Friday, May 6

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး အပိုင်း ( ၂ )

                                                         ( ည အလုပ်ပေး တရားတော် )
                                                      ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                                            အပိုင်း( ၁ ) အဆုံး * *
                                      @@@@@@@@@@@@@@@@@@@@@@
ကောင်းပြီ ။ ဒါဟာနိဗ္ဗာန်ရောက်တဲ့တရားလို့  ငါက - ဟောလိုက်တယ် ။ ဘုရားကိုယ်တော်မြတ်ကြီးကလဲ ဟောလိုက်တယ် ။ ဒါဖြင့် ဝိပဿနာ မပါပါလားဆိုတော့ တဏှာ တားတယ်ဆိုကတည်းက ၊ ဒါတဏှာမလာ လို့ ရှိရင် ကိစ္စပြီးနေ တာပဲ ။ ဒေါသမလာလဲ ကိစ္စပြီးပါတယ် ။ မောဟ မလာလဲ ကိစ္စပြီးပါတယ် ။ဣဿမစ္ဆရိယတွေ မလာရင်ကော ကိစ္စပြီးပါတယ် ။ မကောင်းတဲ့ တရားတွေ နောက်ကလိုက်မှာသာစိုးရတယ် ။ မကောင်းတဲ့တရားကို ပယ်လိုက် တယ်ဆိုတဲ့အဓိပ္ပါယ်က အသိကနေ ပယ်ချလိုက်တဲ့အတွက် ဘာအပြစ်မှ မရှိ ပါဘူး ။
                                                အပိုင်း ( ၂ )

ဒါက - ဘယ်လိုအချိန် ဝိပဿနာ ပေးတာတုံးလို့  မေးတဲ့အခါကျတော့
သွားရင်း ၊ နေရင်း ၊ ထိုင်ရင်း ၊ ပြောရင်း ၊ ဆိုရင်း မို့ နော် ၊ တင်ပျဉ်ထိုင်တဲ့အခါ
ကို ဆိုတာမဟုတ်ဘူး ။ တင်ပျဉ်ထိုင်တဲ့အခါကျတော့ ဖြစ်ပျက်ရူရမယ် ။
( တင်ပျဉ်ထိုင်တဲ့အခါကျတော့ ဖြစ်ပျက်ရူရမယ် ။ )
ဒါဖြင့် - မြင်ရင် မြင်သိတင်ရပ် ။ ကြားပြန်ရင် ကြားသိတင်ရပ်ရမှာ ၊ နောက်
ဆက်ပြီး သကာလ မသွားစေနဲ့ ဆိုတဲ့အဓိပ္ပါယ်ကော ရှင်းပလား ။ ဒါ ဘယ်သူ့ 
ကို ဟောသလဲ ဆိုလို့ ရှိရင် " ဒါရုစိရိယ " ကို ဟောတယ်လို့ မှတ်ရမယ် ။
" ဗာဟိယ ဒါရုစိရိယ " ကို ဟောတယ် ။
အဲဒီတော့ - " ဗာဟိယ ဒါရုစိရိယ " ဇာတ်ထုပ်ကို မင်းတို့ ကို ပြောရဦးမယ် ။
သူဒီလိုကျင့်သွားလို့  ရဟန္တာ ဖြစ်သွားပုံကို ယနေ့ ပြောပြမယ် ။ "ဒါရုစိ" ဆိုတာက
တခြားမဟုတ်ဘူး ။ သူကသင်္ဘောကြီးနဲ့  ကုန်ကူးသွားတယ် ။ လူတွေ အမြောက် အမြားနဲ့ ပေါ့ ။ သင်္ဘောကြီးက ပင်လယ်ထဲမှာ စက်ပျက်ပြီး ပျက်စီးတယ် ။ တခြား သော ပုဂ္ဂိုလ်တွေဟာ ငါးတို့  လိပ်တို့  မကန်းတို့ ၏ အစာဖြစ်ကုန်တယ် ။ သူ တစ်ယောက် ကတော့ သစ်တုံးပိုင်းကလေး တစ်ခု ရတာနဲ့  အသက်အန္တရာယ်က
လွတ်သွားတယ် ။ လွတ်သွားတာနဲ့ "သုပ္ပါရက"သင်္ဘောဆိပ်ကမ်းကိုသူယက်ရင်း
ယက်ရင်းနဲ့  ရောက်သွားတာပေါ့ကွာ ။ ခြောက်ရက် ၊ ခုနှစ်ရက်လောက် ရေထဲမှာ
နေရတဲ့အတွက် သူ့ အဝတ်အစားတွေက လှိုင်းရိုက်တာနဲ့  ဘာမှကို မရှိတော့
ဘူး ။ တုံးလုံးဖြစ်နေတယ် ။ ဒါနဲ့  ကုန်းပေါ်ရောက်သွားတဲ့အခါမှာ သစ်သားလေး
ကျူပင် ကျူစီးလေးတွေပေါ့ကွာ ၊ နွယ်ကလေးနဲ့  ရစ်ရစ်ပြီး ၊ ခက်ခက်ပြီးတော့မှ
ဒါလေးဝတ်ထားတာပေါ့ကွာ ။ " ဒါရု"က = သစ်သားတဲ့ ။ " စိရိယ" ဆိုတာက = ခက် ( ဝတ် ) ထားတာ ။ ကျူစီးလေးကို သူခက်ပြီးတော့ ဝတ်ထားတာ ။
အဲဒီအချိန်မှာ သူက ဘုရား ၊ ငါက ဘုရား နဲ့  ဘုရားတွေက များနေတဲ့အခါ မှာ " ဒါရုစိ " ကချွေတာရေးနဲ့ ဝတ်ပြီးသွားတော့ ဒါကလဲ မရှိလို့ ဝတ်ရတာပေါ့
ကွာ ။ ဟိုသင်္ဘောဆိပ်ဘက်က လူတွေက သူ့ ကိုမြင်တော့ ၊ သြော် - ဟိုပုဂ္ဂိုလ်
မှ ရဟန္တာပဲ ။ ဘာမှ မခင်တွယ်ဘူး ။ အဝတ်တောင် မဝတ်တော့ဘူး နဲ့  ပညာ
မရှိတဲ့ ပုဂ္ဂိုလ်တွေက ဒီလို ဆုံးဖြတ်ချက်ချတယ် ။ အဝတ်မဝတ်တာ သစ်သားတွေ ဝတ်လာတာကို အဝတ်မသာယာဘူးထင်ပြီး သကာလ သူတို့ က သူ့ ကိုရဟန္တာ
လုပ်ပြီး နေတာပေါ့ ကွာ ။ အဲဒီတင် ထမင်းပေး ဟင်းပေးနဲ့  သူ့ မှာလဲ အိုးကင်းပဲ့
ပါတာပဲ ။ ဒါနဲ့  စားသောက်နေတာပဲ ။
သူ့ ကို သင်္ဘောဆိပ်ကလူတွေက ကြည်ညိုလေးစားပြီး သကာလနေတော့
ဒီပြင်လူတွေက အဝတ်ပေးကြပါရဲ့  ၊ ဒါပေမယ့် သူက မဝတ်ဘူး ။ ဝတ်ရင် သူ
ထမင်းငတ်တော့မှာကိုး ။ ပရိယေသနငဲ့ပြီး ခြုံထည်ပေးလဲ မခြုံ ၊ အဝတ်အထည် ပေးလဲ မဝတ် ။ ဒီလိုဖြစ်ပြီး သကာလနေတော့ သြော် - ဒါမှ ရဟန္တာပဲလို့  တစ်ခါ တည်း သူ့ ကို ရဟန္တာ လို့  ထင်တော့တာပဲ ။ ဥာဏ် မပါတဲ့ လူတွေ ပြောပါတယ်။
အဲဒီအချိန်မှာပဲ သူနဲ့ ဘဝဟောင်းက သူငယ်ချင်းတစ်ယောက်ဟာ သုဒ္ဓါဝါသ
ဗြဟ္မာ့ဘုံမှာရောက်နေတယ် ။ အဲဒီ ဗြဟ္မာကြီးက တခြားလဲ မဟုတ်ဘူး ။ တို့ 
ဂေါတမမြတ်စွာဘုရား မပွင့်ခင်က ကဿပမြတ်စွာဘုရားဆိုတာကို မင်းတို့ 
ကြားဘူးမှာပေါ့ ။ ကဿပမြတ်စွာဘုရားလက်ထက်က ဒီလိုသာသနာငါးထောင်
က မထားခဲ့ဘူး ။ မထားခဲ့တော့ သာသနာကလဲ ကွယ်ခါနီးနေတော့ မြတ်စွာ
ဘုရားကလဲ ပရိနိဗ္ဗာန်စံခါနီးပြီး နေတော့ သံဃာတွေ နေပုံထိုင်ပုံတွေ နေရာမကျ တာနဲ့  ရဟန်းခုနှစ်ပါး က ကဲ သာသနာ တော့ ပျက်ခါနီးနေပြီ ။ သာသနာအလုပ် ကဖြင့် ဒီအထဲမှာ နေလို့ မဖြစ်တော့ဘူး ဆိုပြီး တောင်ကလပ် တစ်ခုပေါ် ကို တက်ကြတယ် ။ လှေကားထောင်ပြီးတော့ ။ အသက်စွန့် တဲ့သူဖြင့်လိုက်ခဲ့ကြ ၊
ဒီလှေကားနောက်ဆုတ်ပစ်လိမ့်မယ် ။ အသက်မစွန့် တဲ့သူဖြင့် မလိုက်ခဲ့ကြနဲ့ 
ဆိုပြီး ခုနှစ်ပါး တက်သွားကြတယ် ။ အသက်စွန့် မယ့်လူချည်း ဟိုပေါ်မှာ တရား
အားထုတ်ပြီး သေချင်သေပေ့စေတဲ့ ။ ငတ်လို့ ပေါ့လေ ။ တကယ့်သတ္တိတွေ ။
ရဟန်းခုနှစ်ပါးစလုံးလဲ အပေါ်ကိုရောက်ပါရော ၊ လှေကားဖြုတ်ချလိုက်
တယ် ။ တောင်ကလပ်ဖြစ်နေတော့ လှေကားဖြုတ်ချလိုက်ရင် မင်းတို့ ဘယ့်နှယ် လုပ်ဆင်းမလဲ ။ ဆင်းလဲ သေမှာပဲ ။ ဒါနဲ့ အသေခံ အားထုတ်မယ်ဆိုပြီး တော့
အားထုတ်ကြတယ် ။ အားထုတ်တဲ့အခါမှာ တစ်ပါးက ငါးရက်မြောက်နေ့ မှာပဲ
အားထုတ်ပြီး ရဟန္တာဖြစ်သွားတယ် ။ ရဟန္တာဖြစ်တော့ ရိုးရိုးရဟန္တာ မဟုတ်ဘူး
တဲ့ ။ ကောင်းကင်ပျံ မြေလျှိုးနိုင်တဲ့ ရဟန္တာဖြစ်သွားတယ် ။ ပြန်လို့ လဲ မထူးတော့ ပဲကိုး ။ သေမယ့်အတူတူ မရ ၊အရ လုပ်တော့မယ်ဆိုတော့ ဝီရိယက မပြင်းထန် ပေဘူးလား ။
ဒီမှာလဲ - ဒီအတိုင်းပဲ ကြိုးစားရမှာပဲ ၊ သေမယ့်ခန္ဓာကိုယ်တွေ ရထားတော့
မသေခင် မရ အရ ကြိုးစားပစ်လိုက် ။ မရ - ရအောင် ကြိုးစားပစ်လိုက်ပါ ။ ဒါနဲ့ 
အဲဒီ ရဟန္တာက မြောက်ကျွန်းကိုသွားပြီး ဆွမ်းခံတယ် ။ တံပူတွေ ရေတွေ ယူလာ ခဲ့တယ် ။ ခုနက ရဟန်းတွေကို ကဲ - ငါရှင်တို့  တရားသာကြိုးစားကြ ။ ငါတစ် ယောက် တည်း ဆွမ်းခံကျွေးမယ်ပေါ့ ။ ဒါနဲ့  ဟိုခြောက်ပါးက တို့ တောင်ပေါ် တက်ကတည်းက အသက်အသေခံမယ် ဆိုပြီးတော့ ဘယ်သူက ရဟန္တာ ဖြစ်ခဲ့
လို့ ရှိရင် ဘယ်သူကကျွေးကြစမ်း ဆိုတဲ့ ကတိကဝတ် မပါဘူးဆိုပြီး ကျန် ခြောက်ပါး ကလဲ စားကို မစားဘူးတဲ့ ။ သေချင် သေပေ့စေ ။ ဇွဲကမညံ့ဘူးကွ ။
မင်းတို့ လူစုတွေဆို တောင်းစားဦးမှာ ။ ဟိုက အသက်ကိုစွန့် တာ ။
ဒါနဲ့ မစားဘူး ။ မစားတော့ ဟိုကိုယ်တော်ကလဲ မစားတော့ ဘယ်တတ်နိုင် ပါ့မတုံးကွာ ။ နောက်တစ်ပါးက နောက်တစ်ရက်ကျတော့ အနာဂါမ်တည်ပြန်
တယ် ။ သူကလဲ တန်ခိုး အဘိညာဉ်ရတာနဲ့  မြောက်ကျွန်းသွားပြီး ဆွမ်းခံ ကျွေး
ပြန်တာပဲ ။ ကျန်တဲ့ ငါးပါးကလဲ မစားဘူး ။ သေချင်သေပေ့စေ ။ နဂိုကတိကဝတ်
က တစ်ယောက်ကကျွေးလို့ ရှိရင် တစ်ယောက်ကစားကြစတမ်း ဆိုတာ နဂို ကတည်း ကကို မပါခဲ့ဘူး ။ မပါတဲ့အတွက် သူတို့ ဟာ အသက်စွန့် မယ်ဆိုပြီး
အသက်စွန့် ကြိုးစားတယ်လို့  မင်းတို့ အားလုံးက မှတ်ထားပေါ့ ။
ကျန်တဲ့ငါးပါးဟာ မဂ်ဖိုလ်တရားထူးကို မရကြဘဲ ခြောက်ကပ်ပြီး သေကုန် တယ် ။ အာဟာရပြတ်ပြီး သေကုန်ကြတယ် ။ သေတော့လဲ အကုန်နတ်ပြည် ရောက် ၊ နတ်ပြည်က ဆင်းပြီး တို့ ဘုရားကိုယ်တော်မြတ်ကြီး လက်ထက်ကျ
လာ တော့ တစ်ယောက်က " ဗာဟိယ " ၊ တစ်ယောက်က " ပုက္ကုသာတိ " ၊
တစ်ယောက်က " သဘိယ " ၊ တစ်ယောက်က " ကုမာရ ကဿပ " ၊ သွားဖြစ်
ကြတယ် ။ သူတို့ ငါးယောက် သွားဖြစ်ကြတယ် ။ အဲဒီ " ဗာဟိယဒါရုစိရိယ " က
သူတစ်ယောက် အပါအဝင်ကွ ။ အဲဒီတောင်ကလပ်ပေါ် တရားကျင့်တဲ့အထဲမှာ
တစ်ယောက်အပါအဝင်ပဲ ။
ဒါနဲ့  - အဲဒီ အနာဂါမ်တည်တဲ့ ရဟန်းကြီးက သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ သွား
ဖြစ်တယ် ။ ဗြဟ္မာ့ဘုံကနေပြီး နိဗ္ဗာန်ကူးတော့မှာပေါ့ကွာ ။ အဲဒီလို ဖြစ်ပြီးနေတော့
အဲဒီ အနာဂါမ်ကြီးက ကြည့်လိုက်တယ် ။ ဂေါတမမြတ်စွာဘုရားလဲ ပွင့်ပြီ ။ ငါ့မိတ်
ဆွေ တွေ ဘယ်များရောက်နေကြတုံး ဆိုပြီး ကြည့်လိုက်တော့ သြော် - တစ်ယောက်က " ပုက္ကုသာတိ " မင်းကြီးဖြစ်နေတယ် ။ တစ်ယောက်က " ဒါရု
စိရိယ " ဖြစ်ပြီး ရဟန္တာ မဟုတ်ပဲနဲ့  ရဟန္တာ လုပ်ပြီး နေပြန်ပြီ လို့ သူက သွားပြီး
မြင်ပြန်တာကိုးကွ ။
မြင်တဲ့အခါကျတော့မှ သူကကောင်းကင်ကနေ အရောင်အဆင်း အလင်း တွေနဲ့  ၊ ဟေ့ - ဒါရုစိရိယ ၊ ဘာလုပ်နေတာတုံးလို့  မေးတာပေါ့ ။ ဒါနဲ့  - ဒါရု
စိရိယ ကကြည့်လိုက်တယ် ၊ သြော် - ဗြာဟ္မာကြီးပါလား ။ ဗြဟ္မာကြီးက မင်းဟာ
ရဟန္တာ မဟုတ်ဘဲနဲ့  ရဟန္တာ လုပ်နေတာကိုး ။ ဟော - မြောက်ပိုင်းမှာ သာဝတ္ထိ
ပြည် ဇေတဝန်ကျောင်းတိုက်တော်မှာ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းနေတယ် ။
မင်းအဲဒီကိုသွား ။ မင်းဟာ ဘာမှ မဟုတ်သေးဘူး ။ အဲဒီကို သွားပါလို့ ပြောလိုက် တယ် ။ ယူဇနာတစ်ရာ့နှစ်ဆယ်တောင် ဝေးတာကွ ။
ဒါနဲ့  ဒါရုစိရိယ လဲ တစ်ညဥ့်တည်း အပြင်းသွားပြီး ရောက်သွားတယ် ။
ရောက်သွားတာ ဘယ်အချိန်ရောက်သွားသတုံးဆိုတော့ ခုနှစ်နာရီလောက်
ရောက်သွားတယ် ။ ခုနှစ်နာရီလောက်ရောက်တော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက သာဝတ္ထိမြို့ ထဲကို ဆွမ်းခံထွက်နေတယ် ။ ဒါရုစိရိယ က ဘုရား ကျောင်းတော် ကို ရောက်သွားတော့ ဂေါတမမြတ်စွာဘုရား ကော ဘယ်မှာနေ
တုံး မေးတာပေါ့ ။ ဟာ - ဂေါတမမြတ်စွာဘုရားက ဆွမ်းခံထွက်သွားတယ်လို့ 
ကျောင်းကဟာတွေက ပြောတဲ့အခါမှာ ၊ တွေ့ ချင်တယ်ဘုရား လို့ ဆိုတော့ ၊
မင်းကဘယ်ကလာသတုံး လို့ မေးတာပေါ့ ။ ယူဇနာတစ်ရာ့နှစ်ဆယ် ခရီးရှိတဲ့
" သုပ္ပါရက " သင်္ဘောဆိပ်က လာခဲ့ပါတယ် ။ အီတလီပြည်ကလာတာ ။ အီတလီ ပြည်ကနေပြီး အိန္ဒိယပြည် သာဝတ္ထိကိုလာတာ ။
ဒါနဲ့  - ဒါလောက် တစ်ညဥ့်လုံးကြီး လာခဲ့ရတာ ၊ ခြေကလေး ဘာလေး ဆေးပြီး ဆီလေး ဘာလေး နဲ့ နှယ်ပါဦး ဆိုတော့ ၊ မဟုတ်ဘူး ၊ ဒီအလုပ်တွေက
အပိုအလုပ်တွေပါ ၊ ဘုရားကိုယ်တော်မြတ်ကြီးနဲ့ တွေ့ ဖို့ သာ အရေးကြီးပါတယ် ။
ဘယ်ကိုကြွသွားသတုံး မေးတဲ့အခါ မှာ သာဝတ္ထိပြည်ထဲ ဆွမ်းခံကြွသွားတယ် ဆို
တာကို သိတာနဲ့ သူလိုက်သွားတယ် ။ လိုက်သွားတော့ ဘုရားကိုယ်တော် မြတ်ကြီး ကိုမြင်တဲ့နေရာကစပြီး တော့ ကုန်းပြီးသကာလ ခြေဖမိုးကိုသွားပြီး
ဦးတိုက်တာပဲ ။ အရှင်ဘုရား တရားဟောတော်မူပါ ။ ဟ - ဒါရုစိရိယ ဆွမ်းခံရင်း
ဘယ်တရားဟောရမှာတုံး ဆိုပြီး ဘုရားက ပယ်လိုက်တယ် ။
ဒါနဲ့ သူက နောက်ဆုတ်လိုက်တယ် ။ နောက် ဟိုနားတစ်ပြလောက် သွားမိ
ပြန်တော့ ၊ အရှင်ဘုရား တရားဟောတော်မူပါ ။ မဟုတ်ဘူးကွ ။ ဆွမ်းခံတုန်း
ရှိသေးတယ်ဆိုပြီး ဘုရားက ပယ်တယ် ။ အရှင်ဘုရား ဆွမ်းဆိုတာ ဘဝများစွာ
သံသရာက စားခဲ့ရပါပြီ ။ တရားရဖို့ သာ အရေးကြီးပါတယ် ။ တရားသာပေးပါ
ဆိုတော့ ဘုရားက မဟောသေးဘူး ။ ဒါရုစိရိယ က ပင်ပန်းတဲ့ စိတ်တွေက အင်မတန် များပြီးနေတော့ စိတ်မငြိမ်သေးလို့  ဥာဏ်ရင့်အောင်စောင့်နေတာ ။
နောက်တစ်ပြလောက် သွားမိတော့ အရှင်ဘုရား တရားဟောတော်မူပါ ၊ ခြေဖမိုး
ဦးတိုက်ပြီးတော့ ။
ကွာ - ဒါဖြင့် မြင်ရုံတင်ရပ်ကွာ ။ သဘောကျပလား ။ ကြားရင် ကြားရုံတင်
ရပ်ရမှာ ။ နံရင် နံရုံတင် ရပ်ရမှာ ။ နံတယ် သိတယ် ဆိုရင် ရပ်ပစ်လိုက် ။ ရှေ့  မဆက်နဲ့  ။ စားတယ်ဆိုလို့ ရှိရင်ကော စားရုံတင်ရပ်ရမှာ ။ စားတာကို ချိုမှန်းသိ ၊
ချဉ်မှန်းသိရင် ရပ်ပစ်လိုက် ။ ရပ်ပစ်လိုက်ပါတဲ့ ။ အဝတ် ဝတ်တယ်ဆိုရင် ၊ နူးညံ့
တယ် လို့ သိပြီးရပ်လိုက် ။ ကြမ်းတယ်လို့ သိပြီး ရပ်ရမှာ ။ ကြံစည်တာလဲ ကြံတယ် လို့ သိပြီးရင် ရပ်ရမှာ ။ အဲဒီတင် ရပ်လိုက်ကွ တဲ့ ဆိုတော့ ဥာဏ် ကလဲ
ဒါရုစိရိယ က တရားကျင့်ပြီးသား ပုဂ္ဂိုလ်ကိုးကွ ။ နဂိုကလဲ အရှိန်ပါလာတယ် ။
အရှိန်ပါလာတော့ အဲဒီတင် တရားနာရင်းမတ္တ နဲ့ ပဲ ရဟန္တာဖြစ်တယ်ကွ ။ အမြန်
တကာ့ အမြန်ထဲမှာ ဘုရားကိုယ်တော်မြတ်ကြီး လက်ထက်က သူအမြန်ဆုံးပဲ ၊
ရပ်တဲ့ တရားနဲ့ နော် ။
( မြင်ရုံတင်ရပ်ကွာ ။ ကြားရင် ကြားရုံတင်ရပ်ရမှာ ။ နံရင် နံရုံတင် ရပ်ရမှာ ။ နံတယ် သိတယ် ဆိုရင် ရပ်ပစ်လိုက် ။ ရှေ့  မဆက်နဲ့  ။ စားတယ်ဆိုလို့ ရှိရင် ကော စားရုံတင်ရပ်ရမှာ ။ စားတာကို ချိုမှန်းသိ ၊ ချဉ်မှန်းသိရင် ရပ်ပစ်လိုက် ။ ရပ်ပစ်လိုက်ပါတဲ့ ။ အဝတ် ဝတ်တယ်ဆိုရင် ၊ နူးညံ့တယ် လို့ သိပြီးရပ်လိုက် ။ ကြမ်းတယ်လို့ သိပြီး ရပ်ရမှာ ။ ကြံစည်တာလဲ ကြံတယ် လို့ သိပြီးရင် ရပ်ရမှာ ။ အဲဒီတင် ရပ်လိုက်ကွ တဲ့ ဆိုတော့ ဥာဏ် ကလဲ ဒါရုစိရိယ က တရားကျင့်ပြီး
သား ပုဂ္ဂိုလ်ကိုးကွ ။ နဂိုကလဲ အရှိန်ပါလာတယ် ။ အရှိန်ပါလာတော့ အဲဒီတင် တရားနာရင်းမတ္တ နဲ့ ပဲ ရဟန္တာဖြစ်တယ်ကွ ။ အမြန်တကာ့ အမြန်ထဲမှာ ဘုရားကိုယ်တော်မြတ်ကြီး လက်ထက်က သူအမြန်ဆုံးပဲ ၊ ရပ်တဲ့ တရားနဲ့ နော် )
ဒါနဲ့  - အရှင်ဘုရား တပည့်တော် ရဟန်းခံချင်ပါတယ် ။ မင်းရဟန်းခံချင်လို့  ရှိရင် ဒိပြင်လူတွေတော့ " ဧဟိဘိက္ခု " ခေါ်လိုက်ရင် ရဟန်းဖြစ်လာမှာပေါ့ကွာ ။
ဒါရုစိရိယ ကတော့ နောက်ဘဝတုန်းက သပိတ်သင်္ကန်း ဘာမှ မလှူဘူးတဲ့ ပုဂ္ဂိုလ်
ဖြစ်နေတော့ ၊ ဘုရားကိုယ်တော်မြတ်ကြီးက ခေါ်လို့ မဖြစ်ဘူး ။ ဒါနဲ့  မင်းသပိတ်
သင်္ကန်းတွေ ရှာချည်ကွာ ၊ သပိတ်သင်္ကန်းရှာချည်ဦး ဆိုတော့ သပိတ်သင်္ကန်း
အရှာထွက်ရာမှာပဲ ဘီလူးမက နွားယောင်ဆောင်ပြီး သူ့ ကို ခွေ့ ပြီးသတ်ပစ်လိုက် တယ် ။ သတ်ပစ်လိုက်တော့ သေရောဆိုပါစို့  ။

                                                                                        (ဆက်လက်ဖေါ်ပြပါမည်)။

                                                                            အရှင်ဉာဏဓဇ
                                                          မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                      မိခင်ပင်မသံဝေဇနိယဌာန
                                                                                အမရပူမြို့။

No comments:

Post a Comment