Friday, September 28

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာရှုပွားနည်း

                                        "စိတ်ရှုတာ ထာဝရ ဝိပဿနာပဲ"
စိတ္တာနုပဿနာဆိုပေမယ့် စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ စိတ်၏မရှိမှု ပျက်မှုကို ရှုရမှာ၊ စိတ်ရှုရှု
ဝေဒနာရှုရှု အပျက်ကိုမြင်စေရမယ်၊ လူတစ်ယောက်ဟာ ယခုဖြစ်ဆဲစိတ်တစ်ခုနဲ့ပဲ အသက်ရှင်နေတယ်
တစ်ခုသော စိတ်ဟာ လူ့အသက်ပါပဲ၊ စိတ်တစ်ခုသက်တန်းဟာ (၁) မှာပေါ် (၂) မှာပျက်၊ စိတ်ကလေး
တစ်စိတ်ပေါ်လာ ဖျတ်ဆို သေပြီး၊ နောက်စိတ်တစ်ခု အစားထိုးတာပဲ၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်ပြီးပျက်
ဖြစ်ပြီးပျက်နဲ့..အစဉ်မပြတ် မရပ်မနား ဖြစ်ပျက်နေတာပဲရှိတယ်၊ အစားထိုးစိတ်နဲ့သာ အသက်ရှင်နေကြ
တာပဲရှိတာ..အစားထိုးရပ်တာနဲ့ သေမှာနဲ့ တစ်ချက်တည်းဘဲ။
ကမ္မဋ္ဌာန်းခွင်ဝင်ထိုင်နေမှ ကမ္မဋ္ဌာန်းမဟုတ်..အချိန်မရွေး နေရာမရွေး လာသမျှစိတ်ကို ရှိမရှိ အမြဲအကဲ
ခတ်နေတာဟာ ကမ္မဋ္ဌာန်းပဲ၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာနဲ့ နိဗ္ဗာန်ရောက်နိုင်ပါတယ်၊ ကိုယ့်သန္တာန်
စိတ်က နှစ်ခု ပြိုင် မဖြစ်နိုင်လို့..ရှေစိတ်ကို အကဲခတ်တဲ့ နောက်စိတ်နဲ့..မြင်လို့ မရနိုင်ဘူး၊ ပေါ်တဲ့စိတ်
ကအရင်ပေါ်မှာပဲ..အကဲခတ်တဲ့စိတ်က နောက်မှ ပေါ်မှာပဲ၊ ပေါ်တဲ့စိတ်ရှိတုန်းမှာ အကဲခတ်တဲ့ စိတ်မ
ဝင်းနိုင်ဘူး၊ ဘယ်စိတ်ပေါ်လာလာ မရှိမှန်းသိရင် အနိစ္စတွေ့တာပဲ။
ဒွါရ (၆) ပေါက်မှာပေါ်လာမျှ ဓမ္မတွေကို ဖြစ်ပျက်ရှုရမယ်၊ မရှုရင် ပေါ်တဲ့စိတ်ကို ငါစွဲတာချည်းပဲ၊ ရှုရမှာ
က စိတ်တစ်ခု ပေါ်ရာဋ္ဌာနက (၆) နေရာ။ ပေါ်တော့လည်း တစ်ခုတည်း တစ်နေရာမှာသာ ပေါ်မှာ၊
တစ်စိတ်မပေါ် တစ်စိတ် အမြဲပေါ်နေမယ်၊ မြင်တာနဲ့ မြင်ပြီ သိတယ်၊ မြင်တာမျက်လုံး သိတာ ဟဒယ
ဝတ္တု မြင်စိတ်ကလေးက မြင်ပြီး ပျက်တာပဲ၊ သိစိတ်ကလေးကလည်း သိပြီးပျက်တာပဲ၊ သိစရာတစ်ခု
ချုပ်ပြီးမှ သိတာဖြစ်တယ်၊ ရှုတဲ့အခါ မြင်တာကို မိရင်မိ..မမိရင် သိတာကို မိအောင်ဖမ်းရမယ်၊ မြင်တိုင်း
မြင်တိုင်း မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ ဝမ်းထဲက ရှုပေး၊ အရင်ဟာ မရှိတာသိရင် ပြီးတာပဲ
နောက်အစားထိုးတာ ရှိချင်ရှိမှာပေါ့ စိတ်သည် လက်ပစ်တစ်တွက် ကုဋေတစ်သိန်းချုပ်တယ်လို့ ဘုရား
ကဟောထားတာပဲ၊ ဘယ်စိတ်ဖြစ်၍ ဘယ်စိတ်ချုပပ်တယ်ဆိုတာ..ငါသိအောင်လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်
ချက်ထားပြီး၊ အကဲ ခတ်သာနေ၊ အကဲခတ်တဲ့စိတ်ပေါ်ရင်၊ ရှေ့စိတ်က ချုပ်ပြီသားလို့..မှတ်လိုက်ပေ
တော့ ပေါ်တဲ့စိတ် ကြည့်လိုက်တော့..မရှိတာဘဲ တွေ့တယ်၊ စိတ်ဟာ မရှိတာမှာ လမ်းဆုံးတယ်၊ တရား
တွေ့တယ်ဆိုတာ ခန္ဓာ၏ မရှိမှုသဘော၊ အနိစ္စကို တွေ့မှ တရားတွေ့တယ်လို့ ခေါ်နိုင်တယ်။
ဝေဒနာ၏ အပျက်ကို တွေ့မှသာ..အနိစ္စတွေ့တယ်လို့ ဆိုနိုင်ပါတယ်၊ ဝေဒနာတွေ ပေါ်ပြီးတော့ ပျက်တာ
တွေ့မှ..လမ်းမှန်တယ်လို့ ဆိုနိုင်ပြီ။
ဝေဒနာတွေ..စိတ်တွေ ဆိုတာလည်း တစ်ပြိုင်တည်း ပေါ်တာမဟုတ်ပါဘူး..တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်
တာဖြစ်ပါတယ်၊ ပိဋိကတ် ဘယ်လိုဆိုတယ်ဆိုလို့ရှိရင်..ယထာဘူတ မကျသေးဘူး၊ ခန္ဓာက ဘယ်လို
ပြနေတယ်၊ ခန္ဓာက ဘယ်လိုဆိုနေတယ်ဆိုရင်ဖြင့်၊ ယထာဘူတ ကျပြီ၊ ဘုန်းကြီးထွက်စေချင်တာက
ခန္ဓာက ဘယ်လိုပြနေတယ်ဆိုတာကို၊ ကြိုက်တယ်..ဒီတော့ ပေါ်ရာရှု ဘာမှ မပေါ်ရင်..သက်စောင့်စိတ်
ဆိုတဲ့ အိမ်သည်ကိုရှု။ စောင့်သာကြည်နေ..တကယ်ရှိတာက ဓမ္မဖြစ၍ ဓမ္မပျက်တာပဲရှိတယ်၊ တပည့်
တော်တို့ ဝိပဿနာ မလုပ်တတ်သေးဘူးဘုရားဆိုရင် စောင့်ကြည့်မနေလို့သာ မှတ်လိုက်ပေတော့
ဒိဋ္ဌိဆိတာ ဒီဓမ္မတွေကို ငါလို့လုပ်တာ၊ ဒါ ငါ့ဆံပင်၊ ငါ့သွား၊ ငါ့အသားနဲ့၊ ဒီ ဒိဋ္ဌိက စွဲထားလိုက်ထာ..
တစ်ကိုယ်လုံးမှာ..အပ်ဖျားချစရာတောင် မရှိဘူး၊ အမြဲမပြတ် ဖောက်ပြန်လိုက် ပျက်စီးလိုက် အစားထိုး
လိုက် ဒီလိုဖြစ်နေတာကို အမှန်မမြင်လို့..ခိုင်တယ်မြဲတယ်ထင်ပြီး..ဒိဋ္ဌိဝင်တာ။ ဒိဋ္ဌိက လေဘ၊ ဒေါသ၊
မောဟထက်..ပိုကြောက်စရာ ကောင်းတယ်၊ အလုံးစုံသော အကုသိုလ်တို့၏ ဖြစ်ရခြင်းအကြောင်းရင်း
ဟာ..ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ။
ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ်..အာရုံနဲ့ ဒွါရ အကြောင်းတရား နှစ်ခုကြောင့် ပေါ်လာတဲ့ သင်္ခါရတရားပဲ..
မြင်စိတ်ဟာ..မျက်စိအကြည်နဲ့ အဆင်းကြောင့် ပေါ်လာတာသိရင်၊ သံသယ သေတယ်၊ ငါမဟုတ်လို့
ငါမပိုင် ငါမဆိုင်လို့..အကြောင်းနှစ်ခု ရုပ်သိမ်းတာနဲ့ ပျက်တာသိရင်..ဒိဋ္ဌိသေတယ်၊ ဒီလို အကြောင်းနဲ့
အကျိုးဆက်တာသိတော့ ငါဘယ်ကလာပါလိမ့်မလဲဆိုတဲ့..သံသယ ဝိစီကိစ္ဆာ သေတယ်၊ တစ်ခါ
အကြောင်းနဲ့ အကျိုးနှစ်မျိုးစလုံးထဲမှာ..ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ သူ၊ ဒါတွေမပါတာ
သိတော့ ဒိဋ္ဌိသေတယ်။ ဒီအသိနဲ့သေရင် အပါယ်မကျဘူး ခန္ဓာကိုယ်ထဲမှာ..အခုပေါ်လာတဲ့ တရားလေး
တစ်ခုကို..ဘယ်လိုကြောင့် ပေါ်လာသလဲ..ဘယ်လိုကြောင့် ပျက်သွားသလဲ ပိုင်ပိုင်နိုင်နိုင်သိရင်
အပါယ်မကျဘူး။ ဒွါရခြောက်ပေါက်က..ခန္ဓာငါးပါးတို့..တစ်နေ့တစ်နေ့ မရေတွက်နိုင်အောင် ပြောင်းလဲ
နေတာကို..လဲပြီ လဲပြီလို့ ဖန်ဖန်သိတာဟာ..ဝိပဿနာပါ။ အားထုတ်ချိန်မှာ ဖြစ်ပြီ ပျက်ပြီလို့သာ
အားထုတ်ပါ၊ ဓမ္မသဘော သူ့ဟာသူ ဖြစ်ပျက်နေတာတွေ ကြည့်နေဖို့ပဲ၊ ဓမ္မတွေပဲလို့ သံသယရှင်း
သွားရင်..ဝိစိကိစ္ဆာသေတာပဲ၊ ဒိဋ္ဌိသတ်ဖို့ကတော့.. ပေါ်လာသမျှ တရား ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက် ဖြိုင်
ဖြိုင်ရှု၊ သံသယ ကင်းကင်းနဲ့ ဖြစ်ပျက်ရှုနိုင်ပြီဆိုရင်..သောတာပန်ဟာ အလွယ်ကလေးမှတ်။     ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

No comments:

Post a Comment