Friday, May 6

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး

                                                       ( ည အလုပ်ပေး တရားတော် )
                                                      ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                    @@@@@@@@@@@@@@@@@@@@@@@@@
အဆင်းတစ်ခုကို မြင်တယ် ။ ချောတယ် ။ လှတယ် ။ အရုပ်ဆိုးတယ် ။ ဒါကို
မျက်လုံးနဲ့ မြင်တယ် ။
မြင်ပြီးသကာလ - သြော် - ဖြူပါတယ် ၊ နီပါတယ် လို့ သိတယ် ။ ဒါက မြင်
စရာလို့ ခေါ်တယ် ။
ဒါက မြင်တဲ့မျက်စိ ၊ ဒါက
မြင်လို့ သိတာ ၊ ( ပုံစံခွက်များ ချပြသည် ။ )
ဒီဘက်က မြင်စရာ ၊ ဒီဟာကကိုယ့်မျက်လုံးပေါ့လေ ။
ဒီဟာကခန္ဓာထဲကနေ သိတာ ။ မြင်စရာကို မြင်တာနဲ့ သိတယ် ။ ဒါ ဘာအပြစ်မှ မရှိဘူးလို့  အောက်မေ့ကြပါ ။ ဘာ ပဋိစ္စသမုပ္ပါဒ် မှ မဆက်နိုင်ဘူး ။
ဒါကဖြူတယ် ။ ဖြူတာကို အဖြူလေးလို့ သိတယ် ။ ဘာအပြစ်မှ မရှိပါဘူး ။
သိပြီး - ပြီးတာပဲ ။
အသံကလေးကို ကြားတယ် - သိတယ် ။ သိရုံနဲ့ တော့ ဘာအပြစ်မှ မရှိပါ
ဘူး ။
သိ တဲ့နောက်ကနေ ပြီးမှ သာယာတယ် ၊ သဘောကျတယ် ၊ စိတ်ပျက်တယ်
ဒါတွေလာတော့ အပြစ်ရှိတာပါ ။
ဥပမာ မင်းတို့  မော်တော်ကား စီးသွားကြတယ် ။ ဘေးက သစ်ပင်တွေကို မမြင်ကြဘူးလား ။ မကျည်းပင်ကို မြင်တယ် ၊ သိတယ် ၊ ဘာအပြစ်မှ မရှိပါဘူး ။
ဒီ မကျည်းပင်ကြီးက ကန့် လန့်  ကန့် လန့် နဲ့ ဗျာ - ဆိုလို့ ရှိရင်တော့ ဒေါသ က
လာပြီ ။ မကျည်းသီးလေး တွေ စားချင်လိုက်တာ ဆိုရင်တော့ လောဘ လာတယ်။
ဒါဖြင့် - မင်းတို့  စိတ်ကို လမ်းသွားတဲ့အခါကျလို့ ရှိရင် မြင်ရုံ သိရုံတင်
ရပ်ပါ ။ ဘယ်သူနဲ့  တွေ့ တွေ့  မြင်ရုံ သိရုံတင် ရပ်လို့ ရှိရင်ဖြင့် ၊ ဘာအပြစ်မှ
မရှိဘူး ။
ကိလေသာမလာလို့ ပဲ ။ ဒီဟာ နိဗ္ဗာန် ရကြောင်း တစ်မျိုး ပဲ ။
( ဒါဖြင့် - မင်းတို့  စိတ်ကို လမ်းသွားတဲ့အခါကျလို့ ရှိရင် မြင်ရုံ သိရုံတင်
ရပ်ပါ ။ ဘယ်သူနဲ့  တွေ့ တွေ့  မြင်ရုံ သိရုံတင် ရပ်လို့ ရှိရင်ဖြင့် ၊ ဘာအပြစ်မှ
မရှိဘူး ။ ကိလေသာမလာလို့ ပဲ ။ ဒီဟာ နိဗ္ဗာန် ရကြောင်း တစ်မျိုး ပဲ ။ )
မြင်တယ် ၊ သိတယ် ၊ ကြားတယ် ၊ သိတယ် မဟုတ်လား ။ ကိစ္စ မရှိပါဘူး ။
နံတယ် ၊ သိတယ် ၊ ဘာမှကိစ္စ မရှိပါဘူးတဲ့ ။ အချို ချက်စားလို့  စိတ်ပျက်ရင် ၊
အချဉ် ချက်စားလို့  စိတ်ပျက်ရင်သာ အပြစ်ရှိတာပါ ။ ချိုတာ ချိုတာမှန်း သိရုံနဲ့ 
တော့ အပြစ်မရှိပါဘူး ။
အဝတ်တစ်ထည်ကို စမ်းကြည့်တယ် ။ လက်နဲ့ စမ်းကြည့်တယ် ။ နူးညံ့
တယ် သိတယ် ၊ ကြမ်းတယ် သိတယ် ၊ အကြမ်းကြီးတော့ မဝတ်ချင်ဘူး ဆိုရင်
ဒေါသ လာမယ် ။ ကြမ်းကြမ်း ပဲ ကျုပ်က သဘောကျတယ် ဆိုလို့ ရှိရင် တဏှာ
လာမယ် ။ ကြမ်းတယ်လို့  သိရုံလေးတော့ အပြစ်မရှိဘူးလို့ မှတ်ထားကြစမ်းပါ ။
ကြမ်းတာ သိရုံလေးတော့ အပြစ်မရှိပါ ။
ဒါဖြင့် - မြင်တာမြင်ရုံတင်ရပ်ဆိုရင် ဒီ အသိတင် ရပ်ကြပါ ။ ကြားတာ ကြား
ရုံတင် ရပ်ဆိုရင်ကော အသိတင်ရပ်ပါ ။ နံတာ နံရုံတင်ရပ်ဆိုရင် အသိတင်ရပ်ရ
မှာပါ ။ စားတာ စားရုံတင်ရပ်ပါဆိုရင် အသိတင်ရပ်ရမှာပါ ။ အသိတင် ရပ်ပေးပါ
တဲ့ ။ ဝတ်တာကို ဝတ်တယ်လို့ သာ သိနေရင် ဘာအပြစ်မှ မရှိပါဘူး ။ ဒီအဝတ်
ကြီး ဖြင့် ကြမ်းထော်တာကြီးမို့  မဝတ်ချင်ပါဘူး ဆိုရင် အပြစ်ရှိတာပဲ ။ ဒေါသဖြစ်
လာတာကိုး ။
အဲဒီတော့ကို - မြင်သိ ၊ ကြားသိ ၊ နံသိ ၊ စားသိ ၊ တွေ့ သိ ၊ ဒီတင်ရပ် ။
ကြံတာလဲ ကြံသိ ။ သြော် - ဒါအဖြူလေး ဖြစ်ရင်ကောင်းမှာပဲလို့  ကြံရင် ၊ ကြံရုံ
တွင် ရပ်ရင် ကိစ္စ မရှိပါဘူး ၊ အနီလေးရရင် ကောင်းမှာပါပဲလို့  ကြံရုံတင် ရပ်ရင်
ကိစ္စမရှိပါဘူး ။ ကြံသိတင်ရပ်ရင်လဲ ကိစ္စ မရှိပါဘူးတဲ့ ။ အခုတော့ မင်းတို့ ဟာက
လွန်လွန်းသွားလို့  ။
လွန်လွန်သွားတာက လောဘနဲ့ လွန်သွားလိုက် ၊ ဒေါသနဲ့ လွန်သွားလိုက် ၊
မောဟနဲ့ လွန်သွားလိုက် ၊ ဣဿာနဲ့ လွန်သွားလိုက် ၊ မာနနဲ့ လွန်သွားလိုက် ၊
ဆိုရင်တော့ဖြင့် ဒါတွေတော့ အပြစ်ရှိတယ်လို့ မှတ်ရမယ် ။ လွန်သွားရင် အပြစ်
ရှိပါတယ် ။ ဒါဖြင့် - မြင်သိ ကိစ္စ မရှိပါဘူး ။ ကြားသိ ကိစ္စမရှိပါဘူး ။ အခုပြော
တဲ့အတိုင်း ကြံသိ အထိအောင် သွားလိုက် ၊ အပြစ်မရှိပါဘူးတဲ့ ။
ကောင်းပြီ ။ ဒါဟာနိဗ္ဗာန်ရောက်တဲ့တရားလို့  ငါက - ဟောလိုက်တယ် ။
ဘုရားကိုယ်တော်မြတ်ကြီးကလဲ ဟောလိုက်တယ် ။ ဒါဖြင့် ဝိပဿနာ မပါပါလား
ဆိုတော့ တဏှာ တားတယ်ဆိုကတည်းက ၊ ဒါတဏှာမလာလို့ ရှိရင် ကိစ္စပြီးနေ တာပဲ ။ ဒေါသမလာလဲ ကိစ္စပြီးပါတယ် ။ မောဟ မလာလဲ ကိစ္စပြီးပါတယ် ။
ဣဿမစ္ဆရိယတွေ မလာရင်ကော ကိစ္စပြီးပါတယ် ။ မကောင်းတဲ့ တရားတွေ နောက်ကလိုက်မှာသာစိုးရတယ် ။ မကောင်းတဲ့တရားကို ပယ်လိုက်တယ်ဆိုတဲ့
အဓိပ္ပါယ်က အသိကနေ ပယ်ချလိုက်တဲ့အတွက် ဘာအပြစ်မှ မရှိပါဘူး ။
                                 
                                                                                                    (ဆက်လက်ဖေါ်ပါဦးမည် )။
                           
                                                                အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                            မိခင်ပင်မသံဝေဇနိယဌာန
                                                                   အမရပူမြို့။

No comments:

Post a Comment