Thursday, May 19

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပာဒ်တရားတော် (၁)

---------
ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းစာရွက်သည် အိမ်မှာ မှန်ဘောင်သွင်းပြီး ကိုးကွယ်ဖို့မဟုတ်။ ကိုယ်ခန္ဓာဖြစ်စဉ်ကြီးသည် ဤအတိုင်းပါကလားဟု သိဖို့ သံသရာလည်ပုံကို သိပြီး ဖြတ်ပုံကို သိဖို့အတွက်ဖြစ်ကြောင်း ဟောကြားသည်။ ထို့နောက် ပဋိစ္စသမုပ္ပာဒ် လည်ပုံကို ပြသည်။ အဝိဇ္ဇာတဏှာက သတ္တဝါစသည်ဟု မှတ်ရန် ပြောသည်။
အတိတ်ဘဝက သစ္စာလေးပါးကို မသိသော အဝိဇ္ဇာကြောင့် ပစ္စုပ္ပန် ခန္ဓာရလာပုံကို ရှင်းသည်။ တစ်ဖန် ယခုဘဝတဏှာ(သမုဒယ)ကြောင့် အနာဂတ် ခန္ဓာ ရဦးမည် ဖြစ်ကြောင်းပြသည်။ ပစ္စုပ္ပန် ခန္ဓာဖြစ်ကြောင်းမှာ အဝိဇ္ဇာ ဦးစီးသည်။ အနာဂတ်ခန္ဓာ ဖြစ်ကြောင်းမှာ တဏှာဦးစီးသည်။ အတိတ်ဘဝ အဝိဇ္ဇာ(သမုဒယသစ္စာ)ကြောင့် ပစ္စုပ္ပန်ဘဝမှာ ခန္ဓာငါးပါး ဖြစ်ပေါ်လာရသည်ဟု သိလျှင် ဖန်ဆင်းရှင်ကြောင့် ဖြစ်သည်မဟု
တ် အကြောင်းမဲ့ ဖြစ်သည်လည်း မဟုတ်ကြောင်း သိရသည်။ အနာဂတ် ခန္ဓာဖြစ်ကြောင်းက တဏှာ(သမုဒယသစ္စာ)ကြောင့် ဖြစ်သည်။ ဤသို့ သိပြီးနောက် အကြောင်းဖြစ်သော အဝိဇ္ဇာတဏှာကို သတ်ရန်အတွက် ဝိပဿနာကို လုပ်ရမည်ဖြစ်ကြောင်း လမ်းညွှန်သည်။
ထို့နောက် အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ ဖြစ်ပုံ ကုသိုလ်ကြောင့် သုဂတိခန္ဓာရပုံ အကုသိုလ်ကြောင့် အပါယ်ခန္ဓာရပုံ ကွာခြားသည်။ သို့သော် ခန္ဓာ ဒုက္ခသစ္စာ ရပုံချင်း အတူတူပင် ဖြစ်ကြောင်းပြသည်။ အတိတ်က ကိလေသာဝဋ် ကမ္မဝဋ်နှစ်ပါး (သမုဒယသစ္စာ)လုပ်ခဲ့၍ ပစ္စုပ္ပန်မှာ ဝိပါကဝဋ် (ဒုက္ခသစ္စာ) ရကြပုံကို ပြပြန်သည်။ ဒုက္ခသစ္စာကို လေးမျိုး ပြသည်။ ရစ ရလယ် ဆုံးခါနီး အဆုံး ဒုက္ခသစ္စာဟု ဆိုသည်။ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခကို ဆိုလိုသည်။ ထိုဒုက္ခတွေ ကင်းဝေးအောင် ဝေဒနာမှာ တဏှာ မကူးအောင် (အကွက် နှစ်မှ အကွက် သုံးသို့ မကူးအောင်) ဝိပဿနာနှင့် ဖြတ်ရမည်။ သောတာပန် တည်ချင်လျှင် အကွက် နှစ်မှ အကွက် သုံးသို့ မကူးအောင် လုပ်ရမည်။ နှစ်မှ သုံးသို့ မကူးဖို့ အရေးကြီးကြောင်းကို ဟောထားသည်။
                                                                                                                 
                                                                                                                ~ မိုးကုတ်ဆရာတော် ~

No comments:

Post a Comment