Wednesday, September 5

မိုးကုတ်ဆရာတော်ဘုရားကြီး၏သံဝေဂဓမ္မတရားအစု(၆)

၁။ သေမင်းမမြင်ရာအရပ်ဆိုတာ၊နိဗ္ဗာန်ကိုပြောတာ၊အပါယ်လေးရွာ
    ဆိုတာမိမိတို့ အမြဲနေရာအိမ်ဂေဟာ၊လူ့ဘုံ၊လူ့ဌာနဆိုတာ ခေတ္တ
    ခဏအလည်လာရတာ။
၂။ အလုပ်စဉ်ကြည့်ချင်ရင် ပဋိကတ်မှတ်တမ်းကြည့်၊အလုပ်ကိုကြည့်
    ချင်ရင် ခန္ဓာမှာကြည်။
၃။ သညာသိ နှင့် နိဗ္ဗာန်မရောက်နိုင်ပါ၊ပညာသိနှင့်မှသာ နိဗ္ဗာန်
    ရောက်နိုင်မည်။
၎။ ဝိပဿနာအားမထုတ်ဘဲ နေ့ရွှေ့ညရွှေ့ ရွှေ့နေတာသည်
    ဉာဏ်မဦးဘဲ အသေကဦးသွားလျှင် ကိုယ်ကျိုးနည်းတော့မည်။
၅။ တစ်သံသရာလုံး မိုက်ခဲ့သမျှ၊ဝိပဿနာဆားတစ်လျက်ဖြင့်
    ကြိုးစား၍ ကြေအောင်ဆပ်ပါ။
၆။ အရုဏ်တက်ခြင်းသည် နေထွက်ဖို့ ရှေပြေး ၊ ဝိပဿနာမဂ်သည်
    လောကုတ္တရာမဂ်၏ ရှေ့ပြေး။
  ၇။ အရုဏ်မတက်ဘဲ နေမထွက် ၊ အရုဏ်တက်မှ နေထွက်မည်။
  ၈။ ဒုဗလ ဝိပဿနာမဖြစ်စေနဲ့ ၊ ဗလဝ ဝိပဿနာဖြစ်ပါစေ။
  ၉။ ကြည့်တိုင်း ကြည့်တိုင်း ဝိပဿနာ ဉာဏ်မပေါ်ရင် ကံမြောက်ချည်းသွားတယ်၊ကံပေါ်ရင် အကျိုး ပေး ပေါ်မယ်။
၁၀။ ဝိပဿနာရှုဆိုတာ ဒုက္ခသစ္စာ အကြည့်ခိုင်းတာ ၊ မသိလိုက်တာဟူသ၍ အဝိဇ္ဇာချည်းပဲ           ဝိပဿနာ ဆိုတာ ရှေ့ဖြစ်ပျက် ၊ နောက်ကမဂ်။
၁၁။ မြင်တာလေး မရှုဘဲ မြင်လိုချင်၊မြင်တာမြင်မှန်းမသိ၊မြင်စွဲလမ်း ဒီသုံးချက်လာရင် ဒါက
      အပါယ်လေးပါး မှာ ခံရမှာ။
၁၂။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး။
၁၃။ မိမိခန္ဓာထဲ ရှိတဲ့တရား မိမိဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ။
၁၄။ စာပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ ၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၅။ သညာသိဖြင့် နိဗ္ဗာန်မရနိုင် ၊ ပညာသိမှသလျှင် နိဗ္ဗာန်ရနိုင်မည်။

                                                                အရှင်ဉာဏဓဇ

No comments:

Post a Comment