၁။ ဒါနသီလက သာသနာပမှာလည်း ရှိတဲ့တရား၊ဝိပဿနာ
ကမှ သာသနာတွင်းတရား ကွဲကွဲပြားပြား သိပါစေ။
၂။ ကမ္မဿကတဉာဏ်ဆိုတာ ဘုရားမပွင့်လည်းရှိတယ်၊
အနတ္တတရားဆိုတာ ဘုရားပွင့်မှ ဟောတာ။
၃။ အမြဲ အိုရ နာရ သေရတဲ့ ဘဝတွေနဲ့ မအို မသေ
အမြဲနေတဲ့ နိဗ္ဗာန်မလဲနိုင်ဘူးလား။
၎။ သစ္စာသိဘို့ သိပ်အရေးကြီးတယ်၊သစ္စာဟော်မယ် တစ်နေ့
နံနက် လှံအချက် (၃၀၀)၊နေ့ခင် လှံအချက် (၃၀၀)၊ ည
လှံအချက် (၃၀၀)၊အထိုးခံရမယ်ဆိုရင် လှံအထိုးခံ၍
သစ္စာတရားနာပါ။
၅။ လှံအထိုးခံရ၍ တစ်ဘဝ တစ်ခါသေ၊သစ္စာမသိက
ဘဝများစွာ အခါခါသေ။
၆။ ကိလေသာ ချေးညှော်ရှိသော် အဝတ်၊သစ္စာဆိုးရေ
ဆိုး၍မရ။
၇။ သစ္စာသိလျှင် ခန္ဓာကိုယ်ရောင်း၍ လှူပါ၊ ခန္ဓာကိုယ်ပေါင်၍ လှူပါ၊
၈။ အသုံးတွေနဲ့ အနှုန်းတွေနဲ့ ယဉ်ကျေးအောင် ပြောကြသော်လည်း
ခင်ဗျာတို့မှာ မိမိကိုယ်မိမိကယ်တင်မယ့်အရေးက ဗလာဖြစ်နေတယ်။
၉။ သစ္စာမမြင်ဘဲ သောသပန် သကဒါဂါမ် အနာဂါမ်ဖြစ်ပြီပြောရင်မယုံပါနဲ့
မင်းသောက်ဖို့ ဆီးဖြူရွက်နဲ့ ရေထုပ်ခဲ့တယ် ဆိုတာမျို၊တိုင်တစ်လုံးမှမပါဘဲ
ဒိုင်းတွေ၊မျှားတွေ၊အမိုးတွေ မိုးတယ်ဆိုတာမျိုးပါ။
၁၀။ ပစ္စည်စု-ထိုက်သူဖို့၊ခန္ဓာပြုစု-မြေကျွေးဖို့။
၁၁။ အခု လက်ရှိ ခန္ဓာက ကံကပေးတဲ့ ဒုက္ခ၊နောင်ရလာမယ့် ခန္ဓာက ကိလေသာက
ပေးတဲ့ ဒုက္ခ။
၁၂။ သောက်ဆေး သောက်မှပျောက်မှာ၊သောက်ဆေးကို လိမ်းဆေး လုပ်တဲ့သဘော
တချို့လူတွေလိမ်းဆေးနဲ့ပဲသေသွားကုန်တယ်။
အရှင်ဉာဏဓဇ
No comments:
Post a Comment