Sunday, July 2
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့ ၌ ဟောကြားတော်မူသော တရားတော် မလျှော့ မတင်း ကျင့်မှရမယ်
            ဒကာ ဒကာမတို့အခု ရှေ့ က သုံးခုပြပြီးသကာလထားတဲ့ဥစ္စာဟာ အရင်ပြောပြီးသားအတိုင်း ဒါလွန် ခဲ့တဲ့ဘ၀လို့ မှတ်ထားကြပါ ။
            ဒါ ယခုရောကဆဲ ပစ္စုပ္ပန်ဘ၀ ၊ ခန္ဓာငါးပါးရထားတဲ့ ဘ၀လို့ မှတ်ထားကြပါ။ နိဗ္ဗာန်မရသေးရင် ကြုံရ ဆုံရမှာ အနာဂတ်ဘ၀လို့ မှတ်ထားကြပါ ။ ဘယ်နှစ်မျိုးရှိပါသလဲ ။ ( သုံးမျိုးရှိပါတယ်ဘုရား )။
            ဩော် ဒါဖြင့် ဘ၀သုံးပါးမှာ ကျင်လည်မျောပါသွားရတာ ဘယ်သူ့ ကြောင့်တုံးလို့ မေးဖို့လိုမလာဘူး လား …  ( လိုလာပါတယ်ဘုရား ) ဘ၀သုံးပါး ကျင်လည်မျောပါသွားလာနေကြတာ ဘယ်သူ့ကြောင့်ပါလိမ့်မ လဲလို့ ဒကာ ဒကာမတွေအကြောင်း လက်သည်ကိုရှာကြပါစို့ … ။
            အကြောင်းလက်သည် ရှာတဲ့အခါကျတော့ တစ်နေ့ကဟာလေး ပြန်ပြီးမှတ်ထားမှ လည်သာလည်ရတယ် ကိစ္စမရှိဘူးဆိုတာကို လာမှာလည်း စိုးရိမ်ရတယ် ။
            ကိစ္စရှိတယ်ဆိုတာလည်း ဒကာ ဒကာမတွေ သိစေချင်တယ် ။ ဒီလွန်ခဲ့တဲ့ ဘုန်းကြီးတို့ လာရာဘ၀ ၊ လာရာဘ၀ ကလည်း ခန္ဓာငါးပါး ။
            ခန္ဓာငါးပါးကြီးက ဘာဖြစ်လာသတုံးလို့ မေးတဲ့အခါကျတော့ ၊ ခန္ဓာငါးပါးက နောက်ဆုံးပိတ်အဖြစ်၊ အဖြစ်ဆိုးက ဘာပါလိမ့်မတုံးဆိုတော့ စုတိဆိုတဲ့ အသေဆိုးဟာ ဒါအတိတ်ဘ၀၏ လမ်းဆုံးလို့ ဆိုလို့ရှိရင် မှန်တယ်လို့ပဲ ဆုံးဖြတ်ချက်ချရမှာပဲ … ( မှန်ပါ ) ။
အတိတ်ဘ၀၏ လမ်းဆုံးဟာစုတိ 
            အတိတ်ဘ၀၏ လမ်းဆုံးဟာ စုတိပဲ ။ သေတာပဲ သဘောကျပလား ( ကျပါပြီ ) သေပြီး၊ ပြီးတာပဲလားလို့ မေးတဲ့အခါကျတော့ မပြီးသေးဘူး ။ ဒါကြောင့် ဒီသေတဲ့အချက်ကလေးဟာလည်း ဒကာ ဒကာမတွေ တစ်နေ့က နာပြီးသား ဖြစ်နေတော့ အာသ၀ အစရှိသည်ကို ပြောချင်လို့ ဒါစလာတယ်လို့ မှတ်ရ မယ် .. ( မှန်ပါ့ ) ။
            စုတိဘာသစ္စာတဲ့ … ( ဒုက္ခသစ္စာပါဘုရား ) သြော်… အတိတ်ဘ၀ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းခဲ့ရတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတိတ်ဘ၀က ဘာနဲ့ ဇာတ်သိမ်းခဲ့ရလဲ … ( ဒုက္ခသစ္စာနဲ့ ပါဘုရား ) ။
နောက်ဘ၀က ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့တယ် 
            ဒုက္ခက ဆင်းရဲတာ ၊ သစ္စာက မှန်တာ မောင်နိုင် ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ကြရတယ် ( မှန်ပါ့ ) ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ကြရတယ်ဆိုတာ ဒကာ ဒကာမတွေ လွန်ခဲ့တဲ့ ဘ၀က ဖြင့် အခုသာ ဉာဏ်နဲ့ ကြည့်ပါတော့ ။
            သြော် ဒို့ နောက်ဘ၀က ဘာဖြစ်ခဲ့ပါလိမ့်ဆိုတော့ ဘာမှ ဖြစ်ခဲ့ပါဘူး၊ ဒကာ ဒကာမတွေ ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့တယ် ရှင်းကြပလား ( ရှင်းပါပြီ )နောက်ဘ၀က ဘာနဲ့ဇာတ်သိမ်းခဲ့ကြပါလိမ့် .. (ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းခဲ့ရပါတယ် ဘုရား ) ။
            ဆင်းရဲတာမှ မှန်လိုက်တဲ့ဖြစ်ခြင်း၊ စုတိပိဒုက္ခသစ္စာဆိုတာလည်း ငြင်းစရာမရှိအောင်ပဲ မှန်ပြီးသကာလနေတယ်၊ ဆင်းရဲအမှန်နဲ့ ဇာတ်သိမ်းပြီးသကာလ ယခု ဒီဘ၀ အမေ့ဝမ်းခေါင်းထဲကို ရောက် ပြီးသကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရောက်ပြီးသကာလ လာကြတယ် ။
            လာကြတော့လည်း အင်း .. ဘယ်နေရာများ ရောက်ပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား .. (လိုပါတယ် ) ဇာတိပဋိသန္ဓေရောက်ပြီ .. ( မှန်ပါ့ ) ။
            ဇာတိပဋိသန္ဓေနဲ့ မနေကြရပေဘူးလား … ( နေကြရပါတယ် ) ပစ္စုပ္ပန်ဘ၀အစ ဇာတိကပေါ့ဗျာ … ( မှန်ပါ့ ) ။
ယခုဘ၀မှာ ဆင်းရဲအမှန်နဲ့ စကြရပြန်ပြီ
            ဇာတိသစ္စာလေး ဒကာ ဒကာမတွေက ဖွဲ့လိုက်ပါဦး … ( ဒုက္ခသစ္စာပါဘုရား ) သြော် ဒုက္ခသစ္စာနဲ့ပဲ စရတယ်စရပြန်ပြီ ဒီဘ၀ ။
            အင်း .. အတိတ်ဘ၀ကလည်း ဘာနဲ့ အဆုံးသတ်ခဲ့ကြ .. ( ဒုက္ခသစ္စာနဲ့ပါ ) သြော် .. ဒုက္ခသစ္စာနဲ့ အဆုံးသတ်ပြီး ယခုဘ၀မှာလဲ ဘာနဲ့စရသလဲ ( ဒုက္ခသစ္စာနဲ့ပါ ) ။
            ကိုယ်ကျိုးနည်းပြီ ၊ ကိုယ်ကျိုးနည်းပြီ ဒကာ ဒကာမတို့ ဟိုဘက်ဘ၀ကလည်း ဒုက္ခသစ္စာနဲ့ အဆုံးသတ်ခဲ့တယ် ၊ ဒီဘ၀ရောက်ရင်တော်ရောလားလို့ အောက်မေ့လိုက်တယ် ဒုက္ခသစ္စာနဲ့ စရတယ် ။
အနေမှာလည်း ဆင်းရဲအမှန်နဲ့ နေကြရပြန်ပြီ 
            ဇာတိပိဒုက္ခသစ္စာလို့ ဘုရားအဆူဆူတိုင်း ဟောတယ် ။ မှန်လည်း မှန်ပါပေတယ်၊ ဒီဘ၀ ဒကာ ဒကာမတွေ နေပြန်တော့လည်း ၊ အသက်ရှင်သလောက်ကလေး နေရပြန်တော့ သွားလား ၊ လာလား၊ နေတာထိုင်တာ ပြောလားဆိုလားနဲ့ ရုပ်နာမ်တွေဟာ ဖြစ်ပျက်သဘောနဲ့နေရတော့ ၊ သြော်… အနေမှာလည်း ဒုက္ခသစ္စာနဲ့ပဲလို့ပဲဆုံးဖြတ်ချက်ချလိုက်ပါတော့ .. ( မှန်ပါ့ ) သဘောကျပလား .. ( ကျပါပြီ ) ။
            အနေမှာလဲ ဘာပါလိမ့် ( ဒုက္ခသစ္စာပါ ) ကိုင်း… ဒီဘ၀လည်း သက်တန်းစေ့လို့ ကျုပ်တို့ မလွှဲသာတဲ့ အကြုံမျိုး ကြုံကြပါစို့ဆိုတော့ သေရမှာပဲ ၊ မသေရပေဘူးလား … ( သေရမှာပါဘုရား ) ။
ချမ်းသာဟူသမျှ ၊ မြူစမှမပါ 
            အဲဒီအသေ၊ သူတို့ပါသွားတဲ့ အသေကိုလည်း သစ္စာလေးဖွဲ့ လိုက်ပါဦး  ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းရ မယ်ဆိုတော့ အရိယာမျက်လုံး တပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဖြင့် ချမ်းသာဟူသမျှ မြူစမှမပါ   ဆိုတဲ့ အဓိပ္ပါယ်ရှင်းပြီ ( ရှင်းပါပြီဘုရား ) ။ မရှင်းဘူးလား … ( ရှင်းပါပြီ ) ။
            ကဲ ဒါဖြင့် ပစ္စုပ္ပန်ဘ၀ ၊ ယခုဘ၀ ၊ ဘုန်းကြီးကော၊ ဒကာ ဒကာမတွေကော သေကြကြေကြပါစို့ဆို တော့ ဒုက္ခသစ္စာနဲ့ ဇာတ်သိမ်းကြဖို့နော် ( တင်ပါ့ ) ။
            ဘုန်းကြီးဟောတဲ့တရား၊ ဘုရားဟောတော်မူတဲ့တရား ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ မရလို့သစ္စာမရကြ သေးဘူဆိုလို့ရှိရင် အနာဂတ်ဘ၀တော့ဖြင့် မကြုံမရှိတော့ဘူး။
            ကြုံတော့ အနာဂတ်ဘ၀ ဇာတိကစပြန်လို့ရှိရင်လည်း ဘာသစ္စာပါလိမ့်  ဒုက္ခသစ္စာနဲ့ အဆုံးသတ်ပြီး ပစ္စုပ္ပန်ဘ၀ ဒုက္ခသစ္စာနဲ့ စ ၊ အလယ် ဒုက္ခသစ္စာနဲ့နေ ၊ အဆုံး ဒုက္ခသစ္စာနဲ့ဆုံး ။ 
            ဆုံးရာကနေပြီး အနာဂတ်ဘ၀ ၊ ဒကာ ဒကာမတွေက စလိုက်ပြန်ပြီဆိုမှဖြင့် ဒုက္ခသစ္စာပဲ ပြန်ရတော့ ဒုက္ခတွေနဲ့ချည်းဆွဲဆွဲသွင်းတာ လက်သည်ရှာကြပါစို့ ဆိုတဲ့ အဓိပ္ပါယ်ဟာရှင်းသွားပြီနော်။
သမုဒယသစ္စာမှာ ၊ အဖေါ်ရှိသေးတယ် ။
            လက်သည်ရှာကြပါစို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်နေ့က လောဘပြောခဲ့ရတယ် ၊ သမုဒယသစ္စာ ပြောခဲ့တယ် ၊ အခုပြောရမှာကတော့ သမုဒယသစ္စာမှာ အဖေါ်ရှိသေးတယ်ဟေ့လို့ ။ ဒကာ ဒကာမတွေကို ပြောချင်လို့ ဒီတရားစလာတာပဲ ( မှန်ပါ့ ) ။
            သမုဒယသစ္စာဟာ သူချည်းသက်သက်နဲ့မစွမ်းနိုင်ဘူးကွ .. အကူအညီတွေနဲ့ ယူပြီးသကာလ ဒီဒုက္ခတွေ၊ ဆွဲသွင်းနေတာပါကွ ဆိုလို့ရှိရင်လည်း အမှန်ပါပဲ ဆိုတာကို ဆုံးဖြတ်ချက်ချရပါလိမ့်မယ်နော် ။
အာသ၀၏ ဒဏ်ချက်
            အာသဝေါတရားလေးပါး၏ ဒဏ်ချက် ၊ အာသဝေါတရားလေးပါးက တစ်ခုသောဒုက္ခသစ္စာပြီးလို့ရှိ ရင် တစ်ခုသောဒုက္ခသစ္စာထဲသို့ အာသ၀ တစ်ခါတည်း မျှောပေးလိုက်တယ် ( မှန်ပါ့ ) ။ 
            ဒီကနေပြီး မျှောပေးလိုက်တော့ ဒုက္ခသစ္စာကျုပ်တို့အဆက်မပြတ်ဘူး၊ ပြတ်သေးရဲ့ လား ( မပြတ် ဘုရား ) ၊ သြော် အာသ၀ဒဏ်ချက် ကျုပ်တို့ဖြင့် ခန္ဓာဒုက္ခနဲ့သာ ကြုံရတယ်လို့ပဲ ပြောကြပါစို့ ။ 
            တစ်ခုသော ဒုက္ခပြီး၊ တစ်ခုသော ဒုက္ခကို ၊ သယ်ပို့ယူဆောင်ပြီးသကာလ အရောက်ပို့တာ ဘယ်သူ ပါလိမ့် … ( အာသ၀ပါဘုရား ) ။
အာသ၀မကုန်ရင် ဒုက္ခမကုန်ပါ
            ဒါကြောင့် ကာမာသ၀ ၊ ဘ၀ါသ၀ ၊ ဒိဋ္ဌာသ၀ ၊ အ၀ိဇ္ဇာသ၀တွေ၏ ဒဏ်ချက်ပဲဆိုတာဖြင့် သဘောကျလောက်ပါပြီ … ( ကျပါပြီ ) တစ်ခုသော ဒုက္ခအဆုံးမှ တစ်ခုသောဒုက္ခအစကို မရရအောင် သယ်ယူပို့လိုက်တာ ဘယ်သူပါလိမ့် …. ( အာသ၀ ပါ ) ။
            ဒါကြောင့်တဲ့ အာသ၀ မဆုံးသေးသ၍ကျုပ်တို့သည် ဒုက္ခမကုန်ဘူးဆိုတာကိုလည်း သေသေချာချာသာ မှတ်ကြပါတော့ အာသ၀မကုန်ရင် .. ( ဒုက္ခမကုန်ပါ ) ။
            ဒုက္ခမကုန်ဘူးဆိုတာ ရှင်းကြလင်းကြပါပြီလား ( ရှင်းပါပြီ ) တစ်ခါပစ္စုပ္ပန်ဘ၀ ၊ အခုဘ၀ ၊ သေရမယ့် စုတိနဲ့ နောင် အနာဂတ်ဘ၀ အနာဂတ်ဒုက္ခကြီးနဲ့ ဆက်သွယ်ပေးလိုက်တာ ဘယ်သူတုံး .. ( အာသ၀ပါ ) ။ အာသ၀တို့ သြဃတို့ ယောဂတို့ပေါ့ဗျာ ၊ သဘောကျပလား … ( ကျပါပြီ ) ။
အာသ၀၏ စွမ်းရည်သတ္တိ
            ဒီလိုချည့်ပဲ ကျုပ်တို့သည် တစ်သံသရာလုံးဖြင့် တစ်ခုသော ဒုက္ခဆီက တခုသောဒုက္ခဆီကို အရောက်ပို့တာ အာသဝေါတို့၏ စွမ်းရည်သတ္တိကဖြင့် သူတို့ မကုန်သ၍ ကျုပ်တို့မှာ တစ်ခုသော ဒုက္ခနဲ့ တခုသော ဒုက္ခကို အခြားမရှိအောင် ဆက်ပေးပါလိမ့်မယ်ဆိုတာကို မှတ်လိုက်တာပေါ့ ( မှန်ပါ့ ) ။
            အခြားမရှိအောင် ဆက်ပေးပါလိမ့်မယ် ဒကာ ဒကာမတို့ ( မှန်ပါ့ ) အခြားမရှိအောင် ဆက်ပေးဆို တာ ရှင်းရှင်းလင်းလင်းပဲမှတ်လိုက်ပါဦး ။
အနန္တရပစ္စည်းက ကျေးဇူးပြုတယ်        
အနန္တရ ပစ္စယောဆိုတာ ကြားဘူးကြလိမ့်မယ်၊ အနန္တရ ပစ္စယောဆိုတာ ကြားဘူးကြလိမ့်မယ် ၊ မြန်မာလိုပြန်လိုက်တဲ့အခါ အခြားမရှိမူ၍၊ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ ဘယ်လိုပါလိမ့် …(အခြားမရှိမူ၍ ကျေးဇူးပြုတတ်သောတရားပါ ) ။ 
            အဲဒီ အတိတ် စုတိ ၊ ဟောဒီယခုရောက်ဆဲဖြစ်တဲ့ ပစ္စုပ္ပန်အမေ့ဝမ်းခေါင်းထဲရောက်တဲ့ ပဋိသန္ဓေနဲ့ ဟာ ကြားထဲမှာ လေတောင်မသွေးလိုက်ပါဘူး၊ ဒကာ ဒကာမတွေကြားထဲမှာ လေတောင် မသွေးလိုက်ပါဘူး တဲ့ ၊ အခြားမရှိပါဘူး၊ ( မှန်ပါ့ ) သဘောကျပလား ( ကျပါပြီ ) ။
            သေခြင်းဆင်းရဲပြီးတော့ နေခြင်းဆင်းရဲလာတယ် ( မှန်ပါ့ ) သေခြင့်ဆင်းရဲပြီးတော့ ( နေခြင်းဆင်းရဲ လာပါတယ် ) ။
            အင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၊ ဆင်းရဲနှစ်ခုကို တစ်ဆက်တည်း စပ်ပေးလိုက်တာသည်၊ ပဋ္ဌာန်းနည်းနဲ့ ပြောတော့ အနန္တရပစ္စည်းလို့ဆိုရမယ်။
သုတ္တန်နည်း
            သုတ္တန်နည်းနဲ့ ပြောရလို့ရှိရင် အာသဝေါတရားတို့၏ ဆက်သွယ်မှုပဲ ၊ ပဋ္ဌာန်းနည်းနဲ့ ပြောလို့ရှိရင် ..   ( အနန္တရပစ္စည်း ) အနန္တရပစ္စယောဆိုပြီး ကျေးဇူးပြုချလိုက်တယ် ၊ အဘိဓမ္မာနည်းနဲ့ ။
            သုတ္တန်နည်းနဲ့ ဆိုလို့ရှိရင် အာသဝေါတရားက ဆက်သွယ်ပေးလိုက်တာပဲ ၊ စုတိဒုက္ခနဲ့ ပဋိသန္ဓေ ဒုက္ခဆက်သွယ်ပေးလိုက်တာပဲ။ သုတ္တန်နည်းမှာ အာသဝေါတရားတို့၏ စွမ်းရည်သတ္တိ သဘောကျပလား … ( ကျပါပြီ ) ။
အဘိဓမ္မာနည်း 
            အဘိဓမ္မာနည်းမှာ အနန္တရ၏ စွမ်းရည်သတ္တိ ရှင်းကြပလား ( ရှင်းပါပြီ ) သုတ္တန်နဲ့ အဘိဓမ္မာနှစ်ခုစ လုံးညီအောင် ဟောနေတယ်လို့ မှတ်ပါနော် ။
            ကိုင်း ပစ္စုပ္ပန်ဘ၀ အခုဘ၀မှ အနေဒုက္ခတွေ ပေးပြီး သကာလ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ မလွှဲသာ မရှောင်သာ အသေဒုက္ခက ကြုံကြရတယ်၊ ရောက်မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ မငြင်းကြပါနဲ့ နော် ။
            အဲဒီအသေဒုက္ခနဲ့ အနာဂတ်ဘ၀ နိဗ္ဗာန်မရလို့ ဘုန်းကြီးပြောတဲ့တရား၊ ဘုရားဟောတောမူလို့ တရားတွေအားမထုတ်ကြတော့ဘူးဆိုရင်ဖြင့် အနာဂတ်ဘ၀ကို လာလတ္တံ့  ဘ၀ဖြစ်တဲ့ ပဋိသန္ဓေဒုက္ခနဲ့ သွား ဆက်ဦးမယ် … ( မှန်ပါ့ )။
            အဲတာလဲ အနန္တရပဲ အဘိဓမ္မာနည်းနဲ့ ၊ သုတ္တန်နည်းနဲ့တော့ အာသ၀က ဆက်ပေးတယ် သဘောကျပလား ၊ ( ကျပါပြီ ) သုတ္တန်နည်းနဲ့တော့ ( အာသ၀က ဆက်ပေးပါတယ် )။
            သြော် ဒါဖြင့် ဒီအာသ၀ဟာ သြဃ၊ ယောဂတို့ကို ကျုပ်တို့ မကျော်လွန်နိုင်၊ မကူးခတ်နိုင်၊ မဖြတ်မတောက်နိုင်သည်ဆိုမှဖြင့် တပည့်တော်တို့ လာဖြစ်ရမှာတုံး ဘုရားလို့ မမေးပါနဲ့တော့ အင်မတန် ၀မ်းနည်းစရာကောင်းပါတယ်နော် .. ။
အာသ၀မကျော်နိုင်ရင် ဒုက္ခဟာ ကိုယ်ပိုင်ပစ္စည်း 
            ဒီအာသ၀ ၊ သြဃ၊ ယောဂတွေ ဒကာ ဒကာမတွေ ဘုရားဟောတော်မူတဲ့အတိုင်း၊ ဆရာသမား ဆုံးမတဲ့အတိုင်း အဖြတ် မကောက်ကြတော့ဘူးဆိုရင်ဖြင့် တပည့်တော်တို့  ဘာမှဖြစ်ဘူး ၊ တစ်ခုဒုက္ခပြီး ၊ တစ်ခုဒုက္ခဟာမင်းတို့ ကိုယ်ပိုင်ပစ္စည်းပဲလို့ ဒါပဲပြောရမယ် ။
            တစ်ခုဒုက္ခပြီး တစ်ခုဒုက္ခဟာ …( ကိုယ်ပိုင်ပစ္စည်းပါ )  ပြထားတာ  မရှင်းသေးဘူးလား … (ရှင်းပါတယ် ) ။
            အဲတော့ ဒကာ ဒကာမတို့ ဒီလိုလုပ်ကြပါပေတော့ ၊ ဒီလိုပဲ ခင်ဗျားတို့ ဟောတာ အတိတ်ဘ၀၊ အနာဂတ်ဘ၀ ဖြစ်ပြီးရင်လည်း ၊ ဒီဘက်ပြန်လှည့်ဦးမှာပဲ ဒါ ပစ္စုပ္ပန်ပြန်ဖြစ်ရမယ် မဖြစ်ပေဘူးလား ( ဖြစ်ပါ တယ် ) ။
            အနာဂတ်ဘ၀က သေပြန်တော့ကို၊ အင်း ဘယ်သွားပါသတုံးဆို၊ ကြုံရာယခုဘ၀ ပြန်ရောက်လာ တော့ ၊ ပစ္စုပ္ပန်ပဋိသန္ဓေနဲ့ပြန်ဆက်မယ်။
            ပစ္စုပ္ပန်စုတိနဲ့ ဒကာ ဒကာမတို့ဟောဒီ အနာဂတ် ပဋိသန္ဓေနဲ့ ပြန်ဆက်တယ
 ၊ အနာဂတ်စုတိနဲ့ဟောဒီ  ပစ္စုပ္ပန် ပဋိသန္ဓေနဲ့ ပြန်ဆက်တယ်၊ မဆက်ဘူးလား ( ဆက်ပါတယ် ) ဆက်တော့ ဘ၀သုံးပါးကျင်လည် ပြေးသွားကုန်သောဆို သော ဒါပဲ ။
            ဘာသစ္စာတွေနဲ့ သွားလာနေကြပါလိမ့် … ( ဒုက္ခသစ္စာတွေနဲ့ပါ ) သြော် .. အသေဒုက္ခသစ္စာနဲ့ အနေ ဒုက္ခသစ္စာနဲ့ ဒါပဲ လှည့်နေတယ် ၊ ဘာတွေ လှည့်နေပါလိမ့် ( ဒုက္ခသစ္စာတွေလှည့်နေပါတယ် ) ။ 
အနေဒုက္ခသစ္စာ၊ အသေဒုက္ခသစ္စာ
            သြော်… ရှင်းရှင်းပြောပါဆိုတော့ အသေဒုက္ခသစ္စာနဲ့ … ( အနေဒုက္ခသစ္စာပါ ) အနေဒုက္ခသစ္စာနဲ့ လှည့်နေတယ် သဘောကျပလား ( ကျပါပြီ ) အဲဒီအနေဒုက္ခသစ္စာနဲ့ ဘာနဲ့လှည့်နေလဲ …  (အသေဒုက္ခသစ္စာနဲ့လှည့် ) ။
            အဲဒီအသေဒုက္ခသစ္စာပြီးတော့ ဘာနဲ့ လာပြန်လဲ ( အနေဒုက္ခသစ္စာနဲ့ လှည့် ပါတယ် ) အနေဒုက္ခ သစ္စာနဲ့ ဘာနဲ့ ဆက်ပြန်သလဲ ( အသေဒုက္ခသစ္စာနဲ့ပါ ) အဲဒီအသေဒုက္ခသစ္စာနဲ့ ဘာနဲ့ဆက်ပြန်လဲ (အနေဒုက္ခသစ္စာနဲ့ပါ ) ။
            ကိုင်း ဒကာ ဒကာမတို့ သြော် .. သံသရာ သူများပြောနေတာက ဒီလောက်မဆင်းရဲဘူး အောက်မေ့ နေတာ ယခုဘ၀သုံးပါး ကူးသန်းသွားလာနေပုံတွေကို သေသေချာချာရှင်းပြထားတော့မှ သြော် ကောင်းဆို တာမြူစမှ မပါပါကလားဆိုတာ သေချာရှင်းသွားပြီ။
            အကောင်းဆိုတာ မြူစမပါဘူး ၊ ပါကြသလား … ( မပါပါဘူး ) ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖိုခနောက် ဆိုင်ပဲ ကူးနေကြတော့မှာလားဆိုတဲ့ဥစ္စာ မောင်နိုင်တို့ ကိုမြင့်တို့ မေးဖို့လိုလာပြီ ( မှန်ပါ့ ) ။
မျက်စိကန်း တစ္ဆေမကြောက်
            ဒီလိုပဲ ကူးနေကြတော့မလားဆိုတာ မျက်စိကန်း တစ္ဆေမကြောက် သွားနေကြတော့မလားလို့ မေး တာပဲ ဘယ်လိုများမေးပါလိမ့် ( မျက်စိကန်း တစ္ဆေမကြောက်သွားနေကြလို့ပါ ) မျက်စိကန်း တစ္ဆေမကြောက် သွားနေကြတော့မှာလားလို့ ဒါပဲ မေးစရာရှိတော့တယ် .. ( မှန်ပါ့ ) ။
            မျက်စိကလဲ အကန်း ဆိုတော့ ၊ တစ္ဆေတွေကလည်း သရဲသဘက်တွေကလည်း ဘယ်လို ပဲအန္တရာယ်နဲ့ဂုတ်ချိုးစားမယ်ဆိုလဲ မျက်စိကန်းတော့ သွားမြဲသွားမှာပဲ မျက်စိကန်းတဲ့ဒုက္ခကြောင့် အသေခံရ တဲ့ဒုက္ခကြုံရမှာပဲ သဘောကျပလား ( ကျပါပြီ ) ။
            အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီခရီးနဲ့ ဒီခရီးဖြင့် အကောင်းမပါဘူးဆိုတာဖြင့် သစ္စာဉာဏ်နဲ့သာ ကြည့်ကြပါတော့ ၊ ဆုံးဖြတ်ချက်ချပေးပါပြီ ၊ အကောင်းမပါပါဘူး၊ သဘောကျပလား ( ကျပါပြီ ) ။ 
            ဒါဖြင့် သြဃလေးပါးသည် ဒကာ ဒကာမတို့ကို ဒီဘ၀က ဒီဘ၀မျှောလိုက် ၊ ဒီဘ၀က ဒီဘ၀မျှောလိုက် ၊ တစ်ခုသောဒုက္ခပြီးရင် ၊ မင်းကိုယ်ပိုင် နောက်တစ်ခုသော ဒုက္ခရောက်လိမ့်မယ် ။ 
            မင်းတစ်ခုသော ဒုက္ခဖြစ်လို့ရှိရင် မင်းကိုယ်ပိုင် နောက်ထပ်တစ်ခုသော ဒုက္ခရလိမ့်မယ်ဆိုတာဆုကြီး လာဘ်ကြီးက တစ်ခုမှ အကောင်းမပါဘူး၊ ပါကြပါရဲ့ လား … ( မပါပါဘူး )။
ကာမောဃနှင့် ဘဝေါဃ
            ဆုကြီးလာဘ်ကြီးတစ်ခုမှ အကောင်းမပါပါ ၊ ဒါကို ကျုပ်တို့က ဘယ်ဘ၀ရောက်ရပါလို၏ ၊ ဟိုဘ၀ ရောက်ရပါလို၏ ၊ ဒီဘ၀ရောက်ရပါလို၏ ဆိုတော့ ၊ သြော် .. ရောက်ရပါလို၏ ဆိုတဲ့တဏှာက ကာမောဃ၊ ရောက်ရာဘ၀ဒုက္ခသစ္စာလို့ မသိတာက ဘဝေါဃလို့ခေါ်သည် ၊ သဘောကျပလား … ( ကျပါပြီ ) ။
            ဟိုဘ၀ ဒီဘ၀ မျှောတာက ကာမောဃပေါ့ဗျာ၊ သဘောကျပလား ( ကျပါပြီ ) ဟိုဘ၀ ဒီဘ၀ရောက်အောင် မျှောတာက၊ ကာမောဃ ၊ ဟိုဘ၀ ဒီဘ၀ရောက်ရာပျော်နေတာက ဘ၀တဏှာဆိုတော့ ဘဝေါဃ ။
ဒိဋ္ဌောဃနှင့် အ၀ိဇ္ဇောဃ
            ရောက်ရာဘ၀မှာ ငါ့သား ငါ့သမီးလို့ထင်နေတာက ဒိဋ္ဌောဃ သဘောကျပလား… ( ကျပါပြီ ) ရောက်ရာဘ၀မှာသစ္စာတွေရှိပါလျက်နဲ့ မမြင်တာက အ၀ိဇ္ဇောဃ ၊ ကိုင်း … ဒကာ ဒကာမတို့ သဘောပါကြ ရဲ့ လား … ( ပါပါတယ်ဘုရား ) ။
            ကာမောဃ မျှောတယ် ၊ ဟောဒီစုတိကနေပြီးသကာလ ဒီဘက်ပဋိသန္ဓေဘက်ကို မျှောချလိုက်တာ က ကာမောဃ ၊ ကာမောဃဆိုတာ လောဘပေါ့ဗျာ ။
            အဲဒီရောက်ရာဘ၀မှာ တစ်ခါတည်း ၊ သားနဲ့ သမီးနဲ့၊ ဆွေနဲ့ မျိုးနဲ့၊ တွင်းနဲ့ကျင်းနဲ့ ၊ အရောင်းအ၀ယ်နဲ့ ၊ ချော့ထားလိုက်တာက ဘ၀တဏှာဆိုတဲ့ ဘဝေါဃ ။
            အဲဒီရောက်ရာ သားသမီးတွေကိုပင်လျင်၊ ငါ့သားသမီးပဲ ၊ငါ့ကိုယ်ငါ့ဟာတွေပဲဆိုတာက ဒိဋ္ဌောဃ ။
            ဒီခန္ဓာကြီး၊ ဒုက္ခသစ္စာကြီးကို နည်းနည်းမှမကြည့်မိတာက အ၀ိဇ္ဇောဃ သဘောကျပလား (ကျပါပြီ)။
            ဒါဖြင့် ဘယ်သူလက်ချက်နဲ့ ကျုပ်တို့သည် မျောပြီးသကာလ ဒုက္ခဖြစ်ရပါလိမ့်လို့ မေးလို့ရှိရင် သြဃလေးပါးတို့၏ ဒါဏ်ချက်ပေါ်ကြပလား ပေါ်ပါပြီ ၊ ဘယ်သူ့ဒါဏ်ချက်ပါလိမ့် … ( သြဃလေးပါးတို့ ၏ ဒါဏ်ချက်ပါ ) ။
အာသဝေါတရားကုန်မှ နိဗ္ဗာန်
            ဒါကြောင့် အာသဝေါတရားကုန်မှ နိဗ္ဗာန်ရောက်မယ် ၊ မဟောသင့်ဘူးလား .. ( ဟောသင့်ပါတယ် )။
            အာသဝေါတရားကုန်မှ နိဗ္ဗာန်ရောက်မယ်ဆိုတာ၊ သေသေချာချာဟောသင့်တယ်ဆိုတာ ၊ အခု သြဃလေးပါးမျှောလိုက်တာ၊ တစ်ခုသော ဒုက္ခပြီးတစ်ခုသော ဒုက္ခဆီအရောက်ပို့တာ ၊ သြဃလေးပါးက မျှောယူဆောင်ပြီး ၊ ပို့လိုက်တယ်ဆိုတာသာ မှတ်လိုက်ပါတော့ … ( မှန်ပါ့ ) ။
            ဘယ်လောက်ကြောက်စရာကောင်းသလဲ ဒကာ ဒကာမတို့ ၊ ဒါကြောင့် ဒီလိုသွန်သင်ပြသမည့် ဆရာကောင်း သမားကောင်းနဲ့လည်း ကြုံတဲ့အခါ ထောင်တတ်တဲ့နားကလေးနဲ့ ဘ၀ပါရမီပါတဲ့အခါမှာ ကျင့် တတ်တဲ့ဥာဏ်ကလေးနဲ့ အာသဝေါဖြုတ်ကြပါတော့ ( မှန်ပါ့ ) ။
ကျင့်တတ်တဲ့ ဥာဏ်ကလေးအသုံးချစမ်းပါ
            ဟောတတ်တဲ့ ဆရာနဲ့လဲ ကြုံပါပြီ ထောင်တတ်တဲ့နားနဲ့ကော ( ရပါပြီ ) ကျင့်တတ်တဲ့ဉာဏ်ကလေး အသုံးချစမ်းပါဆိုတာကိုဖြင့် ဘုန်းကြီးများက မေတ္တာရပ်ခံပါတယ် ၊ သဘောကျပလား ( ကျပါပြီ ) ။
            ဟောတတ်တဲ့ဆရာနဲ့လည်း ( ပြည့်ပါပြီ ) ထောင်တတ်တဲ့နားနဲ့လည်း ( ပြည့်ပါပြီ ) ကျင့်တတ်တဲ့ ဉာဏ်လေးအသုံးချမှုကို လိုနေကြတယ်၊ ဘာလေးလိုပါလိမ့် ( ကျင့်တတ်တဲ့ ဉာဏ်အသုံးချမှုလိုပါတယ် ) တော်တော် အရေးကြီးတဲ့ အချက်ဆိုတာ မှတ်လိုက်စမ်းပါ ။
ဟောတတ်တဲ့ဆရာနဲ့လည်းကြုံပါပြီ 
            တော်တော်အရေးကြီးတဲ့ အချက်ပဲဆိုတဲ့ဥစ္စာဟောတတ်တဲ့ ဆရာနဲ့ကြုံဖို့ဟာလည်း ဒုလ္လဘလို့ အင်္ဂုတ္တိုရ်မှာလာထားတာနော် ။
            ထောင်တတ်တဲ့နားနဲ့ကြုံဖို့ရာကော … ( ဒုလ္လဘပါ ) အင်မတန်ရခဲတယ်၊ တောထဲမှာရှိတဲ့ဆင်တွေ လူတွေ သွားဟောလို့ ဘယ်မှာနားလည်မလဲ ၊ ထောင်တတ်တဲ့နားမပါဘူး၊ ဘယ်နည်းနှင့်မှ အာသဝေါကုန်ရာ နိဗ္ဗာန်ရောက်နိုင်မလဲ ( မရောက်နိုင်ပါ ) ။
ထောင်တတ်တဲ့နားလည်းရှိပါပြီ 
            ခင်ဗျားတို့မှာတော့ ဟောတတ်တဲ့ ဆရာနဲ့ကြုံ၊ ထောင်တတ်တဲ့နားနဲ့လည်း ရှိပြီး၊ ကျင့်တတ်တဲ့အ ကျင့်ကလေး ၊ မကျင့်လိုက်မှာကိုဖြင့် ခင်ဗျားတို့ အင်မတန်အကြီးအကျယ်လွဲလို့ မဟာအလွဲတော်ကြီးပဲဆို တာ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချ ( မှန်ပါ့ ) သဘောကျပလား ( ကျပါပြီ ) ။
            ဟောတတ်တဲ့ ဆရာကြုံပါပြီလား … ( ကြုံပါပြီ ) ထောင်တတ်တဲ့နားရှိတာကြုံပါပလား ( ကြုံပါပြီ ) ကျင့်တတ်တဲ့ ဉာဏ်ကလေးနဲ့ မကျင့်မှာဖြင့် ခင်ဗျားတို့ အကြီးဆုံးသော ဗုဒ္ဓုပ္ပါဒ ဒုလ္လဘလွဲတာပဲ ။
            သဒ္ဓါသမ္ပတ္တိဘာဝ ဒုလ္လဘလွဲတာပဲ ၊ မလွဲဘူးလား … ( လွဲပါတယ် ) ကျင့်တတ်တဲ့ဉာဏ်ကလေး တစ်လုံးသာ ဖြည့်ပါတော့လို့ ဘုန်းကြီးတို့က မေတ္တာရှေ့ ထားပြီး သကာလ အင်မတန်ပဲ ပြောပါတယ်ဆိုတာ ဒကာ ဒကာမတွေက လေးစားစွာနဲ့ပဲ မှတ်စေတာပဲ သဘောကျပလား … ( ကျပါပြီ ) ။
ဆင်ခြေတွေ မလဲကြပါနဲ့တော့
          ဆင်ခြေတော့ဖြင့် မလဲကြပါနဲ့ ၊ ပြောလိုက်တယ်နော် ကျင့်တတ်တဲ့ ဉာဏ်ကလေးနဲ့ အသုံးချကြပါဆိုတာ ၊ ဆင်ခြေတော့ဖြင့် မလဲကြနဲ့ ၊ လဲတဲ့ ဆင်ခြေတွေဟာ အာသဝေါကဆိုတာ ခင်ဗျားတို့ စွဲချက်တင်ပါ ( မှန်ပါ့ ) ။
            လဲတဲ့ဆင်ခြေတွေဟာဘာပါလိမ့် ( အာသဝေါက ပါဘုရား ) လဲတဲ့ဆင်ခြေတွေဟာဒကာဒကာမတို့ အာသ၀ကနော် … သဘောကျပလား ( ကျပါပြီ ) ။
            ကာမာသ၀က၊သားကိစ္စရှိသေးတယ်သမီးကိစ္စရှိသေးတယ် ဘုရာ့ ၊ ၀တ်ရေးစားရေးကရှိသေးတယ်၊ ဒါမပြည့်စုံရင် မခက်ဘူးလား ၊ကာမာသ၀က တားတယ် ၊ သဘောကျပလား ( ကျပါပြီ ) ။
            တပည့်တော် ဒီအရေးတွေက ရှိသေးတယ်ဆိုတာ ဘယ်သူပါလိမ့်  ( ကာမာသ၀ပါ ) ဆင်ခြေလဲရင် အာသ၀ပါတယ် ရှင်းပလား ( ရှင်းပါပြီ ) ။
            ချည်နှောင်လို့ တုပ်လှည့်ပြီးသကာလ ၊ ဟောနေတယ်လို့ ဦးခန့်တို့ ဦးဘလေးတို့ မယူပါနဲ့၊ မယုံလဲကြည့် ခင်ဗျားတို့လဲတဲ့ဆင်ခြေကို ဘုန်းကြီးက တရားကိုယ်ကောက်ပြမယ် ။
            လဲတဲ့ဆင်ခြေမှာ ခင်ဗျားဝမ်းထဲမှာ ၊ အခုအချိန်မှာ ဘယ်သူကလဲ နေတာလည်း ၊ ကာမာသ၀က လည်းနေတာများတယ် ၊ သဘောကျပလား ( ကျပါပြီ ) ကာမာသ၀က လဲနေတာများတော့ ဘ၀ါသ၀က လည်း ဒီလိုလုပ်ကိုင်နေရတာကို ပျော်နေတယ် ၊ သဘောကျပလား ( ကျပါပြီ ) ။
            ဒိဋ္ဌာသ၀ကလည်း ငါရှိနေတော့ ငါ့သား ၊ ငါ့သမီး၊ ဘယ်သူကျွေးမှာတုံး၊ ဒိဋ္ဌသ၀ကလည်း ဒါသူဆင်ခြေလဲတာပဲ ၊ အ၀ိဇ္ဇာသ၀ကလဲ ၊ ခန္ဓာကိုယ်ကြီးကို ဒါဒုက္ခသစ္စာနောက်မရဏကပ်နေပြီ ဆိုတာ တောင်မှ မသေနိုင်သေးပါဘူး၊ အ၀ိဇ္ဇာသ၀ကလည်း ဖုံးထားတယ်။
ဆင်ခြေလဲတာ ၊ အာသာဝ
            နက်ဖြန် သေမှာတောင် မသေနိုင်သေးပါဘူး၊ သူကပြောတုံးရှိသေးတယ်၊ သဘောကျပလား (ကျပါပြီ) လဲတဲ့ ဆင်ခြေဟူ၍ဟာ ခုနက ၊ ဟောတတ်တဲ့ ဆရာနဲ့ကြုံ၊ ထောင်တတ်တဲ့နားနဲ့လဲ ကြုံပါလျက်သားနဲ့ ကျင့်တတ်တဲ့အချိန်ကလေးကို၊ ဒကာ ဒကာမတွေမကျင့် ဖြစ်တာဖြင့် အာသဝေါ၏ ခုခံတွန်းလှန်မှုကြောင့် ဖြစ်ရလေခြင်း၊ ဒါပဲ မှတ်ရမယ်၊ သဘောကျပလား ( ကျပါပြီ ) ။
            ဘယ်သူ၏ တွန်းလှန်နေခြင်းကို ကြုံနေကြရလဲ.. ( အာသဝေါ၏ တွန်းလှန်ခြင်းကိုပါ ) စဉ်းစားပါ စဉ်း စားပါ၊ ဒီဥစ္စာ သေသေချာချာသတိပေး နှိုးဆော်တဲ့ သဘောကလေးဟာ၊ ကိုယ့်သန္တာန်ဘယ်သူက ဆင်ခြေ လဲနေတယ်ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်းသိအောင်လို့ ၊ ဒကာ ဒကာမတို့ နက်ဖြန်လုပ်မယ်၊ သန်ဘက်ခါ လုပ်မယ်။ ဒီနေ့တော့မအားသေးလို့ဆိုတော့ ၊ ဟိုလ ဒီလတွေ ရွှေ့ ပြီးသကာလ နေတာ ဘယ်သူတုံးလို့ လက်သည်ရှာကြ၊ နောက်က ဒကာ ဒကာမတွေဘယ်သူပါလိမ့် ( အာသ၀တွေပါဘုရား ) သဘောကျပလား ( ကျပါပြီ ) ။
            သြော် ဒို့ဟာ၊ သူကလည်း ဒုက္ခဆက်ပေးသေးတယ် သူကလဲ မလုပ်ဖြစ်အောင် ဆင်ခြေလဲပြီး သကာလ ၊ အာသဝေါကုန်တဲ့အလုပ်ကို မလုပ်ဖြစ်အောင် ဆင်ခြေလဲနေတာဟာ ၊ သြော်ဒို့အပေါ်မှာဖြင့် နည်းနည်းမှ မေတ္တာ၊ ဂရုဏာ မပါတဲ့တရားဟာ သူပဲ ( မှန်ပါ့ ) ။
မပါးသေးလို့ ဆင်ခြေလဲတာ
            ဘယ့်နှယ့်ကြောင့် သူဆင်ခြေလဲတာ လိုက်နာနေပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလား ( လိုပါတယ် ) သြော် ကျုပ်တို့က မပါးသေးလို့ပေါ့ဗျာ၊ ဘယ်လိုများ ဆုံးဖြတ်ချက်ချကြမလဲ ( မပါးသေးလို့ပါဘုရား ) မပါး သေးလို့ လို့ ဆုံးဖြတ်ချက်ချကြစမ်းပါလို့ သတိပေးလိုက်ပါတယ် ။
            မပါးသေးတော့ မကျင့်ဖြစ်သေး၊ မကျင့်ဖြစ်သေးတော့ အာသဝေါစကားနားထောင်ပြီး သကာလ သားရေး ၊သမီးရေး၊ စီးပွားရေးက အလုပ်ခွင်ကလေးက မပြေပြစ်သေးလို့ဆိုတော့ သူကမလုပ်ဖြစ်တဲ့ဆီ ရောက်အောင် အာသဝေါကုန်မှာ စိုးရိမ်တဲ့အတွက် အာသဝေါတရားကပဲ ဒီမှာ ဒုက္ခရောက်မှာ အဆက်ပြတ် မှာ စိုးရိမ်တဲ့အတွက် ၀င်တားနေတာလို့ မှတ်လိုက်စမ်းပါ၊ 
            ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဒုက္ခအဆက်မပြတ်ရအောင်လို့ သူဝင်ပြီး ဆင်ခြေလဲနေတာ ရှင်းပလား ( ရှင်းပါပြီ ) ဒုက္ခအဆက်မပြတ်ရအောင်လို့ .. ( သူဆင်ခြေလဲနေတာ) ဘယ်သူပါလဲ ( အာသ၀ကပါ ) ။
            ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ပါးစပ်က မဟုတ်ပါဘူး၊ တပည့်တော် မအားသေးလို့ တပည့်တော် မလပ်သေးလို့ တပည့်တော် ကိစ္စတွေက မပြီးပြတ်သေးလို့ပါ ဘုရားလို့ ဘုန်းကြီးက မေးလို့ လျှောက်   လျှောက်၊ ကိုယ့်ဝမ်းထဲမှာ ဒါလေးပြီးမှ လုပ်မယ်ပဲဆိုဆို အာသဝေါက ၀င်ပြီ၊သဘောပါကြပလား ( ပါပါတယ် ဘုရား ) ။
            ဘယ်လူက ၀င်ပြီးဆင်ခြလဲနေလဲ ( အာသဝေါကပါ ) အဲဒါပါးစပ်ကမဟုတ်ဘူး၊ ပယောဂကလာတာ၊ ရိပ်မိပလား ( ရိပ်မိပါပြီ ) ဘယ်သူက လာတာပါလိမ့် … ( ပယောဂကလာတာပါ ) ဘယ်တရားကပါလိမ့်တုံး   ( အာသဝေါတရားကပါ ) ။
အာသ၀က ချယ်လှယ်နေတာ
            ကိုင်း ဒကာ ဒကာမတို့ ဒီလောက်ဆိုလို့ရှိရင် ဘုန်းကြီးတရားကိုဖမ်းပြီးသကာလ အမိဆုံးဖြတ်ချက်ချ တာဖြင့် သြော် …. ဒို့ ကိုယ်တိုင်သိဖို့ဟာဖြင့် အတော်ခဲယဉ်းပါလား၊ ဆရာဘုန်းကြီးက သေသေချာချာရှင်း ပေးလို့သာ ဒို့လဲနေတဲ့ ဆင်ခြေတွေဟာပါးစပ်ကထွက်တာမဟုတ်ဘူးဟ နော် ၊ အာသဝေါက ၀မ်းထဲကနေ ချယ်လှယ်နေတာ ( မှန်ပါ့ ) ။
            ဘယ်လိုမှတ်ကြမယ် ( အာသဝေါက ၀မ်းထဲက ချယ်လှယ်နေတာ ) ရှင်းကြပလား ( ရှင်းပါပြီ ) ။
            ဒီနေ့ မနည်းပဲ ကြိုးစားခဲ့ရတယ်ဆိုတာ အာသဝေါကျော်ရတာနော်၊ ဒီနေ့ဖြင့် ဟာသွားပြီဆိုတာ အာသဝေါက တားလိုက်တာ သဘောကျပလား ( ကျပါပြီ ) ။
            ဒါကြောင့် ခင်ဗျားတို့ ဒုလ္လဘကို ခင်ဗျားတို့ အလွဲသုံးစားလုပ်တော့မလားလို့ ဆိုတဲ့မေးခွန်းဟာ မမေးပါနဲ့ ဆိုလို့မရဘူး၊ မေးရတော့မှာပဲ ။
                  ဟောတတ်တဲ့ဆရာနဲ့ တွေ့ပါပလား ( တွေ့ပါပြီ ) ထောင်တတ်တဲ့နားလေးရော ရှိကြပါပလား
(ရှိပါပြီ) ကျင့်တတ်တဲ့ ဉာဏ်ကလေးဘယ်နှယ်ကြောင့် မကျင့်ပါလိမ့်မလဲဆိုတော့ ၊ အာသဝေါ၏ တရားကို တပည့် တော်တို့ တသွေမတိမ်းလိုက်နာနေလို့ပါဘုရား ၊ ဆိုတဲ့ အဖြေပဲ ထွက်တယ်၊ သဘောပါကြပလား 
(ပါ ပါတယ် ) ။ 
            သေသေချာချာ ဉာဏ်နားနဲထောင်မှ ဒီဥစ္စာတစ်လုံးမှ မလွဲဘူးနော် ၊ ပေါ်ကြပလား … ( ပေါ်ပါပြီ ) ။
အာဠ၀ကဘီလူးကြီး
            အဲဒါကြောင့် ဒီအာသဝေါတရား အာသ၀ကို သြဃတို့ ယောဂတို့ကို အရှင်ဘုရားတဲ့ ၊ အာဠ၀က ဘီလူးက မေးတယ်၊ ဒီဘ၀ သုံးပါးကို မျှောမျှောပေးနေတာ ဒီအာသ၀နော် ( မှန်ပါ့ ) ။
            ဘ၀သုံးပါး ၊ ဟိုဘ၀ဒီဘ၀နဲ့ ဒုက္ခရောက်အောင် ဖြစ်ရတာ ဒီကနေ ဒီမျှော ဒီကနေ ဒီမျှော ၊ ဒီကနေ ဒီပြန်မျှော ဒုက္ခအဆက်မပြတ်အောင် မျှောနေတာ ဘယ်သူပါလိမ့် … ( အာသ၀ပါ ) အာသဝေါတရား ကျေနပ်ပါလား ( ကျေနပ်ပါပြီ ) ။
            အဲဒီမှာ အာဠ၀က ဘီလူးဆိုတာ အောင်ခြင်းရှစ်ပါး ထဲပါပါတယ်၊ အာဠ၀က ဘီလူးတို့လည်း ခင်ဗျားတို့ သိကြပါတယ်နော် ( မှန်ပါ့ ) ။
ဘုရားနဲ့တန်ခိုးပြိုင်တယ်
            အဲဒီအာဠာဝက ဘီလူးက တန်ခိုးတွေ ပြိုင်ပြီးသကာလ ၊ ဘုရားကို သူနေတဲ့ ရာဇပလ္လင်မှာ ဘုရား တက်ထိုင်ရမလား ဆိုပြီး ဘုရားနဲ့ စစ်ထိုးတယ်ဆိုတာ ၊ ကိုမြင့်တို့ ၊ မောင်နိုင်တို့ ကြားဘူးပါတယ် ( မှန်ပါ့ ) ။
            တောင်ကြီးတွေ သူ့ခြေထောက်နဲ့ ဆောင့်လိုက်မယ် ဆိုရင်ဖြင့် မြင့်မိုရ်တောင်ကြီးတောင် ထက်ခြမ်း အက်တယ်၊ ဒီလောက်တောင် ကမ္မဇိဒ္ဓိကံကြောင့် ဖြစ်တဲ့တန်ခိုးရှိပါတယ်နော် ။
            ပုဆိုးကို မြှောက်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တောတွေတောင်တွေဟာ အကုန်မီး ဟုန်းဟုန်းထတောက်ပါတယ် ၊ ဒါလောက်တန်ခိုးကြီးတယ် ။
            အဲဒီတင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဘယ်တန်ခိုးနဲ့မှ ပြိုင်လို့မရပါဘူး၊ ဒါပေမဲ့ လက်နက် အမျိုးမျိုးနဲ့ ပစ်ချပြီး ပြိုင်လိုက်တဲ့အခါ ၊ အကုန်ဘုရားရှေ့ မှာ ပန်းပေါက်ပေါက်ဖြစ်ပြီးသကာလ ဘုရားမေတ္တာ တော် ကရုဏာတော်ကို မထိုးဖောက်နိုင်တာနဲ့ ၊ ကိုင်းငါတော့ဖြင့် ဒီအတိုင်းတော့ အရှုံးမပေးသေးဘူး ။
သြဃလေးပါကို ဘယ်လူနဲ့ ကူးခတ်မလဲ
            ရှင်ကြီးဂေါတမ မေးမှပဲဆိုပြီး ရှင်ကြီး ဂေါတမ သြဃလေးပါး ဘယ်သူနဲ့ ကူးခတ်မလဲမေးတာကိုး။ 
            သြဃလေးပါးသည် ဒီသြဃသည် ဒီက ဒီကမျှော ၊ ဒီကမျှောဆိုတော့ ရေသြဃတွေပေါ့လေ။
            အဲဒီကဲ့သို့ ဟိုကဒီမျှော ၊ ဒီကဟိုမျှောနေတဲ့ဥစ္စာ၊ ရှင်ကြီးဂေါတမ ဒါဘယ်သူနဲ့ ကူးခတ်ပြီး သြဃ လေးပါလွန်မြောက်နိုင်သလဲ ။
            ဆိုတော့ သဒ္ဓါယ တရတိသြဃံ ဘုရားက ဖြေချလိုက်တယ် ၊ မင်းသည် သဒ္ဓါကောင်းကောင်းနဲ့ ၊ ဘုရား ဟောတော်မူတာ၊ သေသေချာချာ ယုံကြည်ပြီးသကာလ၊ သစ္စာရှိတယ် ဖြစ်ပျက်အနိစ္စရှိတယ်ဆိုတာ သေသေချာချာ ယုံကြည်ပြီး သကာလ၊ သစ္စာရှိတယ် ဖြစ်ပျက်အနိစ္စရှိတယ်ဆိုတာ သေသေချာချာယုံကြည် ပြီး သကာလ ၊ မင်းတို့သည်ကားလို့ ဆိုရင် ယုံကြည်လုံးသန်သန်နဲ့သာ ထားပြီးအလုပ်လုပ်မယ်ဆိုလို့ ရှိရင်ဖြင့်ကွာတဲ့ ဒီသြဃ မမျှောနိုင်ပါဘူး ။
ပစ္စုပ္ပန်ဘ၀က အနာဂတ်ဘ၀၊ အနာဂတ်ဒုက္ခကို မမျှောပါဘူးတဲ့ ၊ သဒ္ဓါတရားဖြူဖြူစင်စင်နဲ့ ၊ ဘုရားဟော တော်မူသောကြောင့် ဧကန်သစ္စာရှိပြီး ၊ ဧကန်ဒုက္ခသစ္စရှိရင် နိရောဓသစ္စာရှိတယ်၊ မောင်နိုင် ဒုက္ခသစ္စာရှိရင် …. ( နိရောဓသစ္စာရှိပါတယ် ) ဆက်ဆက်သာ ယုံစမ်းပါတဲ့ ( မှန်ပါ့ ) ။
            သဒ္ဓါယ တရတိသြဃံ ဆိုတဲ့အတိုင်း မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ၊ ဗေါဓိဆိုတဲ့ ဉာဏ်ကို တစ်ခါတည်း ယုံယုံကြည်ကြည်နဲ့ အဟုတ်ကိုပဲ သစ္စာရှိ၍ သစ္စာသိအောင် လုပ်မယ်ဆိုတဲ့ သဒ္ဓါ ယုံယုံကြည်ကြည်နဲ့သာ ဆိုလို့ရှိရင် ဒီသြဃပြတ်ရမယ်ကွ ။
            သဒ္ဓါယတရတိသြဃံ လို့ ဘုရားက ဖြေလိုက်တယ်။
            အပ္ပမာဒေန အဏ္ဏ၀ံ   တဲ့ မမေ့လျော့တဲ့ သတိဉာဏ်နဲ့ နေမယ်ဆိုရင်ဖြင့်ကွာ ဒီသြဃကြီး ဘယ် လောက်ကျယ်ကျယ် ကူးခတ်နိုင်ပါတယ် ။
            ပညာယပရိသုဇ္ဈ တိ    တဲ့ ပညာနဲ့ဆိုရင် ဟောဒီအာသဝေါတရားတွေ အကုန်ဖြူစင် ထွက်ပါတယ် ကွ ။ သဘောကျပလား ( ကျပါပြီ ) ။
သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ ပညာ
            ဒါကြောင့် သဒ္ဓါတို့ ၊ သတိတို့ ၊ ၀ီရိယတို့ ၊ ပညာတို့ဟာ အလွန်အရေးကြီးတဲ့ တရားဆိုတာကို ဒကာ ဒကာမတို့ သိပလား… ( သိပါပြီ )
            ဒီဒုက္ခနဲ့ ဒီဒုက္ခမဆက်ချင်ရင် သဒ္ဓါလိုမယ်၊ သတိလိုမယ်၊ ၀ီရိယလိုမယ်၊ ပညာလိုမယ်၊ သဘောကျ ပလား ( ကျပါပြီ ) ရှင်းပြီနော် … ( ရှင်းပါပြီ ) ။
အာသဝေါတရားဖြတ်ပုံ
            ဒါဖြင့် ဒကာ ဒကာမတို့ကို ဘုန်းကြီးက ဘုရားအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ဘုရားက အနိစ္စရှိတယ် ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့က၊ ဒါ ဘုရားဟောထားတာ တစ်လုံးမှ မလွဲတဲ့ဥစ္စာ၊ အနိစ္စရှိတာကို၊ အနိစ္စအရှိကိုပဲ မရှိတာမှမဟုတ်တာဘဲ ရှိတာ ၊ ဘုရားအပေါ် ယုံကြည်ပြီိးသကာလ အရရှာလိုက်မောင်နိုင် ခန္ဓာပေါ်အရရှာ … ( မှန်ပါ့ ) ။
            မတွေ့ပေဘူးလား၊  တွေ့ပါတယ် ၊ ဒါဘုရားအပေါ်မှာ ဒါ ခင်ဗျားတို့က ဥာဏ်က မထင်သေးတောင်မှ ယုံယုံကြည်ကြည်နဲ့ ဘုရားက ရှိတယ်လို့ ပြောလို့၊ ဒုက္ခသစ္စာလဲရှိတယ်၊ ဖြစ်ပျက်ဒုက္ခသစ္စာလဲရှိတယ် ဆိုသဖြင့် သေသေချာချာတွေ့မယ် ၊ သဘောကျပလား …( ကျပါပြီ ) ။
            အဲဒီသဒ္ဓါနဲ့ ကူးခတ်လို့ရှိရင် ရပါတယ်ဆိုတာကော သဘောကျပလား ( ကျပါပြီ )။
            ဖြစ်ပျက်တွေ့ပြီဆိုကတည်းက သြဃ ချုပ်တော့မှာကို သသောကျပလား ( ကျပါပြီ ) သဒ္ဓါက ယုံယုံ ကြည်ကြည်နဲ့ လုပ်စမ်းပါ ။
            သတိကလည်း အင်း - ဘယ်လိုပဲ ခန္ဓာကိုယ်ထဲမှာ အစုံအလင် ရှိတဲ့တရားတွေကိုဖြင့် ၊ သတိထား ပြီး သကာလ အမြဲတန်း စောင့်စောင့်ကြည့်နေမယ် ဆိုလို့ရှိရင်လည်း သတိအကူအညီနဲ့ ဆိုလို့ရှိရင်၊ ဒုက္ခသစ္စာတွေ တွေ့မှာပဲ ဖြစ်ပျက်တွေ၊ မတွေ့ပေဘူးလား ( တွေ့မှာပါဘုရား ) ။ 
            အပ္ပမာဒေန အဏ္ဏ၀ံဆိုတာလည်း သတိပါပဲ ၊ သူက အာသ၀ သမုဒ္ဒရာကြီးကို ကူးနိုင်ခတ်နိုင်တယ် ဆိုတယ် ။
            ပညာယ ပရိသုဇ္ဈတိတဲ့ ပညာကျတော့ကွာတဲ့ ဒီဥစ္စာ အာသဝေါတရား လေးပါးအကုန် ခန်းခြောက်သွားတာပါပဲတဲ့ သဘောကျပလား ( ကျပါပြီ ) ။
အလုပ်လုပ်မှ ဒုက္ခမဆက်မှာ
            ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့သည် လုပ်ကြပါစို့ တဲ့ အလုပ်လုပ်မှဘဲဒီဒုက္ခမဆက်နိုင်မှာ ။
            အတိတ်ဒုက္ခနဲ့ ပစ္စုပ္ပန်ဒုက္ခ အလုပ်နဲ့မှ မဆက်နိုင်မှာ ပစ္စုပ္ပန်ဒုက္ခနဲ့ အနာဂတ်ဒုက္ခ မဆက်မိအောင် လည်း ( အလုပ်လုပ်ရမှာပါ ) အေး .. အလုပ်ဆိုတော့ ခုနက ဒကာ ဒကာမတို့ သိပြီးဟောထားတဲ့အတိုင်း သတိဝီရိယ သမာဓိ ပညာတို့နဲ့ လုပ်ကြရလိမ့်မယ်နော် သဘောကျပလား ( ကျပါပြီ ) ။
            ကိုင်း ဒါဖြင့် အာသဝေါတရားဖြတ်ပုံလဲ သိပါပြီ ၊ အာသဝေါတရားဖြတ်နည်းကိုလည်း ပြပါတော့မယ် ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေလေးစားစွာနဲ့ မှတ်ပါတော့နော် ။
            လေးစားစွာနဲ့ မှတ်ရတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ ၀တ္ထုလေးတစ်ခု ထုတ်လိုက်မယ်နော် ။
သောဏသူဌေးသား
            ခြေဖ၀ါးမှာတောင်မှ အင်မတန်နူးညံ့လို့ အမွေးကလေးတွေပေါက်တဲ့ သောဏသူဌေးသားဆိုတာ မောင်နိုင်တို့ ကြားဘူးကြလိမ့်မယ်နော်၊ သောဏ သူဌေးသား ဆိုတာ အင်မတန် ချမ်းသာတယ်နော်…
(တင်ပါ့ ) ။
            ဆန်သုံးနှစ်ရှိတဲ့ ဆန်မှ နံ့သာတွေ ဘာတွေနဲ့ လှောင်ပြီးသကာလ သူစပါးခင်းမှာ နွားနို့ရေ၊ သကာရေ တို့နဲ့ ရေသွင်းပြီးသကာလ သူ့တန်ခိုးနဲ့ စပါးတွေစိုက်ပြီး နွားနို့ထဲက အပင်ပေါက်နေတယ် ။
            နွားနို့နဲ့ရောပြီးအပင်ပေါက်တယ် ၊ ဒီအထဲမှာ နံ့သာမှုန့်တွေကြဲပြီး သကာလမှ စပါးသီး၊ စပါးပွင့်တွေ ဖြစ်နေတယ်၊ ဖြစ်လာတော့ သူစပါးခင်း ပွင့်လိုက်တယ်ဆိုရင် အားလုံး မွှေးကြိုင်နေတာပဲ ။
            ဒီကြားထဲမှာ အမေ အဖေက ငါ့သားတန်ခိုး၊ ဣဒ္ဓိပါတ်နဲ့ ပြည့်စုံတယ်ဆိုပြီး သကာလ ဒီအသီးတွေ ကို စပါးသီးတွေ၊စပါးနှံတွေကို စပါးကျီထဲ သုံးနှစ် အမွေးအကြိုင်တွေနဲ့ လှောင်လို့ သုံးနှစ်ရှိတဲ့ စပါးမှ ထောင်း ရတယ် ။
သူ့စပါးခွံဟာ ပေါင်ဒါမှုန့် ထက်မွှေးတယ်   
            ရိုးရိုးပြောကြပါစို့ ဆိုရင် သူ့စပါးဟာ မောင်နိုင်၊ သူ့စပါးခွံဟာ အခုပေါင်ဒါမှုန့်ထက်မကဘူး အလိုလို မွှေးနေတယ်၊ စပါးပင်အနေနဲ့ သူ့စပါးခွံကိုယ်က အခုပေါင်ဒါတွေထက်မကဘူး အလိုလိုမွှေးနေတယ် ။
            ဒါလောက်ပဲသူဟာ ဘုန်းတန်ခိုးအာနုဘော်ကြီးပြီး သကာလ ပစ္စည်းကလည်း ချမ်းသာ၊ ပုဗ္ဗေစက လည်းပါပြီးသကာလ နေလို့ ။ နေတဲ့ပုဂ္ဂိုလ်ဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးတွေ့တဲ့အခါကျလို့ရှိရင် ၊ သာသနာဘောင်ဝင်ချင်တယ်ဆိုတဲ့စိတ် ပေါ်ပေါက်ပြီး သာသနာဘောင်ဝင်လိုက်တာပဲ … ( မှန်ပါ့ ) ။
သောဏရဟန်း သုသာန်မှာ အားထုတ်တယ်
            သောဏသူဌေးသားပေါ့ဗျာ၊ ဒါနဲ့ သောဏသူဌေးသားဟာ သူ့မှာ ဒီပြင်ဟာကိစ္စ မရှိဘူး၊ အရင်က သူဌေးသားဖြစ်ပြီးသကာလနေတော့ ဘယ်သူမှ မမြင်ရ ၊ အိမ်ထဲမှာရှိတဲ့ မောင်းမမိဿံတွေသာ မြင်ရတယ် ။
            သူဌေးသားကလည်း သူများသူဌေးသားနဲ့က မတူ၊ အင်မတန်နူးညံ့တဲ့ သူဌေးသား၊ အစစယဉ်ကျေး တာမှာလဲ တန်းကုန်ဖြစ်ပြီး သကာလနေလို့ ၊ လာကြည့်ဒါနဲ့ပဲ သူ့အကြည့်ခံရတာနဲ့ မအားတာနဲ့၊ တောတွင်းသုသာန်သွားပြီး မောင်နိုင်တရားအားထုတ်တယ် ။
            တရားအားထုတ်တော့အင်မတန် ခြေဖ၀ါးလက်ဖ၀ါးနုတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး သကာလနေတော့     စင်္ကြံနဲ့ ချည်းကြိုးစားလိုက်တယ် ။
ခြေဖ၀ါးက သွေးတွေထွက်လာတယ်
            မတ်တပ်စင်္ကြံနဲ့   ကြိုးစားလိုက်တော့ နဂိုကမှ နေမထိ၊ လေမထိ၊ ရွှေနန်းဆောင်ဆိုသလိုပဲ ၊ သူဌေး မှာ သုံးဆောင်ထဲ ကူးသန်းပြီး နေတဲ့ပုဂ္ဂိုလ်ဟာ အခုတောထွက်တော့ တစ်ယေက်တည်းလဲ နေရ ၊ သုသာန် ဇရပ်ပေါ် စင်္ကြံလျှောက်ရတဲ့ အခါ ခြေဖ၀ါးမှာတစ်ခါတည်း သွေးတွေထွက်လာတယ် ။
ဒူးနဲ့လက်နဲ့ထောက်ပြီးသွားတယ်
            မဂ်ဖိုလ်မရတော့၊ ဟာမလျှော့သေးဘူးဟ ဆိုပြီးသကာလ၊ ဒကာ ဒကာမတွေ ကြားဘူးတဲ့အတိုင်း၊ ခြေဖ၀ါးပြင်နဲ့ မသွားနိုင်တဲ့အခါ ၊ ဒူးနဲ့လက်နဲ့ ထောက်ပြီးသကာလ လေးဘက်သွားတယ်ပေါ့ဗျာ ။ 
                    လေးဘက်သွားပေမဲ့ မရဘူး မောင်နိုင်၊ မရဘူး ၊ အဲဒီကဲ့သို့ မရတော့မှ ဘုရားသခင်က ကျောင်းမှာနေတာ၊ သူကတော့ သုသာန်ထဲမှာ တရားအားထုတ်နေတာ ။
            သူ့စိတ်ထဲအောက်မေ့နေတယ်၊ ကိုင်း ငါသည်ကားဆိုရင် စင်္ကြံနဲ့သွားအားထုတ်တာ ခြေဖ၀ါးတွေ သွေးတွေထွက်ပြီးသကာလ မသွားနိုင်တော့ဘူး။
            ဒါလုံ့လ၀ီရိယမလျှော့ပဲနဲ့ ငါသည်ကားလို့ဆိုလို့ ရှိရင်ဒူးထောက်ပြီးသကာလ၊ သွားရင်းကြိုးစားပြန် တော့လည်း၊ ဒူးတွေမှာလည်းခု သွေးတွေဘာတွေ ထွက်ပြီးသကာလ မသွားနိုင်မလာနိုင် ဖြစ်နေပြန်ပြီ ။
ဒီဘ၀မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်များလား
            ငါသည်ကားလို့ဆိုရင် ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်လည်းမဟုတ်၊ ၀ိပဉ္စိတညူပုဂ္ဂိုလ်လည်းမဟုတ်၊ နေယျပုဂ္ဂိုလ်လည်းမဟုတ်ဘူး ၊ အင်မတန် ညံ့ဖျင်းတဲ့ အဖျင်းဆုံးဒီဘ၀ မဂ်မရထိုက်တဲ့ ပဒပရမ ပုဂ္ဂိုလ်သာ၊ ငါသည်ကားလို့ ဆိုလို့ရှိရင် ဖြစ်လေခြင်းပဲ ။
            အဲဒီတော့ ငါ့မှာလည်း ပစ္စည်းဥစ္စာရတနာတွေကလည်း အိမ်မှာ နည်းတာတွေ မဟုတ်ဘူး ၊ အမေ အဖေမှာ ဒီဟာတွေနဲ့ပဲ လှူဒါန်းပေးကမ်းပြီး နေမှထင်ပါရဲ့  ၊ မဂ်ဖိုလ်ရထိုက်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး ထင်ပါရဲ့  လို့ လျှော့တယ် ။
ဘုရားက သိတော်မူတယ်
            လျှော့လိုက်တော့ ဘုရားက ကျောင်းပေါ်ကသိတယ်၊ ကျောင်းပေါ်ကနေ သောဏဘယ်လိုနေတုံးလို့ ကြည့်လိုက်တဲ့ အခါ၊ သောဏ လျှော့ကုန်ပါပေါ့လား ဆိုပြီး ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူလျှော့တဲ့ အသံကိုလည်း ဒိဗ္ဗသောတအဘိဉာဏ်နဲ့ ကြားတာနဲ့ ၊ တစ်ခါတည်း သူ့ရှေမှောက်မှာပဲ ဣဒ္ဓိပါဒ် အဘိဉာဏ်နဲ့ တစ်ခါတည်း မောင်နိုင်ရေ၊ သူ့ရှေ့ မှောက်မှာပဲ တင်ပလ္လင်ခွေလေး ရောက်လာတယ် ။
ဘုရားက မေးလို့ဖြေတယ် 
            ဟေ့ သောဏ မင်း … ဘယ်နှယ်များ အားထုတ်နေသတုံး ပြောစမ်းပါဦးကွ ဆိုတဲ့ အခါကျတော့၊ တပည့်တော်ဟာ ဘုရား၊ အင်မတန်မှ အာသဝေါကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်ချင်တာနဲ့ ၊ တပည့်တော် စင်္ကြံတွေနဲ့ကြိုးစားလိုက်တာ ခြေဖ၀ါးတွေ သွေးထွက်ပြီးသကာလ၊ မရပါဘူး ဘုရား အာသဝေါကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို မမြင်ရပါဘူး ။
            တပည့်တော် လုံ့လ၀ီရိယမလျှော့ပဲနဲ့ ဒူးထောက်ပြီးသကာလသွားပါတယ်။ ကြမ်းပြင်ပေါ်မှာ အဆင့် ဆင့် သွားပါတယ် ။
            သွားလိုက်တဲ့အခါ သုသာန်ဇရပ်ပေါ်မှာ ဖြစ်နေတော့ သုသာန်ကြမ်းပေါ်မှာ ဖြစ်နေတဲ့အတွက်၊ တပည့်တော်မှာ ပင်ပန်းပြီး သွေးတွေဘာတွေထွက် နိဗ္ဗာန်မရပါဘူးဘုရား ဒုက္ခသစ္စာချုပ်တဲ့ နိဗ္ဗာန်မမြင်ရပါ ဘူးဘုရား ။
            အဲ .. ငါ့သား သောဏ ၊ မင်း ငါဥပမာလေး တစ်ခုပြောပါ့မယ်ကွာ၊ မင်းလဲ သတိထားပါဦး ဆိုပြီး သကာလ ဘုရားက ဥပမာလေးတစ်ခု ပြောတယ် ။
            မင်းဟာသူဌေးသားမဟုတ်လား ( ဟုတ်ပါတယ် ) မင်းသည်ကားလို့ဆိုရင် ၊သူဌေးသားဖြစ်စဉ်အခါ တုန်းက စောင်းတွေ ဘာတွေများ ၀ါသနာပါခဲ့သလား၊ ( ပါပါတယ်ဘုရား ) စောင်းတီးအတတ်လည်း တပည့် တော်တတ်ပါတယ် ဘုရား ) ။
စောင်း ဥပမာ
            အေး စောင်းတီတတ်ရင် မင်းစဉ်းစားပုံ ပြောစမ်းပါကွာ ၊ ဘယ်လိုများ စဉ်းစားရမလဲဆိုရင် ၊ စောင်း ကြိုးက သိပ်တင်တဲ့အခါကျတော့ အသံဘယ့်နှယ်နေသတုံးကွ - ဟာ အသံက သိပ်ပြီး ကြမ်းကြမ်းတမ်းတမ်း ထွက်လာတယ် ။
            အဲဒါ ရှိပါစေတော့ကွာ၊ တင်းလွန်းတော့လည်း ကြမ်းတမ်းတယ်ဆိုတာ ဟုတ်တာပေါ့ကွ ၊ အင်း… မင်းရော့ရော့လေး ထားလိုက်ပြန်တော့ ၊ မင်းရော့နိုင်သမျှ ရော့ရော့လေးထားလိုက်ပြန်တော့ မင်း ဘယ်နှယ် နေသတုံးကွ ၊ အို … အသံကို မမြည်တော့ပါဘူးဘုရား ။
မလျှော့မတင်း ကျင့်မှရမယ်
            ဒါဖြင့် မင်းသည်ကားလို့ ဆိုရင်ဖြင့် ဘယ်လိုထားရသတုံးကွ ၎င်းစောင်းကို ပြောစမ်းပါဦးဆိုတော့ ၊ မလျှော့မတင်းပဲ ထားရတယ်ဆိုတာ သူ့ဆီကလာတဲ့စကား၊ ရိပ်မိပလား ( ရိပ်မိပါပြီ ) ။
            အဲဒီလို မလျှော့မတင်းထားလိုက်တဲ့ အခါကျတော့ အသံတွေဟာ ကောင်းကောင်းမွန်မွန် ဖြစ်လာပါ တယ်ဘုရား ။ 
            အဲဒီတော့ ကွာတဲ့ မင်းသည်ကားလို့ဆိုလို့ရှိရင် မင်းဟာ ဘယ်လိုဖြစ်နေသတုံး ဆိုလို့ရှိရင်ဖြင့် ငါပြောပြမယ်ကွာတဲ့ ၊ တရားအားထုတ်တဲ့အခါ မင်းဟာ၊ ၀ီရိယနဲ့ သမာဓိမညီမျှဘူး ။
            ၀ီရိယ လွန်နေတယ် ၊ စင်္ကြံနဲ့  ၊ သိပ်ကြိုးစားပစ်တယ်၊ မရမနေဘူးကွ ၊ သိပ်ဝီရိယ လွန်နေတော့ သူ့မှာသွေးတွေထွက်နေတယ်၊ စိတ်တွေ မောနေတယ် မောင်နိုင်ရသေးရဲ့  လား ( မရပါ ) ။
            ဒီဘက်က ဖြစ်ပျက်တွေပေါ့လေ ၊ ဒီဘက်က ခန္ဓာ၏ ဖြစ်ပျက်တွေ ထားပါတော့ ၊ ဒီဘက်ကသောဏ ပဲ ထားပါတော့ ။
ဝီရိယလွန်ရင် သမာဓိနောက်ဆုတ်တယ်
            သိပ်ပြီးပြင်းထန်လွန်းပြီးသကာလ ၀ီရိယလွန်ပြီး ကြိုးစားပြန်တော့ ဗလ၀ ၀ီရိယံ မန္ဒသမာဓိံ၊ ဗလ၀ ၀ီရိယံ အားကြီးသော ၀ီရိယရှိသောသူ ၊ မန္ဒသမာဓိံ= သမာဓိညံ့တယ် ၊ နောက်ဆုတ်သွားပြီကွ သဘောကျ ပလား ( ကျပါပြီ ) ။
            အဲဒီတော့ကို မင်းသည်ကားလို့ဆိုရင် ၊ ၀ီရိယလွန်လို့ ကောသဇ္ဇ ဆိုတဲ့ ပျင်းရိမှုဝင်ပြီး သကာလနေသော ကြောင့် မင်းဖြစ်ပျက်ကို မတွေ့ ဘူး ။
            ဒါအလုပ်လုပ်တဲ့ ပုဂ္ဂိုလ်များ မှတ်စမ်းပါ ၊ ၀ီရိယလွန်ရင် ပျင်းရိမှု၊ မလုပ်ချင်တော့ဘူး ဆိုတာတွေ ၀င်လာတတ်တယ် ၊ အဲဒီကျလို့ရှိရင်ဖြင့် ၊ ပျင်းရိမှုဝင်လာလို့ရှိရင်ဖြင့် ၊ ဗလ၀ ၀ီရိယံ မန္ဒသမာဓိံ၊ သမာဓိ နုံ့သွားလို့ သာ အောက်မေ့ပေတော့လို့ ( မှန်ပါ့ ) သဘောကျပလား ( ကျပါပြီ ) ။
ဝီရိယလွန်ရင် ပျံ့ လွင့်မှုဝင်လာ
            သောဏကို ဟောနေတာနော် .. ဘုရားက၊ ခုနက သူက၀ီရိယကောင်းတဲ့လူ ၊ အရိုးကြေကြေ ၊ အရေခြောက်ခြောက်၊ သွားပြီးလုပ်တဲ့ပုဂ္ဂိုလ်ပါလား ၊ နည်းတဲ့ ၀ီရိယလား ။
            အဲဒီတော့ ၀ီရိယကောင်းတော့ သမာဓိက ဘာဖြစ်သွားသလဲ .. ( နုံ့သွားတယ် ) နုံ့သွားတော့မလုပ် တော့ဘူး ကဲ .. အိမ်ပြန်ပြီး လှူဒါန်ပေးကမ်းနေတော့မယ် ၊ ကောသဇ္ဇ ၀င်လာတယ် ။
            ဒီအလုပ်ပေါ်မှာ ပျင်းသွားပြီ ၊ မပျင်းဘူးလား ၊ ( ပျင်းပါတယ် ) သဘောပါကြပလား ( ပါ ပါတယ် ) ။
            အဲဒါကြောင့် အားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်သည် ၊ အိမ်မှာပဲ အားထုတ်အားထုတ်၊ ဒီမှာပဲ အားထုတ် အားထုတ် ၊ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ၀ီရိယဟာ ၊ မလွန်ရပါဘူးဆိုတာ သေသေချာချာမှတ်ပါ ၊ သောဏကို ဘုရားဟောနေပြီ သဘောကျပလား … ( ကျပါပြီ ) ။
            စောင်းပြပြီး ဟောတယ် မဟုတ်လား ၊ တင်းလွန်းတော့လည်းကွ ၊ အသံမကောင်းဘူးဆိုတော့ ၊ ၀ီရိယလွန်လွန်းတော့လည်း မရဘူးပြောတာ ၊ သဘောကျပလား ( ကျပါပြီ ) ။
            ဒါကြောင့် ၀ီရိယလွန်တော့ ဘယ်သူနုံ့သလဲ … ( သမာဓိ ပါ ) သမာဓိနုံ့တော့ ဘယ်သူဝင်လာသလဲ ( ကောသဇ္ဇ၀င်လာပါတယ် ) ပျင်းရိမှုဝင်လာတယ် ။
ဝီရိယနဲ့ သမာဓိ ညီပါစေ
            ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ၊ ၀ီရိယနဲ့ သမာဓိကို ညီညီလေးထားပြီး ဖြစ်ပျက်ရှုတဲ့ စိတ်ကလေး ခန္ဓာပေါ်လွှတ်ပါ ၊ သဘောကျပလား … ( ကျပါပြီ ) ၀ီရိယနဲ့ သမာဓိညီညီထားပြီးတော့ ( ခန္ဓာပေါ်လွှတ်ပါ )  ခန္ဓာပေါ်ကို ညီမျှနေအောင် ထားပြီးတော့ အဖြစ်အပျက်ရှုပေး … ။
            တည့်တည့်ကြီး လွှတ်စမ်းပါ ၊ ရရမယ်ကွတဲ့ ၊ ဘုရားကရှင်းပလား ( ရှင်းပါပြီ ) သဘောပါပလား …. ( ပါပါပြီ ) ။
            ကိုင်း ဒါဖြင့် ၀ီရိယ လွန်လို့ရှိရင် မရဘူးဆိုတာ ၊ ကောသဇ္ဇပျင်းရိမှုဝင်လာတယ်ဆိုတာ ၊ သမာဓိညံ့ပြီး ပျင်းရိမှု ၀င်လာတယ်ဆိုတာ ၊ ကိုမြင့်တို့ မောင်နိုင်တို့ ကျေနပ်ပလား ( ကျေနပ်ပါပြီ ) ။
ကဲဒီအထဲက သမာဓိကို ဒီဘက်ကထားလိုက်စမ်းပါ ၊ သမာဓိလွန်တဲ့အခါကျလို့ရှိရင် ဗလ၀ သမာဓိ 
မန္ဒ၀ိရိယ နော် ၊ သမာဓိလွန်သွားပြန်လို့ရှိရင်ဖြင့်လည်း ၀ီရိယက နုံ့မသွားဘူးလား … ( သွားပါတယ် ) ။
            အဲ ၀ီရိယက နုံ့သွားလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဥဒ္ဓစ္စတွေ ၊ ကုက္ကုစ္စတွေ လာပြန်တာပဲ ။
            ဒါဖြင့် တိုတိုပြောကြပါစို့ ၊၀ီရိယနဲ့ သမာဓိကို နွားနှစ်ကောင် ကြိုးစုံကိုင်ပြီးသကာလ ၊ အောက်ပြည် မှာ မောင်းသလို ဘယ်သူမှ မသာအောင် မောင်းပစ်ပါ၊ လမ်းဖြောင့်ဖြောင့် သွားတာကို ဒီကျတော့ ။
            ဖြစ်ပျက်အပေါ်မှာ ဖြောင့်ဖြောင့် သွားတော့တယ် ဆိုတာ ကောင်းကောင်းကျေနပ်ပလား …
( ကျေနပ်ပါပြီ ) အဲဒါ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် ၊ သောဏဘုရားဟောတာသည် နမူနာပဲဆိုတာ ဒကာ ဒကာမတို့ မှတ်ရမယ် ။
သောဏနည်းကိုယူပါ 
            ဒကာ ဒကာမတွေလည်း အဲဒီနည်းမယူလို့ရှိရင် ရကိုမရဘူး၊ သဘောကျပလား ( ကျပါပြီ ) ဖြစ်ပျက် ပေါ်မှာ ၀ီရိယနဲ့ သမာဓိကို ညီမျှအောင် လုပ်ပါ၊ ဖြစ်ပျက်ပေါ်မှာ… ( ၀ီရိယနဲ့ သမာဓိကို ညီမျှအောင်လုပ်ရပါ မယ် ) ။
            ညီမျှအောင်လွှတ်လိုက်လို့ရှိရင်ဖြင့် ဒီဖြစ်ပျက်မတွေ့မရှိဘူး၊ သဘောကျပလား …. ( ကျပါပြီ ) ဖြစ် ပျက်တွေ့တဲ့တစ်နေ့ကျလို့ရှိရင် ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်တွေ့ ရမယ် ။
            ဖြစ်ပျက်မှ မတွေ့တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်တွေ့ဖို့ အရေးကွာဝေးပါတယ်လို့ မှတ်လိုက်စမ်းပါ၊ သဘာကျပလား ( ကျပါပြီ ) ။
            ဒါဖြင့် ဒီနှစ်လုံးဟာ အရေးမကြီးဘူးလား ( ကြီးပါတယ် ) ဘယ်သူ့ဟောတာတုံးလို့ မေးတဲ့ခါကျတော့ သောဏဟောနေတာ ( မှန်ပါ့ ) ။
            ကောင်းပြီ အားထုတ်တာက၊ ဒီနှစ်လုံးတည်းနဲ့ အားထုတ်လို့ မရသေးဘူး၊ ဒီဝီရိယဆိုတာ ဖြစ်ပျက် မြင်တဲ့တရားမဟုတ်ဘူး၊ ညီမျှအောင်ပဲ ရှိတာပဲ ၊ သမာဓိဆိုတာ တည်ကြည်ရုံရှိတာပဲ ၊ ဖြစ်ပျက်မြင်တဲ့တရားတော့ မဟုတ်သေးဘူး ။
ပညာကမှ ဖြစ်ပျက်မြင်တယ်
            ညီညွတ်အောင်လို့သာ ထားပါလို့ပြောတာ၊ ဖြစ်ပျက်မြင်တဲ့တရားအစစ်ကတော့ ဒကာ ဒကာမတို့ ပညာမှမြင်တယ်နော် ။
            ပညာကို သူတို့က အကူအညီတွေကို မောင်နိုင်ရ ( မှန်ပါ့ ) အဲတော့ ပညာနဲ့ သဒ္ဓါကိုလည်း တစ်ခါ ဘုရားက ညှိပြန်တယ် ။
            ပညာနဲ့ သဒ္ဓါဟာလည်းကွာတဲ့ ၊ ဗလ၀ ပညော မန္ဒသဒ္ဓေါ … တဲ့ ၊ ပညာက သိပ်ပြီးခေါင်းဆောင်နေ ပြန်လို့ရှိရင်လည်း ၊ သဒ္ဓါက နောက်ဆုတ်သွားတယ် ။
ဘုရားအပေါ်မှာ မယုံကြည်တဲ့အတွက် ကိုယ့်ဥာဏ်လေးအသုံးချချင်တယ်၊ သဘောကျပလား ( ကျပါတယ် ) ကိုယ့်ဥာဏ်နဲ့ ဒီလိုသုံးလိုက်မယ် ၊ ဒီလိုသုံးလိုက်မယ် ဆိုလို့ ရှိရင် ၊ ဒီလိုနဲ့ မရဘူး သူက( မှန်ပ့ါ ) ။
    ဘုရားအပေါ်မှာ ယုံကြည်လုံးသန်သန်နဲ့ ဘုရားက ဒီလိုဟောလို့ ဒီလိုမြင်ရမယ်ဆိုတဲ့ ဥစ္စာကို တွဲရ တယ် ။
ဘုရားအပေါ်မှာ ယုံကြည်မှု ပြင်းထန်ရမယ် 
            ကိုယ့်ဉာဏ်နဲ့ကိုယ် အသုံးချလို့ မရဘူး၊ သဘောကျပလား ( ကျပါပြီ ) ဘုရားအပေါ်မှာ မမှန်တဲ့ဟာ ကို တစ်လုံးမှမပြောဘူး၊ မှန်တာကိုသာ ဆိုလေ့ပြောလေ့ရှိတယ်၊ မှန်တာကိုသာ ဟောလေ့ပြောလေ့ရှိတယ် ။ 
            သူပြောတဲ့အတိုင်း အမှန်လုပ်လို့ရှိရင်ဖြင့် အမှန်ရောက်တာပဲလို့ ၊ သူ့အပေါ်မှာ ယုံကြည်တာ ပြင်းပြင်းထန်ထန်ထားရမယ် ၊ သဘောကျပလား ( ကျပါပြီ )။
            သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ ပေါ့လေ ဘဂ၀တာ - မြတ်စွာဘုရားသည် ၊ သွာက္ခာတော - မဟုတ်ပဲနဲ့ဟာတစ်လုံးမှမပြောပဲနဲ့ ၊ အဟုတ်ချည်းအမှန်ဟောတော်မူတဲ့ကိုယ်တော်၊ ဒီလိုဘုရားအပေါ်မှာ ယုံကြည်တဲ့ သဒ္ဓါနဲ့၊ ဒီပညာကလည်း မလွန်ပဲနဲ့ ၊ပညာလွန်တော့ ကိုယ်ဉာဏ်စွမ်း ကိုယ်သုံးပစ်လိုက်တယ် ၊ ကောက်ကျစ်တဲ့ဘက် လှည့်လှည့်ပြေးတယ် ၊ သဘောကျပလား ( ကျပါပြီ ) ။
            ဒါကြောင့် ဗလ၀ပညော မန္ဒသဒ္ဓေါလို့ ဟောတာ ၊ ပညာလွန်လို့ရှိရင် သဒ္ဓါနောက်ဆုတ်တယ်ကွ ၊ မရဘူးတဲ့ ရိပါမိပလား ( ရိပ်မိပါပြီ ) ။
ပညာလွန်တော့ ၊ သဒ္ဓါနောက်ဆုတ်တယ် 
            ပညာလွန်ပြန်တော့ သဒ္ဓါနောက်ဆုတ်တယ်၊ မရနိုင်ဘူးတဲ့ ၊ ဒီဖြစ်ပျက်ကို မမြင်နိုင်ဘူး၊ ဖြစ်ပျက်အ ဆုံး နိဗ္ဗာန်ကို ၊ သဘောကျပလား ( ကျပါပြီ ) ။
            ဒါဖြင် သဒ္ဓါသက်သက် လွန်နေပြန်လို့ရှိရင်လည်း မောင်နိုင် မရပြန်ဘူး၊ သဒ္ဓါကဘာတုံးဆိုလို့ရှိ ရင်ဖြင့်တဲ့၊ သဒ္ဓါဆိုတာ သူက ယုံကြည်တတ်တာသာ ရှိတာပဲ ။
            သူ့မှာ ပညာနဲ့ မတွဲလို့ရှိရင် ၊ သူယုံကြည်ချင်တဲ့ ဥစ္စာယုံကြည်ချလိုက်တာပဲ ၊ မှန်တယ် မမှန်တယ် ရွေးသေးရဲ့ လား … ( မရွေးပါဘူး ) ။
            အဲဒါ သဒ္ဓါနဲ့ ပညာနဲ့ဟာတဲ့ ၊ သဒ္ဓါက ယုံကြည်ချင်တာကိုလည်း ရမ်းပြီးမယုံကြည်ပဲနဲ့၊ ပညာနဲ့တွဲပြီး သကာလ ယုံကြည်ဦး ။
            တစ်ခုသောတရားကို နှစ်ခုပေါင်းပြီးသကာလ ယုံကြည်နဲ့ ပညာနဲ့တွဲပြီး အလုပ်လုပ်ရမယ်။
            ဒါဖြင့် သဒ္ဓါကိုလည်း မလွန်စေနဲ့ ၊ ပညာကိုကော…. ( မလွန်စေနဲ့ ) အဲ … သဒ္ဓါပညာ၊ သဒ္ဓါလွန်လို့ ရှိရင် ဒကာ ဒကာကမတို့ မဟုတ်တာကို ကြည်ညိုလေးစားပြီး သကာလ သွားတတ်တယ်၊ သဘောကျပလား … ( ကျပါပြီ ) ။
ဒါရုစီရိယ
            ရှေးတုန်းက သဒ္ဓါလွန်လို့ ဒါရုစီရိယကိုကြည့် ၊ ဒါရုစီရိယ ဆိုတာ သင်္ဘောပျက်ပြီးသကာလ သွားတယ်၊ ဒကာ ဒကာမ တို့သိတဲ့အတိုင်း သင်္ဘောပျက်ပြီးသွားတော့ ခုနှစ်ရက်တိုင်တိုင် သင်္ဘောပျက်ပြီး ခုနှစ်ရက်မြောက်ကျမှ ကမ်းနားရောက်တယ် ။
            ကမ်းနားရောက်တဲ့အခါ၊ သူ့မှာ အ၀တ်မပါဘူး၊ သစ်တုံးတစ်တုံးပေါ်မှာ နေပြီးသကာလ နေရတော့ ၊ ဒကာ ဒကာမတို့ သူက အ၀တ်မပါတာနဲ့ မြစ်ကမ်းနားမှာရှိတဲ့ ကျူရိုးကလေးတွေ ၀ါးအစကလေးတွေကို သစ်သားကလေးနဲ့ ခက်ခက် ခက်ခက်ပြီး ဗျပ်ကလေးလုပ်တာပေါ့ဗျာ ။
            ဗျပ်ကလေးလုပ်ပြီးဝတ်သွားတဲ့ အခါကျလို့ရှိရင် ၊ဟို … လှေဆိပ်ကို လျှောက်သွားတယ်၊ စားချင် သောက်ချင်လို့ ။
ဒီပုဂ္ဂိုလ်မှ အခြိုးခြံဆုံးပုဂ္ဂိုလ်တဲ့ 
            အဲဒီမှာ ပုဂ္ဂိုလ်တွေက ဘုရားကလည်း ပွင့်နေတဲ့အခါဖြစ်တော့ ၊ သဒ္ဓါလွန်ပြီး သဒ္ဓါချည်းသက်သက် အသုံးချလိုက်တော့ အို … ဒီပုဂ္ဂိုလ်မှ လောကကြီးထဲမှာ ခြိုးခြံတဲ့ ပုဂ္ဂိုလ်ပဲ ၊ ဒါ အခြိုးခြံဆုံးပုဂ္ဂိုလ် ။
            ကြည်ညိုလိုက်တာ သိပ်ကြည်ညိုသွားတယ်၊ ကဲ သဒ္ဓါချည်းဆိုတော့မှားမနေဘူလား (မှားပါတယ် ) သဘောကျကြပလား ( ကျပါတယ် ) သဒ္ဓါချည်တော့ …. ( မှားပါတယ်ဘုရား )။
            အဲဒါကြောင့် သဒ္ဓါကို ပညာနဲ့တွဲမှ အမှန်ရောက်မယ်၊ သဒ္ဓါကို …( ပညာနဲ့ တွဲမှ အမှန်ရောက်ပါမယ်) ရှင်းပလား ( ရှင်းပါပြီ ) ။
            သဒ္ဓါချည်းသက်သက်ဆိုရင်၊ ဒါအ၀တ်မပါတာ ရဟန္တာလို့ ထင်နေကြတယ်၊ ဘယ်လောက်ကြောက် စရာကောင်းသလဲ ၊ သူ့ခမျာ သင်္ဘောပျက်လို့ အ၀တ်မပါတာ၊ အဲတော့ ဒီပုဂ္ဂိုလ်မှ ရဟန္တာတဲ့ ၊ အင်မတန်ခြိုးခြံတာ အ၀တ်ကို မရှိတော့ဘူးဆိုတော့ ( မှန်ပ့ါ ) သဒ္ဓါဟာဘယ့်နှယ့် နေသတုံးကွာ မောင်နိုင် … ( မပါပါဘူး ) ။
သဒ္ဓါလွန်ပြန်တော့ ပညာနောက်ဆုတ်တယ် 
အဲဒါကြောင့် သဒ္ဓါလွန်ပြန်လို့ရှိရင်လည်း ဒကာ ဒကာမတို့ ပညာဆုတ်သွားတဲ့အတွက် မကြည်ညို သင့်တာ ကြည်ညိုတတ်တယ် သိပ်ကြောက်စရာကောင်းပါလား ၊ သဘောကျပလား ( ကျပါပြီ ) ။
            အဲဒါကြောင့် သောဏဟောတာ ၊ သောဏ မင်း… သဒ္ဓါနဲ့ပညာ မခွဲနဲ့နော်၊ ဖြစ်ပျက်ရှုတဲ့အခါမှ သဒ္ဓါနဲ့ ပညာဘာတဲ့ … ( မခွဲရပါဘုရား ) ရှေ့ နောက် မထားနဲ့ကွ၊ ပြိုင်တူ ဖြစ်ပျက်ရှုတဲ့အခါ ခန္ဓာဘက်ကို လှည့်ပါ ၊ သဘောကျပလား ( ကျပါပြီ ) ။
            သဒ္ဓါနဲ့ ပညာ ဘယ်သူ့ရှေ့ ထားရမယ် ( ပြိုင်တူ ထားရမယ် ) ပြိုင်တူထားကြည့်တော့ဖြစ်ပျက်ကြည့် ၊ ခန္ဓာဆီကြည့်ရမှာပေါ့လေ၊ ဘယ်သူမှ မသာ ၊ ဘယ်သူ့ဘယ်သူမှ မသာစေနဲ့ သောဏရ ( မှန်ပါ့ ) ။
            သေချာဟောထားတယ် ၊ မဟောဘူးလား ( ဟောပါတယ် ) ဒါဖြင့် သဒ္ဓါနဲ့ ပညာ ဘယ်သူ့အသာ ထားရမယ် ( ပြိုင်တူထားရပါမယ် ) ။
ပညာသာရင် ကောက်ကျစ်တယ် 
            ပညာသာရင် ကောက်ကျစ်တယ်ကွ ၊ ကိုယ့်ဉာဏ်ကိုယ်အသုံးချပစ်တယ် ၊ အလွဲချည်းဖြစ်တယ် ။
            သဒ္ဓါချည်းသက်သက်ကြီးထားပြန်တော့လည်း ၊ မဟုတ်တာသွားပြီး ကြည်ညိုတတ်တယ်ကွ ၊ ဒါဖြင့် ဒကာ ဒကာမတို့ ယခုတချို့ ကြည်ညိုပြီးသကာလ နေကြတာတွေ၊ အမျိုးမျိုး အ၀တ်မ၀တ်တာတွေ ၊ အမျိုးမျိုး ကြည်ညိုပြီးသကာလ ။
            အမျိုးမျိုးအဖုံဖုံပေါ့ဗျာ၊ မရှိဘူးလား ရှိပါတယ်၊ အဲဒါ တချို့ သဒ္ဓါလွန်ပြီး ၊ ဒါမှ ခြိုးခြံတယ် ဒါမှ အလုပ် ၊ ရဟန္တအလုပ်ထင်ပြီးသကာလ သဒ္ဓါလွန်တာနဲ့ပဲ တစ်ခါတည်း ဒကာ ဒကာမတို့ ပညာဆွံ့ ပြီး သကာလ အမှန် မရောက်တော့ဘူး ရောက်သေးရဲ့ လား … ( မရောက်ပါဘူး ) ။
            အကြည်ညိုလွဲတယ် ၊ မလွဲဘူးလား ( လွဲပါတယ် ) ဒါကြောင့် သဒ္ဓါသိလောက်ကို ရှောင်ကွ ၊ ဘုရားက မဟောဘူးလား ၊ ဟောပါတယ် သေချာဟောတာနော်၊ ခင်ဗျားတို့က သဒ္ဓါတရား ကောင်းတာကို သိပ်ချီးမွမ်းနေတယ် ။
ပညာမပါရင် အလကားပဲ 
            သဒ္ဓါချည်းကောင်းနေလို့ရှိရင် အလကားပဲ ၊ ပညာမပါရင် အလကားပဲ ၊ သဒ္ဓါချည်းကောင်းနေတဲ့ အခါကျတော့ ကြည်ညိုလိုက်တာ ၊ ကြည်ညိုလိုက်တာဆိုပြီး သကာလ သဒ္ဓါချည်းကောင်းနေပြီး သကာလ နေတယ် ။
            သဒ္ဓါချည်း ကောင်းနေပြီးသကာလ ပညာမပါတော့ပြီ ဆိုလို့ရှိရင်ဖြင့် ၊ ဒကာ ဒကာမတို့ မကြည်ညို သင့်တာကို ကြည်ညိုတဲ့ အဓိပ္ပါယ်ရောက်ပါတယ် ရှင်းပြီနော်… ( ရှင်းပါတယ် ) ။
            ခုနက ၊ ဒါရုစီရိယ အ၀တ်မ၀တ်တာကို သူတို့ ရဟန္တာလုပ်လိုက်တယ် ၊ သဒ္ဓါသမားက ဘာလုပ်ပစ်လိုက်သလဲ… ( ရဟန္တာလုပ်ပစ်လိုက်ပါတယ် ) ဒါမှ ခြိုးခြံတာအစစ် ။
မရှိလို့မ၀တ်တာ ၊ ရဟန္တာထင်နေတယ်
            မရှိလို့ မ၀တ်တာ ခင်ဗျားတို့က ဘာဖြစ်နေ … ( ရဟန္တာဖြစ်ပါတယ် ) ဒါမှ ခြိုးခြံတဲ့ပုဂ္ဂိုလ်ဆိုတော့ မောင်နိုင် ပညာပါသေးရဲ့ လား … ( မပါပါဘူး ) ရှင်းပလား …. ( ရှင်းပါပြီ ) ။
            ဒါကြောင့် သဒ္ဓါချည်းသက်သက်လည်း ဒကာ ဒကာမတို့ အမှန်မရောက်ဘူး၊ ပညာချည်းသက်သက် လည်း ၊ ကောက်ကျစ်တဲ့ ဘက်ပြေးလို့ ၊ ကိုယ်ပိုင်ဉာဏ်သုံးလိုက်ပြန်ရင်လည်း ၊ ကိုယ်ပိုင်ဉာဏ်က လက်နှစ် သစ်လောက်နဲ့ ဘုရားဉာဏ်ကို နှိုင်းယှဉ်လိုက်ပြန်တော့လည်းမှားသွားတယ် ၊ ပညာလွန်တော့လည်း မှားတယ် ။
            သဒ္ဓါလွန်တော့လည်း ဒကာ ဒကာမတို့ မကြည်ညိုသင့်တာကြည်ညိုတယ်၊ ပညာလွန်သော် ကောက်ကျစ်တယ်၊ သဘောကျပလား ( ကျပါပြီ ) ။
            ဒါဖြင့် သဒ္ဓါပညာဘယ်လိုထားကြမယ် ( အညီအမျှထားရမယ် ) ဖြစ်ပျက်ပေါ်မှာပြိုင်တူထား ၊ ၀ီရိယနဲ့ သမာဓိကိုလည်း ( ပြိုင်တူထားရမယ် ) ။
            ဒီလိုချည်းနဲ့ ၀ိပဿနာလုပ်ရင် ၊ မရမရှိဘူးဆိုတာ အသေအချာဘုရားအဆုံးအဖြတ်ချပေးပါတယ်ဆို တာ ကောင်းကောင်းကျေနပ်ပလား ( ကျေနပ်ပါပြီ ) ။
ဒါ အလုပ်သမားအတွက် 
            ကောင်းပြီ ဒါအလုပ်သမားအတွက် မှာဖြင့် မောင်နိုင်၊ သဒ္ဓါပညာညီဖို့ရာ အတော်အရေးကြီးတယ် နော်၊ ၀ီရိယသမာဓိ ညီညွတ်ဖို့ … ( အရေးကြီးပါတယ် ) ဒီလေးခုညီညွတ်လို့ရှိရင် ဒကာ ဒကာမတွေ ဘယ် နည်းနှင့်မှ မရမရှိဘူးဆိုတဲ့ဥစ္စာ၊ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်အဆုံး ဖြစ်တဲ့နိဗ္ဗာန် ခင်ဗျားတို့ရရမယ် ။
            မရမရှိဘူး၊ ဒီလိုညှိပေးမည့် ဆရာမရှိပြန်လို့ရှိရင်၊ ပြင်ပေးမည့် ဆရာမရှိလို့ရှိရင်လည်း ၊ တစ်ခါတည်း တချို့ ကျတော့ ၀ီရိယနည်း သမာဓိလွန်ပြီး သမထဘက်လှည့်သွားပြီး ၊ ကြောက်စရာလန့်စရာတွေ ပေါ်လာ ပြီး သွေး၊ လေ ပျက် ရူးတာပဲ ။
            ဒါသမာဓိ၊ သမာဓိလွန်တာပဲ သဘောကျပလား ( ကျပါပြီ ) ၀ီရိယနဲပ သမာဓိလည်း ညီမျှအောင် အားထုတ် ၊ သမာဓိချည်းလွှတ်ပေးလိုက်တဲ့အခါ ၊ သမထဘက် လွဲမသွားဘူးလား ( လွဲသွားပါတယ် ) ။
သတိကတော့ပိုတယ်မရှိ 
            ဒီဘက်လွဲပြီး ကြောက်စရာ လန့်စရာတွေ မြင်ပြီးသကာလ ၊ ရူးနောက်ပြီးသွားတတ်တယ်၊ အဲတော့ ညှိဖို့ရာအလွန်အရေးကြီးတယ် ၊ သဘောကျပလား … ( ကျပါပြီ ) ။
            သဒ္ဓါပညာကော .. ( အညီအမျှထားရမယ် ) ။
            သတိဆိုတဲ့ တစ်လုံးကတော့ ဖြင့် ၊ သတိဆိုတဲ့ တစ်လုံးကတော့ဖြင့် ဒကာ ဒကာမတို့ နေရာတိုင်းမှာ အသုံးချရသလိုပဲ ၊ ဆားမပါရင် ဘယ်ဟင်းမှ မကောင်းသလိုပေါ့ဗျာ ။
            သူကတော့ဖြင့် အပိုအလို မရှိပါဘူးတဲ့ ဒကာ ဒကာမတို့ အမြဲတမ်း ပါအောင်လုပ်ပါ ( မှန်ပါ့ ) ။
            သဒ္ဓိနြေ္ဒ၊ ပညိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ၀ီရိယနြေ္ဒ ၊ သတိနြေ္ဒ ဆိုတာ ဣနြေ္ဒ သဘောကျပလား ( ကျပါပြီ ) အဲဒီငါးခုဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်မှာ ညီမျှအောင်လုပ်လို့ရှိရင် မရမရှိပါဘူးတဲ့ …. ( မှန်ပါ့ ) သဘောပါပလား ( ပါပါပြီ ) ။
            ကောင်းပြီ ဒါဖြင့် ငါးခုပေါ့ကွာ၊ ဣနြေ္ဒငါးပါးပေါ့ ၊ ညှိတတ်ပလား ( ညှိတတ်ပါပြီ ) ပထမနှစ်ခုက ဦး မစီးစေနဲ့ ၊ ညီတူညီမျှပေါ့ ၊ ဒုတိယနှစ်ခုကကော … ( ဦးမစီးစေနဲ့ပေါ့ ) ။
            ဪ… ၀ီရိယနဲ့ သမာဓိ၊ သဒ္ဓါနဲ့ … ( ပညာ ) ရှေ့ နှစ်ခုက ဘာပါလိမ့် ( ၀ီရိယနဲပသမာဓိပါ ) အဲ မလွန်စေနဲ့နော် …. ( တင်ပါ့ ) ။
            နောက်နှစ်ခုက ဘာပါလိမ့် …. ( သဒ္ဓါနှင့်ပညာပါ ) သဒ္ဓါနှင့် ပညာက သူတို့နှစ်ခုလည်း ပြိုင်ဘက်နော်၊ သတိကတော့ ဘယ်အခါမဆို လိုလို့ အမြဲတန်းတွဲထား တယ် ရှင်းပလား … ( ရှင်းပါပြီ )။
ဣနြေ္ဒညီရင်မရမရှိ
            ဒီဣနြေ္ဒညီမျှလို့ရှိရင် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီပုဂ္ဂိုလ်ဘယ်တော့မှ မရဘူးလို့ မဟောပါဘူးကွာ၊ ညီညွတ်အောင်လုပ်ပေးတတ်တဲ့ ဆရာနဲ့သာ ကြုံပါစေ ဘယ်လောက်အရေးကြီးတယ်ဆို တာ ပေါ်ကြပလား … ( ပေါ်ပါပြီ ) ရှင်းပြီနော် ( ရှင်းပါပြီ ) ။
            အဲဒီလိုဟောပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကတန်ခိုနဲ့လာပြီး၊ တန်ခိုးနဲ့   ကျောင်းတော်ပြန် တယ် ။
            ဘုရားသခင် ကိုယ်တော်မြတ်ကြီး တန်ခိုးနဲ့ ကျောင်းတော်ပြန်သွားတော့ သောဏက၊ ဒီတစ်ခါတော့ ဖြင့် ကျကျနန လုပ်လိုက်မှပဲ ၊ ဘုရားက စောင်းဥပမာလည်း ပြသွားပြီ ၊ ဘယ်သူ့ ဘယ်သူမလွန်စေနဲ့ ။
ဘုရားဟောတဲ့အတိုင်းသောဏကျင့်တယ် 
            သဒ္ဓါကိုလည်း မလွန်စေနဲ့ ပညာကိုလည်း မလွန်စေနဲ့ သတိကတော့ဖြင့် နေရာတိုင်းထားကွ ၊ သေသေချာချာဟောသွားတဲ့အတွက် ငါ ဒီတစ်ခါဖြင့် ကြိုးစားပါတော့မယ်ဆိုပြီး ကြိုးစားလိုက်တယ် ။
            ကြိုးစားလိုက်တော့ ခန္ဓာကိုယ်မှာ လှည့်ပြီးကြည့်လိုက်တာပဲ ၊တစ်ခါတည်း ဒကာ ဒကာမတွေ အနိစ္စ တွေမြင်လာတယ် ။
            အနိစ္စတွေမြင်လာပြီး အနိစ္စမုန်း ၊ အနိစ္စဆုံးဆိုတဲ့ သောတာပန်တည်တာပဲ ညှိချလိုက်တာပဲ ၊ သဘောကျပလား ( ကျပါပြီ ) ညှိလိုက်တော့ ဒကာ ဒကာမတို့ မမြင်လား …. ( မြင်ပါတယ် ) ။
အာသဝေါကုန်လို့ ရဟန္တာဖြစ်တယ် 
            နောက်တစ်ခါ ဒီအတိုင်းသာ အားထုတ်တော့၊ တစ်ခါတည်း ရဟန္တာဖြစ်တယ်ဆိုကြပါစို့၊ ဒါညီရင်ရ တာပဲ သဘောကျပလား ( ကျပါပြီ ) ။
            ရပြီးသကာလ ၊ ကိုင်း နေရာကျပြီဆိုပြီး သကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဆီ သွားပြန်တယ် ။
            အရှင်ဘုရား ၊ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တနဲ့ ပြည့်စုံတဲ့ ကိုယ်တော်မြတ်ကြီးဖြစ်တဲ့အတွက် တပည့်တော်ဖြင့် အာသဝေါကုန်ခန်းလို့ ရဟန္တာဖြစ်ပါပြီလို့ အသေအချာလျှောက်တာပဲ .. ။
အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ရတဲ့နည်း 
            ဒါ မရတဲ့ ပုဂ္ဂိုလ်ရတဲ့နည်း ( မှန်ပါ့ ) ရှင်းပလား ( ရှင်းပါပြီ ) ။
            ဘယ်သူ့အတွက် ဟောတယ်ဆိုတာဖြင့် အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်မှာဒါနည်းရရုံပဲ ၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒါသာညီမျှရင် မရမရှိဘူးလို့မှတ်ပါ၊ ကျေနပ်ပလား ( ကျေနပ်ပါပြီ ) ။
            ဒါဖြင့် သောဏမှာ ပါရမီပါလို့လား၊ ဒါညီမျှလို့လား စဉ်းစားပါ ( ညီမျှလို့ပါ ) ။
            နဂိုက ပါရမီပါလို့ပဲ သာသနာဘောင်ဝင်ပေါ့ပဲ၊ သို့သော်လည်း သူနောက်တောင်ဆုတ်ပြီ ၊ ငါ့ပစ္စည်း တွေရှိသားပဲ ၊ ငါမဂ်ရထိုက်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး၊ ငါ့ပစ္စည်းတွေနဲ့ပဲ လှူဒါန်းပေးကမ်းပြီးသကာလ ၊ အဲဒီက ပဲ နေပါတော့မယ် ။
            ရဟန်းဖြစ်မှ လူထွက်ပြီးသကာလ သူဌေးသားအဖြစ်နဲ့ပဲ လှူဒါန်းပေးကမ်းပြီး နေပါတော့မယ်၊ ဒီဘ ၀ ငါရထိုက်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးဆိုတော့ ကမ္မဋ္ဌာန်းက လွန်နေပြီ သဘောကျပလား ( ကျပါပြီ )။
            ဘာလွန်နေတယ်ဆိုတာ ၀ီရိယလွန်နေတာ ၊ ၀ီရိယလွန်နေတော့ သမာဓိကဘယ်နှယ်နေသလဲ ( နုံ့သွားတယ် ) နုံ့သွားတဲ့ အခါကျတော့ ခုနက မလုပ်တော့ဘူးဘက်သွားတယ်၊ မလုပ်တော့ဘူးဆိုတော့ ပျင်းတာပေါ့ ။
            အဲဒီဘက်လှည့်သွားတယ် ဆိုတာ သဘောကျပလား ( ကျပါပြီ ) ဒါဖြင့် သောဏ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက သဒ္ဓါ ပညာတွေ ညီပါစေကွာ၊ ၀ီရိယနဲ့ သမာဓိညီမျှပါစေ ။
            မင်းစောင်းဥပမာလည်း ငါပြောပြီးပြီပေါ့ ၊ မင်းဒီအတိုင်းသာ ကြိုးစားတော့ဆိုပြီး ဘုရားနည်းပေးပြီး ပြန်တာပဲ ( မှန်ပါ့ ) ။
သောဏထေရ်ကတရားနဲ့ ပူဇော်တယ်
            ပြန်သွားပြီး သကာလ ဒီအတိုင်း ကြိုးစားတော့လည်း သောတာပန်၊ သကာဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အဖြစ်သို့ ရောက်လို့ ဘုရားဆီကို ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကိုယ်တော်ကြီးဆိုပြီး သွားပြီးပူဇော် ကန်တော့တာပဲ ။
            တရားနဲ့ပူဇော်တာပဲ ရိပ်မိပလား ( ရိပ်မိပါပြီ ) ။
            မရစရာအကြောင်းရှိရဲ့ လား ( မရှိပါဘူး ) ဒါဖြင့် ဒီနေရာဘယ်သူလိုသလဲဆိုတော့၊ ကလျှာဏမိတ္တ ဆိုတာ ဆရာသမားသိပ်လိုတယ် မလိုဘူးလား ( လိုပါတယ် ) သူမပါရင် မရပါဘူးတဲ့ ။
            သူမပါရင် မရဘူး၊ သူမပါလို့ရှိရင် ကိုယ်ပိုင်ဉာဏ်လွန်သွားမှာပဲ ၊ သမထဘက် စောင်းသွားမယ်၊ သဘောကျပလား ( ကျပါပြီ ) ။
            အဲဒီကဲ့သို့ စောင်းသွားပြန်လို့ရှိရင်လည်း ကိုယ်ကျိုးနဲတတ်တယ်၊ သဘောကျပလား ( ကျပါပြီ ) ကမ္မဋ္ဌာန်းဟာ ဆရာနဲ့ ကင်း၍မဖြစ်ဘူးဆိုတဲ့ ဥစ္စာကို၊ ဒကာ ဒကာမတို့ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ ) ။
            သောဏမှာ အခုဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင်ပဲ၊ သူတစ်ခု လွန်နေလို့ ၊၀ီရိယ လွန်နေလို့ ဆရာလာလုပ်ရတယ် ၊ နို့မို့ဆိုရင် လုပ်စရာရှိသေးရဲ့ လား ( မရှိပါဘူး ) ။
ညီမျှရေးကို မမေ့ပါနဲ့ 
            ကိုင်း ဒါဖြင့် ညီမျှရေးကို ဘယ်အခါကာလမှ မမေ့ပါနဲ့ ၊ အလုပ်သမားတွေနော် ။
            ဆိုတော့ ဒါ … သိဒ္ဓိနြေ္ဒ၊ ပညိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ၀ီရိယိနြေ္ဒ ဆိုတော့ စုလိုက်တဲ့အခါ ဣနြေ္ဒ ငါးပါး သွားဖြစ်တယ် ၊ စုလိုက်တဲ့အခါဘာဖြစ်သလဲ … ( ဣနြေ္ဒငါးပါးသွားဖြစ်တယ် ) ။
            အဲဒီဣနြေ္ဒညီမျှရင် မရမရှိဘူးတဲ့ ၊ ရှင်းပလား ( ရှင်းပါပြီ ) ဣနြေ္ဒညီမျှရင် … ( မရမရှိပါ ) အဲဒီတော့ ဒီဣနြေ္ဒညီမျှရင် ခုနက သြဃလေးပါး အကုန်ကူးခတ်ပြီး သကာလ ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတဲ့ဥစ္စာ သြဃမရှိတာ ။
ဒီအတိုင်းကြိုးစားရင်ရမယ် 
            အာသ၀မရှိတာ နိဗ္ဗာန်ဆိုသောကြောင့် ၊ ဒီငါးခုနဲ့ ကူးခတ်လိုက်လို့ရှိရင် အာသ၀နယ်က လွန်မြောက်ပြီး၊ အာသဝေါတရားတွေ ချုပ်ရာနိဗ္ဗာန် သေချာရောက်တယ်လို့ ငါဘုရားတာဝန်ခံတယ်လို့ သေချာဟောတာ သဘောကျပလား ( ကျပါပြီ )။
            အားငယ်စရာများရှိရဲ့ လား ( မရှိပါဘူး )ဒီအတိုင်းကြိုးစားရင် ရမယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ) ကိုင်း ဒါဖြင့် ဒီအတိုင်းကြိုးစား …. ။
ကဲ ဒီနေ့တော်ကြဦးစို့
သာဓု … သာဓု … သာဓု ။
No comments:
Post a Comment