၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ဒုက္ခသစ္စာ
မဂ္ဂသစ္စာ၊နိရောဓသစ္စာ။
၂။ ဒါနက သံသရာရှည်တာလား၊ဒါနနောက်က အ
သိမလိုက်လို့ သံသရာရှည်တာပါ။
၃။ ကုသိုလ်ရချင်ရုံနဲ့တော့ရိပ်သာမလာပါနဲ့၊တံမြက်
စိးလှည်း၊သောက်ရေအိုးရေဖြည့်၊ပန်းတစ်ပွင်လှူ
ရင်းတောင်း၊လူ့ဘဝ နတ်ဘဝ ရနိုင်တယ်။
၎။ နိဗ္ဗာန်တော့ ဆုတောင်းမနေနဲ့ ဆုတောင်းရုံနဲ့
ဘယ်တော့မှမရဘူး။
၅။ လှူစရာပစ္စည်း ရင်းနှီးတောင်းခံလို့ရတာ လူချမ်းသာ နတ်ချမ်းသာ ၊ ကျင့်ကြံကြိုးကုတ်မှရတာ နိဗ္ဗာန် ချမ်းသာ ရွေးတတ်ကြပါစေ။
၆။ ဒီတရားမျိုးတွေဟာ တစ်သက်နှင့်တစ်ခန္ဓာ၊တစ်သံသရာနှင့် တစ်နားဆိုသလို အလွန်ကြားရခဲ့ နာရခဲ သော တရားလို့မှတ်ပါ။
၇။ ခန္ဓာဘုရားက ဗောဓိပင်နှင့် ရွှေပလ္လင်ပေါ်မှာ တက်ထိုင်တယ်၊ဉာဏ်တော်ဘုရားက ဝေဒနာနဲ့ တဏှာ ကြားမှာပွင့်တယ်။
၈။ ခန္ဓာနဲ့ နိဗ္ဗာန်ဟာ အင်မတန်ဝေးတယ်၊ခန္ဓာမရှိတာ နိဗ္ဗာန်မှတ်။
၉။ ဘဝကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘဝချုပ်ငြိမ်း ရုပ်သိမ်းအောင်လုပ်ပါ။
၁၀။ ဒီဘဝကနေ ဟိုဘဝကူးတယ်ဆိုတာ ၊ အသေ နဲ့ အသေချင်းလဲတာပါပဲ။
၁၁။ အိုရာကနေ နာရာမရောက်ခင် မဂ္ဂင်အလုပ် လုပ်ပါ။
၁၂။ အလကားနေသရွေ့ အမှားနဲ့ နေခြင်းမှတ်ပါ။
၁၃။ တရားနာတယ်ဆိုတာ မတရားတဲ့အလုပ် မလုပ်တဲ့အချိန်ပဲ။
၁၄။ သစ္စာတရားနာပါ ၊ နာမှသိမယ် ၊ သိမှကျင့်မယ်။
၁၅။ တရားနာရာမှာ ကုသိုလ်ရအောင် ဟောတဲ့ ဆရာသမားတစ်မျိုး၊ဒိဋ္ဌိကွာအောင် ဟောတဲ့ ဆရာသမား
ကတစ်မျိုးလို့ နှစ်မျိုးရှိတယ် ဆရာကောင်းရွေးတတ်ပါစေ။
၁၆။ တရားနာတာ တရားအားထုတ်တာ မိမိအရေးအစစ်။
၁၇။ ရက်ရာဇာ၊ပြဿဒါးရွေးမနေနဲ့၊သူတော်ကောင်းအလုပ် လုပ်နေတဲ့အချိန်ဟာ မင်္ဂလာ ရှိတဲ့အချိန်လို့
မှတ်လိုက်ပါ။
၁၈။ ကိစ္စမှန်သမျှဟာ မဂ်တား ဖိုလ်တား နိဗ္ဗာန်တားလို့မှတ်။
၁၉။ ဆုကြီးပန်မဟုတ်ရင် ပါရမီ မလိုပါဘူး သစ္စာတရားနာနိုင်ရင် တိဟိတ်ပါပဲ။
အရှင်ဉာဏဓဇ
No comments:
Post a Comment