Tuesday, September 4

မိုးကုတ်ဆရာတော်ဘုရားကြီး၏သံဝေဂဓမ္မတရားအစု(၂)

၁။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ဉာဏ်၏ အကျိုးဖြစ်တယ်။
၂။ အသေမဦးမီ ဉာဏ်ဦးမှ တော်တော့မည်။
၃။ ဉာဏ်ဦးစီးပြီး ဝိပဿနာ တရားအားထုတ်ပါ။
၎။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ဉာဏ်၏ ဝတ္တရားက
    အသေရှောင်တာ။
၅။ ကံစီမံတာ လူ့ဘုံ၊နတ်ဘုံ၊ဗြဟ္မာ့ဘုံ ၊ ဉာဏ်စီမံတာ နိဗ္ဗာန်။
၆။ အသက်ကြီးလေလေ ကံမွဲ ၊ ဉာဏ်မွဲလေလေမှတ်။
၇။ ကံမွဲတာက အရေးမကြီး၊ဉာဏ်မွဲလျှင် နိဗ္ဗာန်မရနိုင်၊သေခါနီး
    တွေက သေခါဝေးတွေအတွက် ပူတောင့် ပူပင်ဖြစ်မနေကြနဲ့။
၈။ နားကြီးကြီးနဲ့ တရားနာပါ၊နားကတရားနာ ဉာဏ်ကခန္ဓာလှည့်။
၉။ ခန္ဓာအရှိက ဖြစ်ပျက်၊ဉာဏ်အသိက မဂ်။
၁၀။ တရားနာရုံနှင့် မပြီး၊ခန္ဓာဉာဏ်စိုက်ပြီး အလုပ်လုပ်မှ ပြီးမယ်။
၁၁။ သက်တမ်း တို့ခေတ်မှာ ဉာဏ်ရှည်ကြီးတွေ မလိုက်ပါနဲ့
       ဉာဏ် (၃) ဆင့်နဲ့ မဂ်ရနိုင်တယ်။
၁၂။ (၁) ဖြစ်ပျက်မြင်အောင်ကြည့်တာ ယထာဘူတဉာဏ်၊
      (၂) ဖြစ်ပျက် မုန်းအောင်ကြည့်တာ နိဗ္ဗိန္ဒဉာဏ်။
      (၃) ဖြစ်ပျက် ဆုံးအောင်ကြည့်တာ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်၊ပစ္စဝေက္ခဏဉာဏ်၊ဒါ လမ်းတိုလိုက်တဲ့တရား။
၁၃။ ခန္ဓာအရှိ ဖြစ်ပျက်နဲ့ ဉာဏ်အသိမဂ် တကယ်သိအောင်လုပ်ပါ။
၁၄။ အလုပ်ပေးတရားဆိုတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင်လုပ်တာ။
၁၅။ ရှေ့ကအရှုခံတရားကို နောက်ကရှုဉာဏ်က လိုက်ရမယ်။
၁၆။ လောကီမဂ္ဂင် (၅)ပါးကို ရှုဉာဏ်တရားလို့ ခေါ်တယ်။
၁၇။ ရှုဉာဏ်တရားဆိုတာ၊အ မောဟ စိတ်ပါပဲ။
၁၈။ ခန္ဓာ (၅)ပါးဆိုတာ ဖောက်ပြန်၊ခံစား၊မှတ်သား၊ပြုပြင် သိဝိဉာဏ်ငါးအင် ခန္ဓာမှတ်။
၁၉။ ဘယ်ဗေဒင်မှ မယုံနဲ့၊ခန္ဓာက သူ့လမ်းသူပြေးနေတာ၊မနေ့ကထက် ဒီနေ့သေဖို့ တစ်ရက်ပိုနီး
      သွားပြီဆိုတာ အမှန်ဆုံးဘဲ။
၂၀။ ခင်ဗျားတို့က သူများပါးစပ် လမ်းဆုံးဆုံးနေတယ်၊ဟိုလူပြော ဟုတ်နိုးနိုး၊ဒီလူပြော ဟုတ်နိုးနိုး နဲ့
      လူ့ဝါဂွမ်းတွေပဲ။

                                                                                  အရှင်ဉာဏဓဇ


No comments:

Post a Comment