၁-ဘုံးထဲ ကွေ့ကောက်သွားနေတာဘာ
ကြောင့်၊ ပညာမလာဘဲ တဏှာကဝင်လာလို့။ ဝိပဿနာအလုပ်မှာ ဒီ "ယဒါပညာယပဿတိ"နဲ့ စတာပဲ၊ ဒါ
ပထမဉာဏ် (ယထာဘူတဉာဏ်) ကိုဟောတာပဲ၊ ဝိပဿနာလုပ်ရင်..ဒီဉာဏ်နဲ့စလုပ်၊ ဒီပြင်ဟာတွေနဲ့ စမနေ
နဲ့၊ ရုပ်နာမ်မသိရင် ဆရာ့သွားမေး၊ ဒါမေးလို့သိရင် ပြီးတာပဲ၊ ကိုယ်ရှုဖို့မဟုတ်ဘူး၊ ကိုယ်ရှုဖို့အလုပ်ကတော့
ဒီ ပထမဉာဏ်က စရမယ်၊ ဒီတော့ "ယဒါပညာယ ပဿတိ"ဟာ ကိုယ့်တာဝန်ပဲ၊ အနိစ္စရောက်တိုင်းရောက်
တိုင်း..နောက်က"ယဒါပညာယပဿတိ"လိုက်ပေး၊ လိုက်ရင် ဖြစ်ပျက်မြင်ပြီ၊ ဖြစ်ပျက်မြင်ရင်"ဟေတွဋ္ဌော"
နိဗ္ဗာန်သွားတဲ့လမ်း ဖြောင့်သွားပြီ၊ ဒါ အလုပ်လုပ်မှ ဖြောင့်မှာ၊ သူက အလိုလိုပေါ်မလာဘူး၊ ဖြစ်ပျက်မရှုလို့
မမြင်လို့ရှိရင်..မဂ်မလာဘဲ၊ တဏှာလာလိမ့်မယ်၊ တဏှာလာရင် လမ်းကောက်သွားပြီ၊ ဒီတော့ ဝေဒနာဖြစ်
ပျက် မရှုတဲ့ ပုဂ္ဂိုလ်မှာ တဏှာလာမယ်၊ ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ပညာလာမယ်၊ တဏှာမလာတော့ဘူး၊ ဒီလိုဆို
ဖြောင့်ပြီမှတ်။"အထ နိဗ္ဗိန္ဒတိ ဒုက္ခေ" အထ..ထိုသို့ ဖြစ်ပျက်မြင်ပြီးသောအခါ၊ ဒုက္ခေ..ဖြစ်ပျက်ဒုက္ခသစ္စာ၌၊
နိဗ္ဗိန္ဒတိ..ငြီးငွေ့လာ၏၊ အနိစ္စ၊ ဒုက္ခဖြစ်တဲ့တရား၌ ငြီးငွေ့အောင်ဆက်လုပ်တဲ့၊ ဖြစ်ပျက်မြင်ပြီးနောက်၊ ဆက်ရှု
လို့..အနိစ္စဖြစ်တဲ့ ဒုက္ခဖြစ်တဲ့ တရား၌ ငြီးငွေ့လာရင်..ဒုတိယဉာဏ် (နိဗ္ဗိဒ္နဉာဏ်) ရလာပြီ၊ ဒီတော့ ဝေဒနာ ဖြစ်
ပျက်ရှုလို့ မြင်လာရင်၊ နောက်..ဒီဖြစ်ပျက်၌ငြီးငွေ့တဲ့ဉာဏ် (နိဗ္ဗိဒ္နဉာဏ်) ရအောင် ဆက်လုပ်ရမယ်။
"ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ"ဧသမဂ္ဂေါ..မဂ္ဂင် ၅-ပါးမှ ၈-ပါးပြည့်လာသော မဂ်သည်၊ ဝိသုဒ္ဓိယာ..စင်ကြယ်ခြင်းငှါ
(ဝါ) ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဆိုတဲ့ ဝဋ် ၃-ပါးစင်ကြယ်သွားငှာ ဖြစ်၏၊ ဒုတိယဉာဏ်ရပြီးနောက်၊ တ
တိယဉာဏ်ကို ဆက်တက်ရမယ်၊ ဒုတိယဉာဏ်တုန်းက ဖြစ်ပျက်ဒုက္ခသစ္စာကို ငြီးငွေ့လာသည်၊ အဲဒီဉာဏ်
ထဲထင်နေတဲ့ ဖြစ်ပျက်ကိုမကြည့်ချင်ပဲနဲ့ ငြီးငွေ့ လျက်နဲ့ဘဲ..ဆက်ပြီးတော့ ပေရှုရမယ်။
ပေရှုဖန်းပြီး ကြာတော့..ဒီဖြစ်ပျက်ကြီးဟာ ဒုက္ခသစ္စာအစစ်ပါလား၊ ဒီဒုက္ခသစ္စာကြီးတော့ မလိုချင်တော့ပါဘူး
လို့ ဒုက္ခသစ္စာကြီးကို ပိုင်းခြားသိမြင်ပြီ ယတိပြတ် စွန့်မစ်လိုက်တဲ့ အခါမှာ (ဝေဒနာ) ဖြစ်ပျက်ဟာ ပျောက်
ထွက်သွားတယ်၊ (ချုပ်ဆုံးသွားတယ်) ဖြစ်ပျက်ဒုက္ခသစ္စာကြီးကို နှစ်သက်လိုချင်တဲ့ တဏှာလဲတစ်ခါတည်း
အမြစ်ပါ ချုပ်ပျောက်သွားတယ်၊ ယခင်ရှုခဲ့တဲ့ မဂ္ဂင် ၅-ပါးဟာလဲ ၈-ပါးပြည့်သွားပြီးတော့ လောကုတ္တရာမဂ်
အစစ် ဖြစ်လာတယ်၊ အဲ (ဝေဒနာ) ဖြစ်ပျက်ဆုံးသွားတော့ ဖြစ်ပျက်ဒုက္ခသစ္စာလဲ မရှိတော့ဘူး၊ အပါယ်ကို
ကျစေတတ်တဲ့ တဏှာဒိဋ္ဌိ..ဝိစိကိစ္ဆာဆိုတဲ့ ကိလေသာ အညစ်အကြေးတွေလဲမရှိတော့ဘူး၊ ဝဋ် ၃-ပါးစလုံး
စင်ကြယ်သွားပြီး ဝိသုဒ္ဓိဖြစ်သွားပြီ။ ဒီတော့ တတိယဉာဏ်ဖြစ်တဲ့ မဂ်ဉာဏ် (လောကုတ္တရာမဂ်ဉာဏ်) ပေါ်
လာတဲ့အခါမှာ..ဝိသုဒ္ဓိစင်ကြယ်သွားပြီ၊ ဘာတွေစင်ကြယ်သွားသလဲ၊ အပါယ်ကျစေတတ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ
တဏှာစတဲ့ အကုသိုလ်ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားတယ်၊ အပါယ်ကျစေတတ်တဲ့နောက်
နောက်က အကုသိုလ်ကံတွေလဲ ချုပ်ပျောက်သွားလို့ (အဟောသိကံ ဖြစ်သွားလို့) စင်ကြယ်သွားတယ်၊ အ
ပါယ် ၄-ပါး၌ ဖြစ်ရမယ့်အကျိုးဝိပါက်တွေလဲ ချုပ်ငြိမ်းလို့စင်ကြယ်သွားတယ်၊ အပါယ်ရောက်စေတတ်တဲ့
ကိလေသာကံတွေ (အကြောင်းတွေ) ချုပ်သွားတော့အပါယ်နဲ့စပ်တဲ့ အကျိုးဝိပါက် (ခန္ဓာ) တွေလဲ အကုန်
ချုပ်သွားတယ်၊ ဒီတော့ မဂ်အစစ်ဖြစ်လာရင် အပါယ်နဲ့စပ်ပြီး ကိလေသာဝိသုဒ္ဓိ ကမ္မဝိသုဒ္ဓိဖြစ်သွားပြီလို့မှတ်၊
အထက်ကပြခဲ့တဲ့ ပါဠိဂါထာကလေးမှာ ၄-ပိုင်းပါတယ်၊ ဒီ ၄-ပိုင်းတွင် (၁) "သဗ္ဗေသင်္ခါရာ အနိစ္စာ"ဆိုတဲ့
ပထမပိုင်းက သင်္ခါရဟူသမျှ အနိစ္စဖြစ်ကြောင်း ပြတယ်၊ (၂) "ယဒါပညာယ ပဿတိ"ဆိုတဲ့ ဒုတိယအပိုင်း
က ဖြစ်ပျက်..အနိစ္စကိုရှုလို့ မြင်လာတဲ့"ယထာဘူတဉာဏ်"ဆိုတဲ့ ပထမဝိပဿနာဉာဏ်ကိုပြတယ်၊ (၃)
"အထနိဗ္ဗိန္ဒတိ ဒုက္ခေ"ဆိုတဲ့ တတိယပိုင်းက ဖြစ်ပျက်..ဒုက္ခသစ္စာကို ငြီးငွေ့လာတဲ့"နိဗ္ဗိဒါဉာဏ်"ဆိုတဲ့ ဒုတိယ
ဝိပဿနာဉာဏ်ကို ပြတယ်၊ (၄) "ဧသမဂ္ဂေါဝိသုဒ္ဓိယာ"ဆိုတဲ့ စတုတ္တအပိုင်းက ဖြစ်ပျက်..ဒုက္ခသစ္စာ ချုပ်ဆုံး
လို့၊ အပါယ်ဆိုင်ရာ ကိလေသာကံ..အကျိုးဝိပါက်တွေ ချုပ်ဆုံးလို့၊ စင်ကြယ်သွားတဲ့ တတိယဉာဏ်လို့ခေါ်တဲ့
"လောကုတ္တရာမဂ်ဉာဏ်"အစစ်ကိုပြတယ်၊ ဒီတော့ ပါဠိဂါထာကလေးဟာ သင်္ခါရ တရားတွေရဲ့ပင်ကိုယ်သ
ဘောကိုလည်းကောင်း၊ ဝိပဿနာ အားထုတ်ရာမှာအစဉ်အတိုင်း တက်သွားရမယ့် ဉာဏ် ၃-ဆင့်ကိုလည်း
ကောင်း ပြထားတဲ့အတွက် တိုတိုကလေးနဲ့ အလွန်ချက်ကျတဲ့ ဂါထာကလေးဖြစ်တယ်၊ ဒီတော့ ဒီဂါထာစာပါ
သဘောအတိုင်း အလုပ်လုပ်ရင်"ဟေတွဋ္ဌော"ဖြစ်ပြီး..နိဗ္ဗာန် အဖြောင့်သွားပြီလို့မှတ်။               ။

                                                   ဤကောင်းမှုကုသိုလ်ကံ
                                 စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                 ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                                အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                          တည်ရှိပါစေသတည်း။             ။

                                                                                                           အရှင်ဉာဏဓဇ
                                                                                          မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                       ပင်မသံဝေဇနိယဌာန
                                                                                                             အမရပူရမြို့။             ။

No comments:

Post a Comment