Tuesday, September 4

မိုးကုတ်ဆရာတော်ဘုရားကြီး၏သံဝေဂဓမ္မတရားအစု(၄)

၁။ တစ်ကိုလုံး အပ်သွားချစရာ မရှိအောင် ငါလို့လုပ်တာဒိဋ္ဌိ၊ မွေးက
    တည်းက ငါ့ကိုယ် ငါ့ဟာဆိုတာ လူတိုင်းချည်ပြီးသား။
၂။ နဂိုက တစ်ကိုယ်တည်းကြိုး အသက်ကြီးလေ သားကြိုးက ပတ်၊
    သမီးကြိုးက ပတ်၊မြေးကြိုးက ပတ်၊ဆိုတော့ ကြိုးအထပ်ထပ်
    ဖြစ်လေ မလှုပ်နိုင်လေ။
၃။ ဝိပဿနာ လုပ်တော့မယ်ဆိုရင် ဒိဋ္ဌိကိုအသိနဲ့ အရင်ဖြုတ်ပါ။
၎။ ရင်ဝလှံစူး ထိပ်ဦးမီးလောင် ဒိဋ္ဌိအမြန်ရှောင်ကြ။
၅။ ဒိဋ္ဌိသတ်တာက တဏှသတ်တာထက် အရေးကြီးတယ်။
၆။ ဒိဋ္ဌိကိုအသိနှင့်ဖြုတ်ချင်ရင် ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို အရင်ဆုံးနား
    လည်အောင်လုပ်ထားကြပါ။
                    (နိဗ္ဗာန်တရားအစု)
၇။ ဘုန်းကံရှိတယ်လို့မှတ်ပါ ၊ သက္ကာယဒိဋ္ဌိပြုတ်တာနဲ့ ပထမနိဗ္ဗာန်
    ရောက်ရမယ်။
  ၈။ ကံကတော့ထူးကြပြီ ၊ ကံထူးပြီး ဉာဏ်ရူးမဖြစ်စေနဲ့။
  ၉။ ဉာဏ်နားနဲ့ထောင်ကြပါ ၊ ဒီကနေ့ ပထမ နိဗ္ဗာန်ရောက်အောင်ဟောမယ်၊      ပထမနိဗ္ဗာန်ရောက်အောင် နာမယ် ၊ ကျင့်မယ်လို့ အားခဲထားပါ ၊     ဘယ်တော့မှမပြီးတဲ့အလုပ်တွေကြောင့် မလာနိုင်ရင်မလာနဲအပါယ်သာသွားပေတော့။
၁၀။ ရှေးတရားတွေလို မအောင်မေ့နဲ့ ခုဖြတ်ရင် ခုပြတ်တယ် ၊ ခန္ဓာဆုံးနည်း နိဿရည်းကို ပေးပါမယ်။
၁၁. တဏှာနဲ့ ဒေါသဝင်လိုက် ထွက်လိုက် ၊ ကိုယ့်သန္တာန် ဗွက်ပေါက်နေ သော်လည်းမသိဘူး။
၁၂။ အပါယ်လေးပါးတံခါးကို မဂ်နဲ့ ပိတ်ရတယ် ၊ ရှုမှုနဲ့က ပယ်တာ မဂ်က ဖြတ်ပြီနိဗ္ဗာန်ရတာ။

                                                                                   အရှင်ဉာဏဓဇ


No comments:

Post a Comment