Monday, September 3

မိုးကုတ်ဆရာတော်ဘုရားကြီး၏သံဝေဂဓမ္မတရားအစု(၁)

၁။ ငါသည်မုချသေရမည်၊အချိန်ပိုင်းသာလိုတော့သည်။
၂။ အဇ္ဇေဝ သုဝေဝ၊ယနေ့လား မနက်ဖြန်လားသေနိုင်ပါ၏။
၃။ ရခဲ့လှတဲ့လူ့ဘဝကို အလွဲသုံးစားနဲ့ အချိန်အလကား မဖြုန်းပါနဲ့။
၎။ မမျှော်လင့်ဘဲ ဗြုန်းခနဲ နာ လည်း နာနိုင်သည်။
၅။ မမျှော်လင့်ဘဲ ဗြုန်းခနဲ သေ လည်း သေနိုင်သည်။
၆။ ခန္ဓာကိုယ်က မွေးကတည်းက အသေဖက် တရစပ်ပြေးနေတယ်။
၇။ မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် ပိုနီးသွားပြီး။
၈။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲနှင့်
    ချောင်ခိုနေရင် လူဖြစ်ရှုံးပြီမှတ်။
၉။ အသေစောက ကိုယ်ကျိုး အနည်းကြီး နည်းပြီမှတ်။
၁၀။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရေက်ခင် မဂ္ဂင်အလုပ်
      မြန်မြန်လုပ်။
၁၁။ လူပြောသူပြော မယုံပါနဲ့ ခန္ဓာပြောတာသာ အယုံကြီးယုံလိုက်ပါ။
၁၂။ လူပြောယုံတော့သူများပါစပ်လမ်းဆုံးတယ်၊ခန္ဓာပြောတာယုံတော့မှသံသရာလမ်းဆုံးတယ်။
၁၃။ ရှေ့နောက်ခွဲတတ်ပါစေ သားရေး သမီးရေးနောက်ထား၊ကိုယ့်ကိုယ်ကို ကယ်တင်မယ့်အရေးရှေ့ထား။
၁၄။ ကိုယ်ကိုယ် သနားရင် ဝိပဿနာလုပ်ကြ၊ကိုယ့်ကိုယ်ကို မသနားရင် သားရေး သမီးရေး
      စီးပွားရေးလုပ်ကြ။
၁၅။ ဘုန်ကြီးက ပြောရက်လိုက်လေလို့ မလုပ်ပါနဲ့၊ခင်ဗျားတို့ အဖြစ်က ဆိုးလွန်းလို့ ဖော်ပြနေတာ။
၁၆။ ခင်ဗျားတို့မှာ ကိလေသာရေနစ်နေတာ လည်ပင်းရောင်နေပြီ သေခါနီးတွေက သေခါဝေးတွေအတွက်
      ပူမနေနဲ့။
၁၇။ ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်းတွေနဲ့ ဒီလိုမသိပြုံး ပြုံးနေသလောက် မသိပျော် ပျော်နေသ
      လောက် သေခါနီး အိပ်ရာညောင်စောင်းထက်မှာ မျက်ရည် ကျရပါလိမ့်မယ်။
၁၈။ တဏှာခိုင်းတိုင်းလုပ်တာသည် အရှက်မရှိလို့။
၁၉။ အဝိဇ္ဇာတဏှာကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၂၀။ ဒကာ ဒကာမတွေဟာ ကျွန်သဘောက်ပီပီ တဏှာခိုးတာ လုပ်နေတာပဲ။
၂၁။ တဏှာခိုင်းတာလုပ်ရင် သေရင် အပါယ်ရောက်ပြီ။
၂၂။ တဏှာအဖော်မလုပ်ပါနဲ့ ဉာဏ်အဖော်လုက်ပါ။
၂၃။ ဉာဏ်မပါလျှင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၂၄။ ကံစီမံတာက (၃၁)ဘုံ၊ဉာဏ်စီမံတာက (၃၁)ဘုံ အပြင်ဘက်။
၂၅။ ကံအမိ ကံအဖမှ ၊ ဉာဏ်အမိ ဉာဏ်အဖသို့ ပြောင်းပါ။
                                          
                                                      အရှင်ဉာဏဓဇ
                                     

No comments:

Post a Comment