ထို့နောက် လူစတင် ဖြစ်ပေါ်မှုနှင့်ဆိုင်သော အယူမဆ အမျိုးမျိုးကို
ဖော်ပြပြီး ပယ်သည်။ သံသယ ဖြစ်စရာ အငြင်းပွားစရာ အယူဝါဒတွေချည်း ဖြစ်ပုံကို
ပြသည်။ ထိုအခါ ငါ ဘယ်လိုလူ ဖြစ်လာပါလိမ့်ဆိုသော ဒိဋ္ဌိနှင့်
ဝိစိကိစ္ဆာဝင်လာသည်။ ပဋိစ္စသမုပ္ပာဒ်တရားကို နားမလည်၍ ဖြစ်၏။ ပဋိစ္စသမုပ္ပာဒ်ကို
နားလည်မှ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်နိုင်သည်။ ယခု ပဋိစ္စသမုပ္ပာဒ်ကို မသိ
သစ္စာ မသိတော့ သံသရာရှည်သည်။ ဒိဋ္ဌိဝိစိကိစ္ဆာ မပယ်နိုင်တော့ အပါယ်လားရသည်။
ပဋိစ္စသမုပ္ပာဒ်ကို နားလည်လျှင် နားလည်ကာ အတ္တအပါယ်တံခါး ပိတ်သည်။ စူဠသောတာပန်
ဖြစ်သည်။
ပြီးမှ ယခု ရထားတာ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ဖြစ်ပုံကို ပြသည်။ ရုပ်နာမ်သည် ဓမ္မပဲ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါ။ သတ္တဝါ အစကို ပုဂ္ဂိုလ်အဖြစ်နှင့် တွေ့လျှင် မဆုံးတော့ပါ။ မဂ္ဂင်ဖြစ်စဉ် အဖြစ်သာ တွေးရမည်။ အဘယ်ကြောင့် ဆုံးသော အနမတဂ္ဂသံသရာမှာ လူတစ်ဦး ပုဂ္ဂိုလ်တစ်ဦး သေခဲ့သည့် အကြိမ်ပေါင်းက မရေမတွက်နိုင် ဖြစ်သည်။ သံသရာသည် မသိအပ်သော အစရှိသည်။ ဤကမ္ဘာမြေပြင်သည်ပင် ကိုယ့်အသား အရိုးက ဖြစ်သော မြေထုဖြစ်သည်။ သံသရာ ရှည်ခဲ့ပုံကို သံဝေဂရအောင် ဟောပြီးနောက် ခန္ဓာငါးပါးကို အဝိဇ္ဇာသင်္ခါရဆိုသော ဓမ္မက တည်ထောင်ကြောင်း ပုဂ္ဂိုလ်သတ္တဝါက တည်ထောင်ခြင်း မဟုတ်ကြောင်း ဆိုသည်။ အတိတ် အကြောင်းခြင်းရာ ငါးပါးကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါး ဖြစ်လာရပုံကို ပြသည်။ အတိတ်က သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်မှာ ဒုက္ခသစ္စာ ရလာပုံကို ရှင်းပြသည်။ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝ အတိတ်အကြောင်း ငါးပါးကြောင့် ယခုဘဝ ခန္ဓာငါးပါး ဒုက္ခသစ္စာ ရလာပုံကို ပြပြီး ဖန်ဆင်းရှင်မရှိ အကြောင်းမဲ့လည်းမဟုတ် မိဖကြောင့် ဖြစ်လာတာလည်း မဟုတ်ကြောင်း ပေါ်အောင်ပြပြီး ပုဂ္ဂိုလ်သတ္တဝါစွဲ ဒိဋ္ဌိကို ဖြုတ်သည်။ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိကို ဖြုတ်သည်။
မိုးကုတ်ဆရာတော်
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
မိခင်ပင်မသံဝေဇနိယဌာန
အမရပူမြို့။

No comments:
Post a Comment