Friday, September 21

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရန်သူစစ်ကို မြင်ဖို့လိုပြီ

           "ရန်သူစစ်ကို မြင်ဖို့လိုပြီ"
ဒီနေ့ "ကာမာသဝ"စတဲ့...အာသဝေါတရားလေးပါး
မကုန်တော့ အဝဇ္ဇာဖြစ်မယ်၊အဝဇ္ဇာဖြစ်ရင်၊အယော
နိသော မနသိကာယဆိုတဲ့ နှလုံးသွင်းမှားလာလိမ့်
မယ်၊အယောနိသော မနသိကာယရှိရင်ဖြင့်၊ဝိစရဏ
ဆိုတဲ့ ဉာဏ်ဆုံးရှုံရမယ်၊စီစစ်တတ်တဲ့ ဉာဏ်ဆုံး
ရှုံရခြင်းသည်၊ကလျာဏမိတ္တဆိုတဲ့ မိတ်ဆွေ
ကောင်းမတွေ့လို့၊ဘာကြောင့် မိတ်ဆွေကောင်း
မတွေ့သလဲဆိုရင်...အကြားအမြင်နည်းလို့၊
အကြားအမြင် ဘာကြောင့်နည်းရပါလိမ့်မလဲဆိုရင်
ယထာဘူတဉာဏ် မရလို့၊ဘယ့်နှယ်ကြောင့်...
ယထာဘူတဉာဏ် မရပါလိမ့်မတုံးလို့၊မေးတဲ့အခါကျတော့၊အလိမ်မပြေလို့၊ဉာဏ်မှန်နဲ့ ကြည်လိုက်တဲ့
အခါကျရင်ဖြင့်...အနိစ္စတွေ့မယ်၊ဒုက္ခတွေ့မယ်၊အနတ္တတွေ့မယ်၊ဒါဘာဖြစ်တာတုံးဆိုတော့၊
အလိမ်ပြေတာ၊ရှင်းပြီးလာ။ဘယ်သူက လိမ်ရာတာတုံး မေးတဲ့အခါကျတော့ တဏှာ နဲ့ ဒိဋ္ဌိ က
လိမ်တာ၊ဒီအလိမ်ဘာကြောင့် ဖြစ်သတုံး၊ယထာဘူတဉာဏ်မရလို့ပါ။ယထာဘူတဉာဏ် ဘယ်နှယ်
ကြောင့် မရပါလိမ့်...အကြားအမြင်နည်းလို့၊ကလျဏမိတ္တဆိုတဲ့ ဆရာသမားကောင်း မတွေ့လို့၊
ဘာအတွက်ကြောင့် ဆရာကောင်း မတွေ့ရပါလိမ့်၊စီစစ်တဲ့ဉာဏ်မရှိလို့၊စီစစ်တတ်တဲ့ ဉာဏ်ကလည်း
ဘယ်နှယ်ကြောင့် မရှိပါလိမ့်၊နှလုံးသွင်းမှားလို့၊နှလုံးသွင်း ဘယ်နှယ်ကြောင့် မှားပါလိမ့်၊အဝိဇ္ဇာကြောင့်၊
အဝိဇ္ဇာ ဘယ်ကများလာပါလိမ့်၊အာသဝကြောင့်ဆိုတာ ရိပ်မိကြပလား၊အာသဝေါ ဘယ်တော့
ကုန်မှာပါလိမ့်၊ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် အာသဝေါကုန်ပါတယ်။
အဲဒီတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိဆိုတာ အကြီးဆုံးရန်သူနော်၊ရင်ဝလှံစူးတာကို ဖြည်းဖြည်းမှ
နှုတ်ချင်နှုတ်ပါ၊ဒိဋ္ဌိကိုတော့ အရင်ဖြုတ်မိအောင် ဖြုတ်စမ်းပါဆိုတာ...အကြီးဆုံးရန်သူမို့
ဒီလောက်ဟောနေတာပါ။ဦးခေါင်းမီးလောင်နေတာတောင်၊ဖြည်းဖြည်းမှ ငြိမ်းချင်ငြိမ်းပါ၊
ဒိဋ္ဌိကိုတော့ အရင်နှုတ်ပစ်ပါဆိုတဲ့ ဥစ္စာ အရေးကြီးလို့ ပြောရတာပါ၊မင်းကွာ တော်တော်နဲ့
မသေသေးပါဘူး၊လုပ်နိုင်ပါသေးတယ် ကိုင်နိုင်ပါသေးတယ်၊မင့်သား...မင့်သမီး ကလေးတွေ
လူလားမြောက်အောင် စောင့်နိုင်ပါသေးတယ်နဲ့။ဒိဋ္ဌိကဟောတာ...ပြုံးပြီးများ နားထောင်လိုက်
သေးတယ်၊အို ဒီအရင် အခါတုန်းကတော့ တပည့်တော်တို့၊သားရေး သမီးရေး စီးပွားရေးဆိုတဲ့
ကျွန်အလုပ်ကဈေးကောင်းတုန်းကို ဘုရား။ပျိုပျို ရွယ်ရွယ် ရောဂါကင်းစင်တုန်းကတော့
စားသောက်ကောင်း နေထိုင်ကောင်း အစာကြေညက်တုန်းက၊ဒိဋ္ဌိ တဏှာ ခိုင်းတာတွေ
လျှောက်လုပ်နေတယ်၊ရောဂါထူပြီဆိုမှ၊အင်း...ကိုယ်ရေးကိုယ်တာ၊ရှာဦးမှာပဲ၊ဒီလို့နဲ့
လာကြတာကိုးဗျ။

                                            ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ


No comments:

Post a Comment