Friday, May 6

မိုးကုတ်ဆရာတော်ဘုရားကြီး နိဗ္ဗာန်ရောက်ကြောင်းတစ်မျိုး အပိုင်း ( ၃ )

                                                      ( ည အလုပ်ပေး တရားတော် )
                                                     ( ဗာဟိယ - ဒါရုစိရိယ ဥပမာပြ )
                                                          အပိုင်း( ၂ ) အဆုံး * *
ဒါနဲ့  - အရှင်ဘုရား တပည့်တော် ရဟန်းခံချင်ပါတယ် ။ မင်းရဟန်းခံချင်လို့  ရှိရင် ဒိပြင်လူတွေတော့ " ဧဟိဘိက္ခု " ခေါ်လိုက်ရင် ရဟန်းဖြစ်လာမှာပေါ့ကွာ ။
ဒါရုစိရိယ ကတော့ နောက်ဘဝတုန်းက သပိတ်သင်္ကန်း ဘာမှ မလှူဘူးတဲ့ ပုဂ္ဂိုလ်
ဖြစ်နေတော့ ၊ ဘုရားကိုယ်တော်မြတ်ကြီးက ခေါ်လို့ မဖြစ်ဘူး ။ ဒါနဲ့  မင်းသပိတ်
သင်္ကန်းတွေ ရှာချည်ကွာ ၊ သပိတ်သင်္ကန်းရှာချည်ဦး ဆိုတော့ သပိတ်သင်္ကန်း
အရှာထွက်ရာမှာပဲ ဘီလူးမက နွားယောင်ဆောင်ပြီး သူ့ ကို ခွေ့ ပြီးသတ်ပစ်လိုက် တယ် ။ သတ်ပစ်လိုက်တော့ သေရောဆိုပါစို့  ။
                                                  အပိုင်း ( ၃ )
                                                    ******
ဒါနဲ့  - ရဟန်းတွေကလဲ ဆွမ်းခံပြီး အကုန်ပြန်လာတဲ့အခါမှာ ဒါရုစိရိယ ကို
အမှိုက်ပုံထဲမှာ သေနေတာ တွေ့ ကြတယ် ။ ဒါနဲ့  - ဘုရားကိုယ်တော်မြတ်ကြီး
ကျောင်းရောက်တော့ အရှင်ဘုရား - လမ်းမှာ တရားတောင်းတဲ့လူတော့ ဟို
အမှိုက်ပုံထဲမှာ သေနေပြီ ။ ဟ - သေတာမဟုတ်ဘူးကွ ၊ မင်းတို့ အပေါင်း အဖေါ် အာသဝေါ ကုန်ခန်းပြီး ရဟန္တာ ဖြစ်တယ်ကွ လို့ ပြောတော့ အို - ဘယ်
အချိန် ကျင့်လိုက်ပါလိမ့်မတုံးလို့  မေးကြတာပေါ့ ။ ကျင့်ချိန်မှ မပါတာကိုး ။
ဘယ်အချိန် ကျင့်လိုက်ပါလိမ့်မတုံး ဆိုတော့ ကျင့်ချိန်မှ မပါတော့ ၊ ဒါ ကျင့်
တာပဲကွ ။
"" မြင်တာ မြင်ရုံတင်ရပ် "" ဆိုတာ ကျင့်တာပဲ ။
"" ကြားတာ ကြားရုံတင်ရပ် "" ဆိုတာ ကျင့်တာပဲ ။
ဒါ - အကျင့်တစ်မျိုးပဲ ။ ကိလေသာမှ မလာပဲကိုး ။
ကိလေသာ မလာအောင် ကျင့်တာ အကျင့်ချည်းပေါ့ကွ ။
ကိလေသာ မလာအောင် - ကျင့်တဲ့ အကျင့်ဟာ အကျင့်တစ်မျိုး ။
တို့ ဖြစ်ပျက် အားထုတ်နေတာလဲ ကိလေသာမလာအောင် လုပ်တာပဲ ။
ဒါလဲ ရပ်နိုင်တဲ့ သတ္တိ ရှိရင် ကိလေသာ မလာတော့ဘူး ။ ကိလေသာ မလာ
တာပဲ ရပ်နိုင်တဲ့ သတ္တိ ရှိလို့ ရှိရင် ။
အဲဒီကဲ့သို့  အားထုတ်တဲ့အခါ မြင်ရုံတင်ရပ် ၊ ကြားရုံတင်ရပ် ၊ ဆိုတာ
သူရယ် ( ဒါရုစိရိယ ) ၊ တစ်နေ့ က ငါဟောခဲ့တဲ့ " မာလုကျပုတ္တ ရယ် " ၊ သူတို့ 
နှစ်ယောက်ပဲ ရှိတယ် ။
* ( ၁ ။ ဗာဟိယ - ဒါရုစိရိယ နှင့် ၂ ။ မာလုကျပုတ္တ )
ဒါကြောင့် တစ်ချို့ ဂိုဏ်းတွေကျတော့ တင်လှတို့ လဲ ကြားဖူးမှာပေါ့ ။ မြင်တယ် မြင်တယ် လုပ်နေ ၊ ကြားတယ် ကြားတယ် လုပ်နေ ၊ ဆိုတာ
ဒီ ကမ္မဋ္ဌာန်း ကို ပေးတာကွ ။ သူတို့ က အနိစ္စ မပါဘူး ။ မြင်ရင် မြင်တယ်မှတ် ၊
ကြားရင် ကြားတယ်မှတ် လို့  ။ အဲဒါ - ဒါပေးတာပဲကွ ။ လွဲတယ်လို့  သွားမဆို
ကြနဲ့  ။ လွဲတယ် သွားမလုပ်နဲ့  ။ ကိုယ်က ဗဟုသုတ မရှိလို့  ။
သူက ရပ်ခိုင်းတာကွ ၊ မြင်တာ မြင်ရုံတင်ရပ် ။ ကြားတာ ကြားတာနဲ့ ရပ်
ဆိုတော့ကို ကိလေသာက လာသေးရဲ့လား ။ မလာတော့ဘူး ။ အဲဒီ ကမ္မဋ္ဌာန်း
ကို ပေးကြတာ ။ သို့ သော် တို့ က ဒီကမ္မဋ္ဌာန်းကို ဘာလို့ မပေးတာတုံးဆိုတော့
မင်းတို့ လူစုထဲမှာ ရပ်နိုင်တဲ့ လူကမပါဘူး ။ မပါတော့ ဟောဒါကို ဖြစ်ပျက်ရူ ။
ဒါကို ဖြစ်ပျက်ရူ ။ ကြိုက်တာကိုရူဆိုပြီး နင်တို့ ကို ပေးရတာ ။ နင်တို့ က ရပ်လို့ 
မှမရတာ ။ မြင်တယ်ဆို မုန်းလိုက်တာက အရင်လာပြီ မဟုတ်လား ။ အင်း -
ချောချောလှလှ အထည်လိပ်ကလေး ကိုမြင်ပြန်ရင် လိုချင်လိုက်တာက အရင် လာ တယ် ။ မြင်သိတင် မကတော့ဘူး ၊ လိုချင်တာက ရောက် - ရောက် သွား
တယ် ။ အဲဒီတော့ တင်လှတို့ လူစုက ရပ်လို့  ရရဲ့လား ။ မရတဲ့ ပုဂ္ဂိုလ်ကျတော့
ဖြစ်ပျက်ကမ္မဋ္ဌာန်း ပေးရတယ် ။ ဟ - ရဖို့ ဟာက တယ်မလွယ်ဘူးကွ ။ မင်းတို့ 
စိတ်နဲ့ လေ ။
အဲဒီတော့ကို အခုကမ္မဋ္ဌာန်းပေးကြတဲ့ ဆရာတွေက မြင်တယ် - မြင်တယ်
လုပ်နေ ၊ ကြားတယ် - ကြားတယ်လုပ်နေ ၊ နံတယ် - နံတယ်လို့ သိနေ ၊ စားတယ် - စားတယ်လို့ သိနေ ၊ အိပ်တယ် - အိပ်တယ်လို့ သိနေ ဆိုတာက
ဟိုရှေ့ မဆက်အောင် လို့  လုပ်ခိုင်းနေတာ ။ အဲဒါ - သူတို့  ကမ္မဋ္ဌာန်းကတစ်မျိုး
ပဲ ။ သူတို့ ဟာက အနိစ္စ ဒုက္ခ အနတ္တ မပါဘူးလို့ သွားလုပ်မနေနဲ့  ။ ရပ်နိုင်ရင်
ဟုတ်တာပဲ ။ မရပ်နိုင်ရင် တော့ မဟုတ်ဘူး ။ မရပ်နိုင်ရင်တော့ တရားက မဟုတ်
တာလား ၊ ကိုယ်က မဟုတ်တာလား ဆိုတာကို အကဲခတ် ။ ကိုယ်က မဟုတ်တာ လို့  မှတ်ကြ ။
သို့ သော် ဒီကမ္မဋ္ဌာန်းက အခုဘုရားကိုယ်တော်မြတ်ကြီး ( ၄၅ ) ဝါ ဟောခဲ့ တဲ့ တရားတွေထဲမှာ သူတို့ နှစ်ယောက်တင်ပါတာ ။ အများနဲ့ ဆက်ဆံ တာ က တော့ အခုမင်းတို့ ရူနေတဲ့ ဥစ္စာပဲ ။ အများနဲ့ ဆက်ဆံတာကတော့ ဖြင့် ဖြစ်ပျက်
ပဲ ။ ဒါက သူတို့ နှစ်ယောက်တင် ဆက်ဆံတာ ။ အဲဒီတော့ မှားတယ်လို့ တော့
မဆိုနဲ့  ။ ကိုယ်လုပ်ချင်ရင်လုပ် ။ ကိုယ့်စိတ်နိုင်ရင်လုပ်ပါ ။
ကိုယ်စိတ်နိုင်ရင် ဆိုတဲ့ အဓိပ္ပါယ်က တခြားမဟုတ်ပါဘူးတဲ့ ။ ကိုယ့်စိတ်က
ရပ်နိုင်တယ် ဆိုလို့ ရှိရင် လုပ်ပါ ။ သို့ သော် မင်းတို့ အထဲမှာ ငါတွေးကြည့်တယ် ။
ရပ်နိုင်တဲ့လူ တစ်ယောက်မှ ပါမယ်မထင်ဘူး ။ မြင်ရင် မုန်းတာရယ် ၊ မြင်ရင် ခင်တာရယ် ၊ မြင်ရင် မသိတာရယ် ၊ တစ်ခါတည်း အဝိဇ္ဇာတွေနဲ့  ၊ တဏှာနဲ့  ၊
ဥပါဒါန်တွေက နောက်ကနေ အမြဲတမ်း လိုက်မနေပေဘူးလား ။ အေး - ဒါတွေ
ကိုသိတော့ တို့ နဲ့ တော့ မဖြစ်ဘူးဆိုရင်လဲ ဒီမြင်တာရင်လဲ ဖြစ်ပျက်ရူ ။ သိတာရင်လဲ ဖြစ်ပျက်ရူ ။ အင်း - မြင်စိတ်ကိုဖြစ်ပျက်ရူရင်ရူ ၊ သိတဲ့စိတ်ကိုလဲ
ဖြစ်ပျက်ရူရမှာ ။ ဒါမှ ရူမရလို့ ရှိရင် ကျန်ခန္ဓာလှည့်ရူ ။ အကုန်ဖြစ်ပျက်တွေ တွေ့ 
လို့ ရှိရင်လဲ သူတို့ လိုပဲ ရပ်နိုင်တာပဲ ။
* ( အကုန်ဖြစ်ပျက်တွေ တွေ့ လို့ ရှိရင်လဲ သူတို့ လိုပဲ ရပ်နိုင်တာပဲ ။ )
သူတို့ ကတော့ ထက်တဲ့ ပုဂ္ဂိုလ်တွေကိုးကွ ။ " ခိပ္ပါဘိည " ပုဂ္ဂိုလ်ဆိုတော့
ခိပ္ပါဘိည = " လျင်မြန်သော မဂ် ဖိုလ် အသိဥာဏ်ရှိသော အရာဝယ် အသာဆုံး အမြတ်ဆုံးပုဂ္ဂိုလ် " ။ လူ ထူး တဲ့ ။ အမြန်ကို ခရီးပေါက်တဲ့ ပုဂ္ဂိုလ် ပဲ ။ အမြန် ခရီးပေါက်တဲ့ ပုဂ္ဂိုလ်လို တို့ ဥာဏ်ထူလပိန်းကနေပြီး သူ့ နောက် လိုက်လို့ တော့
ဖြင့် တော်တော်နဲ့ မမီပေဘူးကွ ။ မီနိုင်ပါ့မလား ။ မမီနိုင်တော့ ဖြစ်ပျက်သမားက
ဖြစ်ပျက်မိအောင်ရူ ။ အနိစ္စ ဒုက္ခ ပဲရူ ။ သူက အနိစ္စ ဒုက္ခမပါဘူး ။ ရပ်နိုင်လို့ သူက
ပြီးသွားတာ ။ ရပ်နိုင်လို့  တဏှာက သေသွားတာ ။ မလာပါများတော့ မလာတာ ပေါ့ကွာ ။ ဧည့်သည်လာတိုင်း နှင်ပစ်တယ် ၊ ဧည့်သည်လာတိုင်း နှင်ပစ်တယ် ဆိုရင် နောက်ကို ဒီဧည့်သည် ဟာလာပါဦးမလား ။
အဲ - သူကလဲ ရပ် - ရပ် ပစ်လိုက်တဲ့အတွက် ဒီ ဧည့်သည် ကကြာတော့ အမြစ်ပြတ်သွားတာ ။ အမြစ်ပြတ်ပြီး မလာပဲနေလိုက်တာပဲ ။ အဲ - ဒါရုစိရိယ ရယ်
မာလုကျပုတ္တ ရယ် ၊ ဒီနှစ်ယောက်ပဲ ရှိတယ် ။ ဒီ ရပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာလေ ။ ရပ်
နိုင်လို့ ပဲ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ ခြေဖမိုးကို ဝတ်ချရင်း မတ္တနဲ့  သူတို့ 
အကုန် ရပ်နိုင်တာကိုးကွ ။ ရပ်နိုင်တော့ တဏှာသေသွားတာပေါ့ ။
ဒါနဲ့  - ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတွေက အမှိုက်ပုံထဲမှာ
သေနေတယ်လို့  လျှောက်တော့ ၊ သွားမီးရှို့ ချည်ကွ ဆိုတော့ တစ်ခါတည်း ဓာတ်တော်တွေ ကျလာတယ် ။

                                                                          ============
                                                                                      နောက်ဆုံး အပိုင်းကို ဆက်ပါဦးမည် ။

                                                                                                     အရှင်ဉာဏဓဇ
                                                                                    မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                 မိခင်ပင်မသံဝေဇနိယဌာန
                                                                                                       အမရပူရမြို့။

No comments:

Post a Comment