သစ္စာမသိဘဲ လုပ်တာဟူသမျှ အလွဲချည်းပဲဟု ဆုံးမသည်။ ဝိပဿနာလုပ်ပြီး
ဉာဏ်နှင့် ကြည့်လိုက်သောအခါ ဖြစ်ပျက်ဆုံး နိဗ္ဗာန် ပေါ်သည်။ ဒါကြောင့်
နိဗ္ဗာန်ကို ဖြစ်ပျက်ဖုံးနေသည်ဟု ဆိုသည်။ ခန္ဓာနိရောဓော နိဗ္ဗာန်။ အစမှာ
ဒုက္ခသစ္စာကို မသိခင် ဉာဏ်အပေါ် အဝိဇ္ဇာကွယ်နေသည်။ ဖြစ်ပျက် ဒုက္ခသစ္စာတွေ့မှ
ဉာဏ်မှာ နိဗ္ဗာန်ပေါ်သည်။ ဖြစ်ပျက် တစ်ချက်တွေ့လျှင် အဝိဇ္ဇာကို
တစ်ချက်လှန်သည်။ ဖြစ်ပျက်ဆက်ရှု။ မုန်းလာလျှင် ဒုက္ခသစ္စာအစစ်ပဲ ဆုံးဖြတ်ချက်
ချနိုင်ပြီ။ ပြီးမှ ဖြစ်ပျက်အဆုံးကို ဉာဏ်လှည့်သွားပြီး နိဗ္ဗာန်ပေါ်သည်။
ထို့နောက် ကိုယ်သာနာ၍ စိတ်မနာပါစေနှင့်ဆိုတာက ကိုယ်ဆိုတာ ခန္ဓာငါးပါး
လိုချင် စွဲလမ်းတာက စိတ်မှာ အနာပေါ်တာဖြစ်ကြောင်း ရှင်းပြသည်။ ကိုယ်ကို
ငါ့ဟာ ငါ့ဥစ္စာဟု ဒိဋ္ဌိတဏှာနှင့် မမှတ်ယူသင့်။ မှတ်ယူပါက ဒုက္ခသစ္စာ
နှစ်အကွက်မှ သမုဒယသစ္စာ သုံးအကွက်သို့ ကူးတော့မည်။ ဒိဋ္ဌိနှင့်
စွဲလမ်းနေတုန်းမှာ ခန္ဓာကြီးက ဖြစ်ပြီး ပျက်စီးသွားသည်။
ထိုအခါ
ဖြစ်ရလေခြင်း ဆိုပြီး စိတ်နာတော့သည်။ စိတ်ဘာကြောင့် နာသလဲဆိုလျှင် ငါ့ကိုယ်
ငါ့ဟာလုပ်၍ ဖြစ်သည်။ ခန္ဓာကို ငါ ငါ့ဟာဟု သိမ်းပိုက်ပါက ခန္ဓာ ပျက်စီးသောအခါ
စိတ်ထိခိုက်သည်။ စိတ်နာသည်။ မိမိကလည်း ခန္ဓာကို ဒိဋ္ဌိဖြင့်
သိမ်းဆည်းထားလျှင် သူတစ်ပါး ခန္ဓာ ပျက်စီးသောအခါ ငါစိတ်မကောင်းဘူးဟု လောကွက်
စိတ်နာတတ်သည်။ ကိုယ်သာနာ၍ စိတ်မနာနှင့် ဆိုတာ ဒိဋ္ဌိတဏှာ သတ်သောတရား
ဖြစ်သည်။ ဒိဋ္ဌိတဏှာရှိလျှင် ငိုပွဲဆင်ရမည်။ ရစရာရှိ၍ ရလာလျှင် တဏှာဖြစ်ပြီး
ပြုံးသည်။ ရတာ ဆုံးရှုံးလျှင် ဒိဋ္ဌိနှင့် ငိုပွဲဆင်သည်။
လူ့ဘဝမှာ ပြုံးပွဲငိုပွဲ နေ့စဉ် ဖြစ်ပျက်ပုံများကို သရုပ်ပေါ်အောင်
ရှင်းပြသည်။ ပြီးမှ တဏှာလမ်း ဒိဋ္ဌိဥပါဒါန်လမ်းကို မလိုက်ပါနှင့် အလယ်
မဂ္ဂင်လမ်းကို လိုက်ပါဟု ဆုံးမသည်။ ပြုံးလမ်း မဲ့လမ်းကို ရှောင်ပြီး
အလယ်လမ်းကို လိုက်ပါဟု တိုက်တွန်းထားသည်။
~ မိုးကုတ်ဆရာတော် ~
No comments:
Post a Comment