Sunday, March 10

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ ဒဿနဋ္ဌအနက်(၃)

မဂ္ဂသစ္စာဟာ"ဒဿနဋ္ဌော"သဘောရှိတယ်၊ "ဒဿနဋ္ဌော"ဆိုတာ နိဗ္ဗာန်မြင်တဲ့ တရားလို့မှတ်ပါ၊ နိဗ္ဗာန်ကို
ဘယ်အချိန်မြင်မှာလဲ၊ ဒုက္ခဆုံးတဲ့အခါ မြင်လိမ့်မယ်၊ ဒုက္ခဘယ်အချိန်ဆုံးမှာတုံး၊ အဝိဇ္ဇာနဲ့ တဏှာဆုံးတဲ့
အချိန်မှာ ဆုံးမှာပဲ၊ အဲဒီတော့ အဝိဇ္ဇာ တဏှာဆုံး (ချုပ်) တဲ့အခါ..ဒုက္ခဆုံးမယ်၊ ဒုက္ခဆုံးရင် နိဗ္ဗာန်မြင်မယ်၊
ဒီ ၃-ချက်ကို မှတ်ထားပါ၊ ဒီတော့ "ဒဿနဋ္ဌော"မဟောခင် ဒုက္ခဆုံးဖို့ ပြအုံးမယ်၊ ခင်ဗျားတို့ ခန္ဓာမှာ ဒုက္ခတွေ
ရှိတယ်၊ အိုစရာ ဒုက္ခ၊ နာစရာ ဒုက္ခ၊ သေစရာ ဒုက္ခတွေ ရှိတယ်၊ မွဲစရာ..ကွဲစရာ ဒုက္ခတွေလဲရှိတယ်၊ မွဲ..ကွဲဆို
တာ သေတဲ့အခါ ကိုယ့်နောက်မလိုက်လာလို့ မွဲ..ကွဲ ဖြစ်ရတယ်၊ ဒီဒုက္ခတွေနဲ့ စိတ်မချ လက်မချ သောက
တွေ ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတွေလဲရှိတယ်၊ ဒါတွေဟာ ခင်ဗျားတို့ ခန္ဓာမှာ အို..နာ..သေ..အမွဲ
အကွဲတွေလဲရှိတယ်၊ "သောက"ဆိုတဲ့ စိုးရိမ်မှု၊ "ပရိဒေဝ"ဆိုတဲ့ ငိုကြွေးမှုလဲရှိတာပဲ၊ အကြောင်းရှိရင်မျက်
ရည်ထွက်လာတာပဲ၊ "ဒုက္ခ"ဆိုတဲ့ ကိုယ်၏ဆင်းရဲ့ခြင်း၊ "ဒေါမနဿ"ဆိုတဲ့ စိတ်၏ဆင်းရဲ့ခြင်း၊ "ဥပါယာသ"
ဆိုတဲ့ ပြင်းစွာပူပန်မှု၊ "ဒေါသ"ဆိုတဲ့ အလိုမကျမှုတွေရှိတယ်၊ အဲဒါတွေအားလုံးဟာ ဒုက္ခတွေပါလား၊ ဒုက္ခ
သစ္စာပါလားလို့ မှတ်ထား၊ ဒါကြောင့် သတိပဋ္ဌာန်ပါဠိတော် ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ"ဧဝမေတဿ ကေ
ဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ"လို့ ဟောထားတာ၊ (ဧဝံ..ဤသို့လျှင်၊ ကေဝလဿ..ချမ်းသာ မ
ဖက်သော၊ ဒုက္ခက္ခန္ဓဿ..ဒုက္ခအစုကြီး၏၊ သမုဒယော..ဖြစ်ကြောင်းသည်၊ ဟောတိ..ဖြစ်၏၊) ဒီတော့ ခန္ဓာ
ကိုယ်ကြီးဟာ အဲဒါတွေစုနေလို့ခွဲမရတဲ့ ဒုက္ခအစုကြီးလို့မှတ်ထားပါ၊ အဲဒီ ဒုက္ခအစုကြီးဟာ ဘယ်ကဖြစ်လာ
တယ် ဆိုတာလဲသိရမယ်၊ ဒုက္ခဟာ မိမိပြုတာလား၊ မဟုတ်ဘူး၊ သူတစ်ပါး ပြုတာလား မဟုတ်ဘူး၊
အကြောင်းမရှိဘဲ အလိုလိုဖြစ်လာတာလား၊ မဟုတ်ဘူး၊ ဒီတော့ ဒုက္ခဟာ ဘယ်က ဖြစ်လာတာလဲ၊ ပဋိစ္စသမု
ပ္ပါဒ် ပါဠိတော်ကို ရွတ်ကြည့်၊ အဖြေတွေ့မယ်၊ "အဝိဇ္ဇာပစ္စယာသင်္ခါရာ"စသည်ရွတ်လိုက်တော့ အဆုံးမှာ
"ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ"(ဒုက္ခအစုကြီး၏ဖြစ်ကြောင်းတည်း) လို့တွေ့မယ်၊ ဒီပါဠိတော်အရ အဲဒီ
ဒုက္ခအစုကြီးဟာ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ အဝိဇ္ဇာ..သင်္ခါရ တွေက စတင်ဖြစ်လာတယ်၊ ပုဂ္ဂိုလ်သတ္တဝါက
 လုပ်တာမဟုတ်ဘူး၊ ဓမ္မမလုပ်တာ၊ အဝိဇ္ဇာသင်္ခါရဆိုတဲ့ ဓမ္မကလုပ်တာလို့ သေသေချာချာ မှတ်ထားပါ၊ ဒီ
တော့ ဒီဒုက္ခတွေကို စလုပ်တဲ့ ဓမ္မဟာ အဝိဇ္ဇာ (သစ္စာမသိမှု) ပဲ၊ ဒုက္ခဟူသရွေ့ဟာ အဝိဇ္ဇာအရင်းခံပဲ၊ ခင်ဗျား
တို့ရဲ့ သစ္စာမသိမှု..အဝိဇ္ဇာကြောင့် ..အို..နာ..သေ..မွဲ..ကွဲ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဆိုတဲ့ ဒုက္ခတွေ
တွေရတာ၊ အဲဒီတော့ ဒုက္ခတော့ ဒုက္ခဟာ အဝိဇ္ဇာဆိုတဲ့ဓမ္မက စတင်ပေါ်လာတာ ဖြစ်သောကြောင့်၊ မိမိပြု
တာလဲ မဟုတ်ဘူးလို့ မှတ်ရမယ်။
ခင်ဗျားတို့မှာ သစ္စာမသိမှု၊ ဒုက္ခမသိမှု၊ အဝိဇ္ဇာ ဖုံးလွှမ်းထားလို့ ဒုက္ခလို့မသိတာနဲ့ ဒုက္ခကို တဏှာနဲ့ဆုတောင်း
လာခဲ့ကြတယ်၊ အဝိဇ္ဇာက အဖုံးသမား၊ တဏှာက အတောင်းသမား ဖြစ်တယ်၊ အဝိဇ္ဗာက လူ့ပြည်ဟာ
ကောင်းတယ်ဆိုပြီး အိုဘေး နာဘေး သေဘေးတွေဖုံးပြီး အပျိုအရွယ်ပိုင်းကိုထုတ်ပြလိုက်တယ်၊ တစ်ပိုင်းကို
ပြပြီး တစ်ပိုင်းကိုဖုံးထားတယ်၊ အဝိဇ္ဇာက တောင်ဝှေးထောက် မျက်မှန်တပ်ပြီး၊ သားမုန်း သမီးမုန်း အများ
မုန်းတဲ့ ကိစ္စတွေဖုံးပြီး၊ ငယ်ငယ်ရွယ်ရွယ် ပျိုပျိုရွယ်ရွယ်နဲ့ သွားလာပျော်ရွင်တဲ့ ကောင်းတဲ့အပိုင်းကိုပြထား
တော့၊ တဏှာကလဲ ဒီပျိုပျိုရွယ်ရွယ်ဖြစ်နေတဲ့ အချိန်လေးကိုကြိုက်တော့တာပဲ၊ ဒီတော့ ဒုက္ခကြီးကို အစဉ်
လျှောက်တွေးလိုက်တော့ ဒီ"အဝိဇ္ဇာတဏှာ"က ပေးတာပဲ၊ စတင်လုပ်ပေးတာပဲ၊ ဘယ်ပုဂ္ဂိုလ်သတ္တဝါကမှ
လုပ်ပေးတာမဟုတ်ဘူး၊ ခင်ဗျားတို့ဟာ မသိမှုအဝိဇ္ဇာ၊ နှစ်သက်မှုတဏှာတို့ရဲ့ လွှမ်းမိုးမှုကြောင့် ဒုက္ခရောက်
ကြောင်း..သင်္ခါ အလုပ်တွေလုပ်တော့၊ ဒုက္ခတွေရတာပေါ့၊ အရင်းကျကျပြောရရင် ဒုက္ခဆိုတာ မသိလို့ရတာ
သိလို့ရှိရင် မရဘူး၊ ဒါဖြင့် ဒုက္ခသိတာက"ဝိဇ္ဇာ"၊ ဒုက္ခမသိတာက"အဝိဇ္ဇာ"၊ ဒုက္ခဟာ မသိလို့ရတာ၊ သိရင်မရ
ဘူး ဆိုတော့၊ ဝိဇ္ဇာဖြစ်ရင်မရတော့ဘူး၊ အဝိဇ္ဇာရှိနေရင်တော့ ရမှာပဲ၊ ဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ခန္ဓ ၅-
ပါးထဲကို ဉာဏ်နဲ့ကြည်လိုက်လို့ ဖြစ်ပျက်ဒုက္ခသစ္စာသိသွားတဲ့ အခါကျတော့၊  ဝိဇ္ဇာ ဖြစ်လာတယ်၊ ဝိဇ္ဇာဖြစ်
တယ်၊ ဝိဇ္ဇာဖြစ်ရင်"ဒဿနဋ္ဌော"နိဗ္ဗာန်ကို မြင်တော့တာပဲ၊ ဒီတော့"ဒုက္ခမြင်ရင် နိဗ္ဗာန်မြင်တယ်၊ ဒုက္ခမမြင်
သေးရင် နိဗ္ဗာန်မမြင်ဘူး၊ ဝိဇ္ဇာဖြစ်ရင် သစ္စာ ၄-ပါး ၄-ချက်ကိုတပြိုင်နက်မြင်ရတယ်၊ ဒုက္ခလဲ သူမြင်တာပဲ၊ ဒါ
ဒုက္ခအစစ်ပဲလို့ ပိုင်းခြားသောအားဖြင့် မြင်တာပဲ၊ ဒါ သမုဒယပဲလို့ ပယ်ဖို့ရာလဲ မြင်တာပဲ၊ ဒါ နိရောဓ..ဒုက္ခ
ချုပ်ရာ နိဗ္ဗာန်ကိုလဲ မြင်တာပဲ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း လမ်းမှန်ကိုလဲသိလာတာပဲ၊ ဒီသစ္စာ ၄-
ချက်ကို တပြိုင်နက် မြင်နိုင်တဲ့ ဒီဝိဇ္ဇာ..ဉာဏ်ဟာ ခန္ဓာ ၅-ပါးရဲ့ ဖြစ်ပျက် ဒုက္ခသစ္စာကို အဖန်ဖန်အထပ်ထပ်
ပွားများမှဖြစ်တာ၊ နို့မို့ရင် မဖြစ်ဘူး၊ ဒါ ပွားများဖို့ဆိုတာကလဲ ဒုက္ခသစ္စာဆိုတာ ဘာဆိုတာအရင်သိထားမှ
ပွားများလို့ ရတာ၊ ဒါကြောင့် ဘုန်းကြီးက ဒုက္ခအကြောင်းကို မကြာခဏ ထည့်ထည့်ပြီး ဟောနေရတာ၊
"ပုထုဇဉ်အကန်း"သစ္စာမသိမှု အဝိဇ္ဇာကြောင့် ဒုက္ခဖြစ်တယ်ဆိုတော့..အဝိဇ္ဇာဟာ ဒုက္ခရဲ့လက်သည်ပဲ၊
ခင်ဗျားတို့ဟာ ဘဝများစွာ သံသရာက"ဒုက္ခသစ္စာ"ကို ဘယ်တော့မှမထင်ခဲ့တော့၊ ဘယ်တုန်းကမှ ဝိဇ္ဇာမဖြစ်
ခဲ့ဘူး၊ မဖြစ်တော့ ဒုက္ခကြီးက မထွက်ဘူး၊ ပြီးတော့လဲ ဒုက္ခဖြစ်ကြောင်းဟာ"သမုဒယသစ္စာ"ပဲလို့လဲ မသိခဲ့
ဘူး၊ မသိတော့ သမုဒယ..တဏှာကိုပဲလိုက်စားနေခဲ့တာပဲ၊ ပြီးတော့ ဒီဒုက္ခချုပ်မှ"နိရောဓ"ဆိုက်မယ်ဆိုတဲ့
 နိရောဓကိုလဲ ဘဝများစွာ သံသရာက မတွေးမိခဲ့ကြဘူး၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်"မဂ္ဂ
သစ္စာ"ကိုလဲ ရှာမတွေ့ခဲ့ကြဘူး၊ ဒီတော့ ခင်ဗျားတို့မျက်လုံးဟာ ဘယ်တုန်းကမှ အလင်းရောင် မရခဲ့ကြဘူး၊
ဒါကြောင့် ပုထုဇဉ်အကန်းလို့ ဆိုတာ၊ ဘယ်လောက်ကန်းခဲ့သလဲ၊ တစ်သံသရာလုံးကန်းခဲ့တယ်၊ "ဝိဇ္ဇာမျက်
လုံး"ဘယ်တုန်းကမှ မရခဲ့ဘူး၊ မရခဲ့တော့ သံသရာထဲမှာကျင်းမှန်းမသိ..ချိုင့်မှန်းမသိ..မီးပုံမှန်းမသိ..ကျင်ကြီး
ပုံမှန်းမသိ..ဦးတည်ရာ လျှောက်သွားနေတာပဲ၊ တစ်ခါတလေ ကျင်ကြီးပုံ..နွားချေးပုံထဲမှာ နွားချေးပိုးဖြစ်ချင်
လဲ ဖြစ်သွားလိုက်တာပဲ။
နောက်တုန်းကကန်းခဲ့တော့ လမ်းမှာတီကောင်းတစ်ကောင်ဟာ သူ့သတ်စားမယ့် ပုတ်သင်..ကြက်တွေဆီ
ကို ဦးတည့်ရာသွားနေတာပဲ၊ ရန်သူရှိတဲ့နေရာမှ အတင်းတိုးဝင်သွားတော့သေပွဲဝင်ရတယ်၊ ရန်သူရှိတဲ့နေ
ရာမှ အတင်းတိုးဝင်သွားတော့ သေပွဲဝင်ရတယ်၊ ဒီကနေ့ ပဋိသန္ဓေနေပြန်တော့ သေပွဲချည်းဝင်တာပဲ၊ တော်
လောက်ပြီထင်တယ်၊ အကန်းပါး မဝကြသေးဘူးလား၊ ရှေ့ဆက်ပြီး ကန်းချင်သေးသလား၊ ဆင်ကန်းတော
တိုး အလုပ်တွေလုပ်ကြဦးမှာလား၊ တစ်သံသရာလုံးကန်းခဲ့တာ ဒီ"ဝိဇ္ဇာအလင်း"မရခဲ့ကြဘူး၊ ဒီအလင်း မြန်
မြန်ရအောင် ဒုက္ခကိုမြင်အောင်ကြည်၊ အခုတွေ့ရတဲ့အလင်းကိုလက်မလွတ်စေနဲ့၊ ပြန်မိုက်သွားရင်ခက်တယ်
ခင်ဗျားတို့ကတော့ မအားတာနဲ့၊ မလပ်တာနဲ့၊ ကိစ္စမပြီးသေးတာနဲ့၊ ဘာတွေညာတွေ..တစ်ယူသန်နဲ့ ရှောက်
ပြောနေတာပဲ၊ ဒီလိုဆင်ခြေတွေလဲနေတာဖြင့် ဒါ ကန်းဖို့ပဲ၊ ကန်းချင်လို့ပဲ၊ ဒီ နေ့အားမထုတ်ဖြစ်ဘူးဆိုရင်၊
ကန်းရတာ အားမရသေးဘူး၊ ကန်းသက်ရှည်ချင်သေးတဲ့အဓိပ္ပာယ်ပဲ၊ ကန်းလက်စသတ်ကြပါတော့၊ ကဲ ဒါ
ဖြင့် ကန်းလက်စသတ်ချင်ရင်၊ ခင်ဗျားတို့ ခန္ဓာကိုယ် ဖြစ်ပျက်မြင်အောင် အားထုတ်ရမယ်၊ ခင်ဗျားတို့ဟာ
"အကန်းဘဝ"နဲ့ နေရတာဟာ မရေမတွက်နိုင်ဘူး၊ ဘယ်လောက်ကန်းသလဲဆိုရင်၊ ဒုက္ခရောက်တာမြင်တာ
ကိုပင် ဝမ်းသာနေကြတယ်၊ သားတွေ သမီးတွေ ဆွေတွေမျိုးတွေနဲ့ ဒုက္ခရောက်နေကြတာကိုပင် ဒုက္ခလို့ မ
မြင်ဘူး၊ မစဉ်စားမိဘူး၊ တစ်ချို့ဆို စီးပွားတွေတက်လို့ အစောင့်အကြပ်တွေနဲ့ သွားလာနေကြတာ..ကိုယ့်
ကိုယ်မှ စိတ်မချလို့၊ အံမယ် ခြောက်လုံးပြူးကြီးတွေ ခါးချိတ်ပြီးနေရတာကိုပင်ဝမ်းသာလို့ မဆုံးဘူး၊ ဒါ ဒုက္ခနဲ့
နေရတာကိုပင် ဝမ်းသာတာ၊ ကန်းတာကလဲ မပြောနဲ့တော့ဗျာ၊ ဒုက္ခတွေ့လျက်နဲ့ ဒုက္ခမှန်းမသိအောင် ကန်း
တယ်၊ ဒါတကယ်ကန်းလို့ ကန်းတယ်ပြောတာ၊ ကန်းလက်စသတ်ကြပါတော့၊ ပစ္စည်းချမ်းသာလဲ မရဏမီး
ပွားရဲ့ စားဖတ် ဝါးဖတ်ဖြစ်မှာပဲ၊ မရဏမီးကဘယ်သူ့ မှ ချမ်းသာမပေးဘူး၊ ကန်းတဲ့ပုဂ္ဂိုလ်ဆို သေမင်းက အ
ကုန်စားမှာ ဝါးမှပဲ၊ အဲဒီတော့ ခင်ဗျားတို့ဟာ အသေခံရဲ့တဲ့ ပလူတွေလို ဖြစ်နေတယ်၊ ပလူများဟာတွင်းထဲ
က လုထွက်ပြီး စားမယ့် သောက်မယ့် သတ္တဝါတွေဆီကို သွားကြတယ်၊ ပလူများဟာ ကန်းလို့လုထွက်တာ
ခင်ဗျားတို့လဲ လောကီအလုပ်တွေကို ပျာပျာသလဲ အလုပ် လုပ်ပြီး၊ ပလူထွက်..ထွက်နေတာဟာ သေချင်လို့
ပဲ၊ မရဏမီးနဲ့ သေမင်းနဲ့ မြန်မြန်တွေ့ချင်လို့ ပျာပျာသလဲလုပ်နေကြတာ၊ နိဗ္ဗာန်ရောက်မယ့် သေမင်းလွတ်
မယ့် အလုပ်ကျတော့မလုပ်ချင်ဘူး၊ သေမင်းနဲ့တွေ့ရမယ့် အလုပ်ကျတော့ ခင်ဗျားတို့က လုများထွက်သေး
တယ်၊ လောကီအလုပ်ကိုသူ့ ထက်ငါလုရထွက်နေတာဖြင့် ပလူထွက် ထွက်တာသာမှတ်ပေတော့။
လုပ်တောင်မစားချင်တော့ဘူးလို့များ ဆိုကြမလား၊ အဲ..လုပ်မစားရတော့ ဒါနိဗ္ဗာန်ပဲ၊ ဘာမှ မလုပ်ဘဲနဲ့ချမ်း
သာနေတာဟာ နိဗ္ဗာန်ပဲ၊ ဒီလိုဖြစ်ချင်ပါတယ်ဆိုရင် ဒါအခု ဘုန်ကြီးပြောတဲ့"ဝိပဿနာ..ဝိဇ္ဇာအလုပ်"ကိုလုပ်
ဒုက္ခပိုင်းခြားတဲ့ အလုပ်သာ လုပ်နေရင်၊ ဒါ ချမ်းသာအစစ် ရမှာပဲ၊ အခု ခင်ဗျားတို့ ခန္ဓာကြီးမှာ ပေါ်တဲ့ ဝေဒနာ
လေးတွေလျှောက်ကြည့်၊ ကြည့်တော့..ဝေဒနာဟာ ဖြစ်ပြီး ပျက်သွားတာကိုတွေ့ရမယ်၊ ခန္ဓာကိုယ်တစ်ကိုယ်
လုံးမှာ ဒီဝေဒနာတွေဟာ အနှံ့အပြားပေါ်နေတာပဲ၊ ဒါတွေကိုကြည့်လိုက်ရင်၊ ဖြစ်တာ ပျက်တာတွေကိုတွေ့
မှာပဲ၊ အဲဒါ ဝိပဿနာဝိဇ္ဇာလေးဖြစ်လာတယ်၊ ဝိပဿနာဝိဇ္ဇာလေးဖြစ်ရင်ပဲအတော်သက်သာသွားပြီ၊ အင်း..
မျက်လုံးလေးတော့ တိမ်သလာ နည်းနည်းရှင်းယောင်လေးတော့ရှိပြီ၊ ဒီထက်ရှင်းရင် နိဗ္ဗာန်မြင်လိမ့်မယ်။
"ဒဿနဋ္ဌ"ဒါဖြင့် ဝိဇ္ဇာရဲ့ ဒဿနဋ္ဌောကို ရှင်းတော့မယ်၊ ဒဿနဋ္ဌောဆိုတာ..အနမတဂ္ဂ သံသရာမှာ တစ်ခါမှ
မမြင်ဘူးခဲ့တဲ့ နိဗ္ဗာန်ကြီးကို ထင်လင်းစွာမြင်စွမ်းနိုင်သော အနက်သဘော၊ နိဗ္ဗာန်ဟာ ထင်ထင်ရှားရှား မြင်
နိုင်တယ်၊ ဝိဇ္ဇာအလင်းသာရရင် မြင်တာပဲ၊ ဒါတင်မကသေးဘူး၊ ဋီကာများက"နိဗ္ဗာနဒဿနံ စတုသစ္စဒဿနံ
လို့ ဆိုထားတယ်၊ နိဗ္ဗာန်တင်မကသေးဘူး၊ သစ္စာ ၄-ပါးကို တပြိုင်နက်မြင်တယ်တဲ့ ဝိဇ္ဇာဖြစ်လာရင်..နိဗ္ဗာန်
ရော သစ္စာ ၄-ပါးပါမြင်နိုင်တယ်၊ ခင်ဗျားတို့က နောက်တုန်းက သစ္စာ ၄-ပါးကိုမသိခဲ့ဘူး၊ အိပ်မက်တောင် မ
မက်ဖူးဘူး၊ ခန္ဓာကြီးဟာ ဒုက္ခသစ္စာပါလား၊ ခန္ဓာဖြစ်ကြောင်းဟာ သမုဒယသစ္စာပါလား၊ ခန္ဓာ အဆုံးမှာ..ခန္ဓာ
ဆုံးရင် နိဗ္ဗာန်ပါလား၊ နိဗ္ဗာန် မြင်နိုင်တာ သမ္မာဒိဋ္ဌိမဂ္ဂင်..သမ္မာဒိဋ္ဌိမျက်လုံးပါလားဆိုတာတွေကိုတစ်ခုမှ အိပ်
မက်တောင် မမက်ဖူးဘူး၊ အဲဒီ အပြင်ဟာတွေကိုတော့မက်ဖူးကြတယ်၊ သူများပြောသံကြားနဲ့ တစ်ခါတလေ
အိပ်မက်ထဲ နတ်ပြည်များတောင် ရောက်နေသေးတယ်၊ အဲ..နိဗ္ဗာန်တို့၊ ဒုက္ခသစ္စာတို့ကျတော့ အိပ်မက်ထဲ
တစ်ခါမှမမက်ဖူးဘူး၊ တစ်သံသရာလုံးမှာ"သစ္စာကွယ်"နေခဲ့တယ်၊ သမ္မာဒိဋ္ဌိမျက်လုံးလဲကွယ်ခဲ့တယ်၊ ဒါဖြင့်
"အကန်းဘဝ"နဲ့ အချိန်တွေ ကုန်ခဲ့တယ်ပေါ့၊ ဒီကရှေ့ အကန်းဇာတ် သိမ်းပါတော့၊ အကန်းဇာတ်သိမ်းရင်
"ဒဿနဋ္ဌော"ဆိုတဲ့ မြင်ပုံကလေးထင်ရှား လာလိမ့်မယ်၊ ဒဿနဋ္ဌောဆိုတာ ဒုက္ခသစ္စာမြင်မှု၊ နိရောဓသစ္စာ
မြင်မှုကိုဆိုတာ၊ ဗြဟ္မာတွေဟာ အလွန်တန်ခိုးကြီးတယ်၊ လူ့ပြည်နဲ့အောက်ဆုံး ဗြဟ္မာပြည်ဟာ ယူဇာနာ
ပေါင်း ၂၂၆ဝဝဝဝ-လောက်ဝေးတယ်၊ ဒီလောက်ဝေးတာကို ဗြဟ္မာမျက်လုံးနဲ့ကြည့်ရင် လူ့ပြည့်မှာရှိတာတွေ
ကို ချက်ချင်းမြင်နိုင်တယ်၊ ဒီလောက် ထက်မြက်တဲ့ ဗြဟ္မာမျက်လုံးတွေ အကုန်စုပေါင်းပြီးတော့၊ နိရောဓ..
နိဗ္ဗာန်ကို ကြည့်ပါ၊ မမြင်ပါဘူး၊ အဲဒီမျက်လုံးတွေထက် သမ္မာဒိဋ္ဌိ မျက်လုံးကပိုပြီးထက်တယ်၊ ဗြဟ္မာတွေ
ဘယ်လောက်တန်ခိုးကြီးကြီး၊ ဘယ်လောက်မျက်လုံးကောင်းကောင်း၊ တော်တော်ကြာ ဗြဟ္မာပြည်ကနေ လူ့
ပြည်ဆင်းပြီး ဝက်ဖြစ်ချင်လဲ ဖြစ်သေးတယ်၊ နောက် ငရဲလဲကျနိုင်တယ်၊ ခင်ဗျားတို့လဲ ဗြဟ္မာ ဖြစ်ခဲ့တာပဲ၊
ဗြဟ္မာလူထွက်တွေပဲ၊ ဗြဟ္မာပြည်ကနေ အခု လူ့ပြည်ရောက်နေကြတာပဲ၊ ရောက်တော့ အခုဖြင့် လောဘ
ဇော..ဒေါသဇော..မောဟဇောတောထဲမှာ ရောက်နေတယ်။
ဒီတော့ သာသနာနဲ့ တွေ့ကြုံခိုက်မှာ ဒီဗြဟ္မာမျက်လုံးထက်ပိုထက်မြက်တဲ့"သမ္မာဒိဋ္ဌိမျက်လုံး"ကိုမလွတ်တမ်း
ရအောင်ယူကြပါ၊ ဒါရထားမှ၊ ရမထားရင်..နောင်ဘဝ ဘာဖြစ်မယ်ဆိုတာ မသေချာဘူး၊ လားရာဂတိ မမြဲဘူး
ပရမ်းပတာကျတဲ့ဘေး (ဝိနိပါတိကဘေး) မှ မလွှတ်နိုင်ဘူး၊ ပရမ်းပတာကျဦးမှာပဲ၊ တိရစ္ဆာလား..ငရဲလား..
ပြိတ္တာလား၊ အကျိုးလား..အကန်းလား..အရှုလား..အအလား၊ ဘယ်ကျမယ်လို့တော့ မဆိုနိုင်ဘူး၊ ပရမ်းပတာ
ဘေးက မလွတ်ဘူးဗျ၊ ဒီဘဝမှာ"ဒဿနဋ္ဌော"နိဗ္ဗာန်မြင်အောင် လုပ်ပါ၊ အခုကြည်သယောင်ယောင်ရှိနေတဲ့
မျက်လုံးဟာ တော်တော်ကြာ (အရင်လို) တိမ်သလာတွေအကုန်ဖုံးသွားမယ်၊ ဖုံးရင်ဦးတည့်ရာသွားပြီးသူများ
စားဖတ်..ဝါဖတ် ဖြစ်ရလိမ့်မယ်။ ဒါကြောင့်"ဒဿနဋ္ဌော"ဟာသာမညအရေးမဟုတ်ဘူးနော်၊ မရရင် ဖြစ်ကို
မဖြစ်ဘူး၊ "ဒဿနဋ္ဌော" ဖြစ်တဲ့အခါကျတော့ (ဓမ္မာသင်္ဂဏီမှာ) "သမ္မတ္တနိယတာဓမ္မာ"လို့ ဘုရားကဟော
တယ်၊ "သမ္မတ္တနိယတာ"ဆိုတာ စုတေတဲ့အခါဘယ်တော့မှ ပရမ်းပတာမကျတော့ဘူး၊ ဘဝမြဲသွားပြီ၊ ကိုယ်
လိုချင်တဲ့ဆီရပြီး မြဲတယ်၊ ဒီမှာ သောတာပန်ဖြစ်ရင် ကိုယ်လိုချင်တဲ့ နတ်ပြည်မှာ တစ်ပါးဘယ်မှ မသွားတော့
ဘူး၊ "ဒဿနဋ္ဌော"ဆိုတဲ့ နိဗ္ဗာန် မမြင်းသေးရင် ဖြစ်ရာဘဝ လားရာဂတိ မမြဲသေးဘူး၊ မမြဲတော့ ခင်ဗျားတို့
ဒီဘဝမှာ လူ၊ နောက်ဘဝမှာ ချိုကြီး ၂-ခုနဲ့ ကျွဲကြီးသွားဖြစ်မယ်၊ အစွယ်ငေါငေါကြီးနဲ့ ခွေးလဲဖြစ်မှာပဲ၊ ပရမ်းပ
တာကျမယ့်ဘေးက မလွတ်ဘူး၊ ဒါကြောင့်"ဒဿနဋ္ဌော" မြင်အောင် ဒီဘဝလုပ်ရင်လုပ်၊ မလုပ်ရင် ကိုယ်ကျိုး
ကြီးနည်းပြီ၊ ဒီဘဝ စီးပွားရေး ကြွားရေး ဝါးရေး အရေးကြီးပြီး လူ့အောက်ကျမှာလေးကြောင့်ကြတဲ့အလုပ်နဲ့
လုပ်နေရင်တော့၊ နောက် လူ့အောက်မကပါဘူး၊ ဒယ်အိုး (ငရဲအိုး) ရောက်အောင်ကျပ်လိမ့်အုံးမယ်၊ သံသရာ
ရေယဉ်ကြောမှာ မျောကာ..မြုပ်ကာနဲ့..အမျောသမား..အမြုပ်သမား ဖြစ်နေမှာပဲ၊ ဒါဖြင့်"ဒဿနဋ္ဌော"ဖြစ်ဖို့ရာ
အင်မတန်းအရေးကြီးပါတယ်၊ ဒီတော့"ဒဿနဋ္ဌော"ဖြစ်အောင် ဒီလိုလုပ်ပါ၊ ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဝေဒနာ
၃-ပါးဟာ လှည့်ပေါ်နေမှာပဲ၊ ပေါ်လာတိုင်း ဖြစ်ပျက်ရှုပါ၊ ဝေဒနာဖြစ်တိုင်း စိတ်ဟာ တစ်ခါတည်း ပါတာပဲ၊
စိတ်ဖြစ်တိုင်းလဲ ဝေဒနာဟာ အမြဲပါတာပဲ၊ ဒီတော့ ခင်ဗျားတို့သန္တာန်နဲ့ (ဟဒယဝတ္ထု) မှာလောဘစိတ် (လို
ချင်တဲ့စိတ်) ဒေါသစိတ် ( မုန်းတည်းတဲ့စိတ်) မောဟစိတ် (မသိတွေဝေတဲ့စိတ်) စတဲ့ စိတ်တွေ အမျိုးမျိုးဖြစ်
ပေါ်နိုင်တယ်၊ ဘယ်စိတ်ပေါ်ပေါ်၊ ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက်ရှုပါ၊ ဒါန သီလပြုတဲ့အထိ ကုသိုလ်စိတ်တွေ
ပေါ်မယ်၊ ပေါ်ရင်လဲ ဖြစ်ပျက်ရှုပါ၊ (မရှုရင် ကုသိုလ်ခင်တွယ်တဲ့ တဏှာလာမယ်) ဒီတော့ ဝေဒနာ ၃-ပါးတွင်
ဘယ်ဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှု၊ "ဝေဒနာနုပဿနာ"ဖြစ်တယ်၊ ကုသိုလ်စိတ်တွေ..အကုသိုလ်စိတ်တွေလဲ
ဘယ်စိတ်ပဲပေါ်ပေါ်၊ ပေါ်တဲ့စိတ်ကို ဖြစ်ပျက်ရှု၊ "စိတ္တာနုပဿနာ"ဖြစ်တယ်၊ ဒီတော့ ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်
မြင်ရင်"ယထာဘူတဉာဏ်"ဖြစ်ပြီ၊ နောက်ဆက်ရှုလို့ ဖြစ်ပျက်မုန်းလာရင်"နိဗ္ဗိဒါဉာဏ်"ဖြစ်ပြီ၊ နောက် မုန်း
လျက်နဲ့ပဲ ပေရှုလို့ ဖြစ်ပျက်ဆုံးသွားရင်"မဂ်ဉာဏ်"ဖြစ်ပြီ၊ မဂ်ဉာဏ်ရရင်"ဒဿနဋ္ဌော"ဖြစ်ပြီး နိဗ္ဗာန်ကိုမြင်ပြီ
နိဗ္ဗာန်မြင်ရင် အပါယ်လွှတ်၍ သုဂတိဘဝမြဲသွားပြီ၊ ဖြစ်ပျက်ဟာ ဒီရုပ်နာမ်တွေပဲ၊ ခန္ဓာတွေပဲ၊ ဒါတွေဟာ
ဒုက္ခသစ္စာ အစစ်တွေပဲ၊ ၃၁-ဘုံအတွင်းရှိ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာချည်းပဲ၊ အိုဘေး..နာဘေး..သေဘေး
တွေနဲ့ရောထွေးနေတာပဲ၊ "သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ"မီးတွေနဲ့လဲ လောင်နေတာပဲ၊ ဒီတော့ ခန္ဓာရ
တဲ့ ပုဂ္ဂိုလ်မှာဖြင့်လောင်နေတာပဲလို့ မြင်လာမယ်၊ မြင်တဲ့အခါကျတော့၊ အင်း...ဒုက္ခအစစ်ဆိုတာဟာ ဒီခန္ဓာ
ကြီးကိုးလို့ ခင်ဗျားတို့ ပိုင်းခြားသိမြင်လာလိမ့်မယ်၊ အဲဒီကျတော့ ဒီခန္ဓာကြီးတော့ဖြင့် မရချင်တော့ပါဘူးဆို
တဲ့ ဉာဏ်မမြင်ပေါ်လာမယ်၊ ဒီဉာဏ်ပေါ်လာတဲ့အခါကျတော့၊ ဒီခန္ဓာ ၅-ပါးဟာ ချုပ်သွားတယ်၊ ဒုက္ခချုပ်သွား
တယ်၊ ဒုက္ခချုပ်သွားတော့ ဒီနေရာမှာ သုခသစ္စာ..နိဗ္ဗာန်ကျန်ရစ်တယ်..ပေါ်လာတယ်၊ အဲ..ဒုက္ခမရှိတာဟာ
နိဗ္ဗာန်ပဲ၊ ဒုက္ခမရှိတာကို သိတာက မဂ်ဉာဏ်ပဲ၊ မဂ်ဉာဏ်ဖြစ်ရင် မဂ္ဂင် ၅-ပါးက ၈-ပါးဖြစ်လာတယ်၊ ဝိပဿနာ
မဂ္ဂင်အလုပ်ဟာ ဒီမဂ်ဉာဏ်အစစ်ရောက်မှ ပြီဆုံးတယ်၊ ကိစ္စပြီးတယ်၊ မဂ်ဉာဏ်ရရင် နိဗ္ဗာန်မြင်ပြီး ဒဿန
ဋ္ဌောဖြစ်ပြီ၊ အဲဒီကျမှ စိတ်အေး လက်အေး ဘဝင်အေးပြီး အေးအေးနေကြပေတော့၊ "ဒဿနဋ္ဌော"မဖြစ်သေး
ရင်"အမျောသမား..အမြုပ်သမားပဲ"ဖြစ်မှာပဲ။                 ။

                                               ဤကောင်းမှုကုသိုလ်ကံ
                              စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                              ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                       အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                တည်ရှိပါစေသတည်း ။                   ။

                                                                                                             အရှင်ဉာဏဓဇ
                                                                                          မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                      ပင်မသံဝေဇနိယဌာန
                                                                                                                 အမရပူရမြို့ ။            ။

No comments:

Post a Comment